ဘိုကလေးမြို့ ရုပ်ဆိုင်ကျေးရွာရှိ ရတနာ မဉ္ဇူဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တက်ရောက်သင်ကြားနေသော အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသားများအား ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ အသစ်ဖွင့်လှစ်လိုက်သည့် ကျေးရွာအထက်တန်း ကျောင်းခွဲတွင် ပြောင်းရွှေ့သင်ကြားရန် ညွှန်ကြားခဲ့မှုကို လက်မခံနိုင်သောကြောင့် ကျောင်းနားထားသည့် ကျောင်းသားများ ပြန်လည်တက်ရောက်မည် ဆိုပါက ဘိုကလေးမြို့နယ်အတွင်း မည်သည့်ကျောင်းတွင်မဆို ကျောင်းအပ်လက်ခံမည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရမှ သိရသည်။
“ကျွန်တော်တို့ကတော့ ပြန်တက်မယ်ဆိုရင် လက်ခံပြီးသားပါ ကျောင်းတက်မယ်ဆိုရင် ဘိုကလေးမြို့နယ်အတွင်း ဘယ်ကျောင်းမှာတက်တက် လက်ခံပေးမှာပါ။ လောလောဆယ် အဆောက်အအုံ မရှိတဲ့အတွက် ဆရာတော်ကြီးကျောင်းမှာ ဆက်သင်ပေးမှာပါ။ ကျွန်တော်တို့ဘက်ကတော့ ကြိုဆိုမှာပါ။ အခုလောလောဆယ်မှာ ဆရာမတွေလည်း နောက်တစ်ရက် နှစ်ရက်လောက်ဆို ရောက်တော့မှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။
အဆိုပါ စာသင်ကျောင်းမှာ ယခုနှစ်မှ စတင်ပြီး အဆင့်မြှင့်လိုက်ခြင်း ဖြစ်သောကြောင့် ကျောင်းပြိုကွဲသွားမည် စိုးသော ကြောင့် ဘိုကလေးမြို့နယ်အတွင်း တခြားနေရာများကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းတွင်အပ်ထားပြီးလျှင် ကျောင်းတက်ရမည်ဖြစ်ကြောင်း၊ ယခုအခါတွင် ကျောင်းတက်မည်ဆိုပါက ဘိုကလေးမြို့နယ်အတွင်း မည်သည့်ကျောင်းတွင်မဆို လက်ခံမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ကြားရတာတော့ တိုင်းပညာရေးမှူးကြီး လာမယ်လို့ ကြားရပါတယ်။ တခြားကျောင်းတွေမှာ ကျောင်းပြောင်းအပ်လို့ ရမယ်ဆိုရင် အနီးဆုံးမှာရှိတဲ့ ဖျာပုံအပိုင်က ကျုံကြိုက်မှာကလည်း စာသင်ခန်း အခက်အခဲကြောင့်၊ ကျောင်းသားတွေလည်း များနေတာမို့ ဆရာမကြီးက လက်ခံလို့မရဘူး ပြောပါတယ်။ နောက်ပြီး ငွေရေးကြေးရေး အခက်ကြောင့် ဒီလိုကျောင်းမှာ လာတက်နေရတာဆိုတော့ ကျောင်းတွေမှာ သင်ရမှာဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မတို့ ကလေးတွေအနေမှာ ငွေပြတ်နေတဲ့ အချိန်ဆို ၅၀ တန် ငါးပိတစ်ဘူးနဲ့ ထမင်းသုံးလေးနပ် စားနေရတဲ့ဘဝမှာ ကိုယ့်ဘဝတူတွေချင်းမှာ နေနိုင်ပေမယ့် လူတန်းစားကွာဟမှုတွေကြားတော့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲလေးတွေ ရှိနေပါတယ်။ ကျွန်မတို့ဆီမှာ အရင်က နားလည်မှုနဲ့ ငွေကြေးယူပြီးသင်တဲ့ ကလေးတွေ ရှိပေမယ့် အခုဖြစ်သွားတဲ့ ကိစ္စကြောင့် အဲဒီကလေးတွေကိုလည်း အကုန်တန်းတူပဲ ထားလိုက်ပြီး၊ ဒီတစ်နှစ်တာလေးမှာ ကလေးတွေ ပညာရေး ခါးလယ်က ဖြတ်လိုက်သလို ဖြစ်သွားမှာစိုးလို့ ငွေကြေးမယူဘဲ ကျွန်မတို့အနေနဲ့ ပညာဒါနလေး လုပ်ဆောင်သွားချင်တာပါ” ဟု ဆရာမတစ်ဦးဖြစ်သူ ဒေါ်မေရီစိုးက ပြောကြားသည်။
အဆိုပါ ဆရာမ၏အိမ်တွင် ရုပ်ဆိုင်ကျေးရွာရှိ အ.ထ.က (၃) ထ (ခွဲ) ကျောင်းသို့ မတက်ရာက်နိုင်သော ကျောင်းသား ၉၂ ဦး ရောက်ရှိနေကြောင်း၊ ၎င်းတို့ထဲမှ နဝမတန်း တက်ရောက်နေသူ ၁၉ ယောက်၊ တက္ကသိုလ်ဝင်တန်း တက်ရောက်နေသည့် နှစ်တက်ကျောင်းသား ၄၁ တို့ပါရှိပြီး။ ၎င်းတို့မှာ စာမေးပွဲဖြေဆိုရရှိရန် ခက်ခဲနေကြောင်း၊ ထို့ပြင် နယ်ဝေးသို့ ပြန်သွားကာ ကျောင်းဆက် မတက်တော့သည့် ကျောင်းသားဦးရေ ၈၀ ခန့်လည်း ရှိသေးကြောင်း ဆက်လက်သိရသည်။
ဘိုကလေးမြို့တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ အထက်တန်းအဆင့် ကျောင်းသားများ အစိုးရကျောင်းသို့ ပြောင်းရွှေ့ခိုင်းမှုအပေါ်၊ လက်မခံနိုင်၍ ကျောင်းနားခဲ့သော ကျောင်းသားများအား ဘိုကလေးမြို့ရှိ မည်သည့်ကျောင်းတွင်မဆို လက်ခံမည်ဟုဆို









