၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦးအနက် ပယ်ချခံရသူ ရှစ်ဦးအထိရှိလာကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်တွင် ပယ်ချခံရသည့် NLD ကိုယ်စားလှယ်လောင်း နှစ်ဦးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မိုးနဲ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းထားသည့် ဦးခင်မောင်ဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မဲဆန္ဒနယ်အမှတ် (၁၀) တွင် ဝင်ပြိုင်မည့် ဦးယဉ်မျိုး (ခ) ရွှင်ကောင်းတို့ဖြစ်ပြီး ယင်းနှစ်ဦးမှာ ရွေးကောက်ပွဲဥပဒေ ၁၀ (င) နှင့် ငြိစွန်းသဖြင့် ပယ်ချခံရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ပယ်ချခံရသည့် NLD ကိုယ်စားလှယ်လောင်းများနှင့်ပတ်သက်၍ ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄)နေရာတွင် ဝင်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ဦးနောင်နဂျာတန်နှင့် တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁)မှ ဦးဇော်ထန်တို့ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးတွင် ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၁) နေရာတွင် ဝင်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်နှင့် ရှမ်းတိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းကျော် (ခ) ဦးကျော်ဇောတို့မှာလည်း ပယ်ချခံရကြောင်း သတင်းရရှိသည်။
ကယားပြည်နယ်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၀) တွင် ဝင်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် NLD ကိုယ်စားလှယ်လောင်း ဦးဖြိုးဝေအောင်အပါအဝင် ရခိုင်ပြည်နယ်တွင်လည်း ပြည်နယ်လွှတ်တော် မောင်တောမဲဆန္ဒနယ် (၂) တွင် ဝင်ပြိုင်မည့် ဦးထွန်းမင်းစိုးတို့မှာလည်း ပယ်ချခံရကြောင်း သိရသည်။
ပယ်ချခံရသည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ “မတရားအသင်းနဲ့ ဆက်သွယ်လို့ဆိုပြီးပါတယ်။ အသက်မပြည့်တာရှိတယ်။ အပယ်ခံရတာ။ နောက်တစ်ခုက မွေးဖွားချိန်တုန်းက မိဘနှစ်ပါးက နိုင်ငံသား မဟုတ်ဘူးဆိုပြီးတော့ ရှိတယ်။ နောက်တစ်ခုက ပြည်တွင်းမှာ ၁၀ နှစ် တစ်ဆက်တစ်ဆက်တည်း မနေဘူးဆိုပြီးတော့ရှိတယ်။ ၁၀ နှစ် တစ်ဆက်တစ်ဆက်တည်း မနေဘူးဆိုတာကလည်း ဥပဒေကတော့ အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ သွားတဲ့ဟာဆိုလို့ရှိရင် တစ်ဆက် တစ်ဆက်တည်း ဆက်ယူလို့ရတယ်လို့ပြောတယ်။ တချို့ကွာ ဗီဇာနဲ့သွားတယ်။ ပတ်စ်ပို့နဲ့ သွားတယ်။ ဒါဟာ အောက်လမ်းကသွားတာ မဟုတ်ဘူး။ အစိုးရ တရားဝင်ခွင့်ပြုချက်နဲ့ ပေါ်ပေါ်လွင်လွင် ဗီဇာနဲ့ပတ်စ်ပို့နဲ့ သွားတာပဲ”ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသူ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ပယ်ချခံရသူ ရှစ်ဦးအထိ ရှိလာ















