ဒီတစ်ပတ် ခရစ္စတယ်ပဲလေ့စ်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီး လက်ခံကစားရမယ့်ပွဲက နည်းပြ မော်ရင်ဟိုအတွက် အဓိပ္ပာယ်တွေ အများကြီးရှိနေပါတယ်။ ဒီပွဲမှာ မော်ရင်ဟိုရဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲ ၁၀၀ ပြည့်မှာဖြစ်သလို၊ စုစုပေါင်း ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်မြောက်မှာလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ အင်္ဂလန်ရဲ့ပွဲ ၂၀၀ ပြည့် နည်းပြတွေထဲမှာ အမှတ်အများဆုံး ယူနိုင်တဲ့နည်းပြဖြစ်လာဖို့ သေချာနေပြီး လွန်ခဲ့တဲ့ အိမ်ကွင်း ၉၉ ပွဲမှာလည်း ၇၆ ပွဲနိုင်ကာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ ရာပြည့်နှစ်ထပ်ကွမ်းပွဲမှာ ဒီရာသီ ပထမဆုံး အိမ်ကွင်းနိုင်ပွဲကို မော်ရင်ဟို ရှာနိုင်မလားဆိုတာ . . .။
နယူးကာဆယ် နှင့် အာဆင်နယ်(၂၉-၈-၂၀၁၅ စနေ ည ၆း၁၅)ယမန်နှစ်ရလဒ် နယူးကာဆယ် ၁-၂ အာဆင်နယ်နှစ်သင်းစလုံး အဖွင့်သုံးပွဲမှာ တစ်ပွဲပဲ ဂိုးသွင်းနိုင်ခဲ့ပြီး နှစ်ပွဲ ဂိုးပေါက်ပျောက်ခဲ့တယ်။ ဒါပေမဲ့ နယူးကာဆယ်အသင်းရဲ့ ခံစစ်က ပိုမို လျော့ရဲနေပါတယ်။ အဝေးကွင်းဆိုပေမယ့် အာဆင်နယ် ကပ်နိုင်ဖို့ များပါတယ်။ချယ်လ်ဆီး နှင့် ခရစ္စတယ်ပဲလေ့စ်(၂၉-၈-၂၀၁၅ စနေ ည ၈း၃၀)ယမန်နှစ်ရလဒ် ချယ်လ်ဆီး ၁-၀ ပဲလေ့စ်ချယ်လ်ဆီး အဝေးကွင်းမှာ နိုင်ပွဲရှာတွေ့ခဲ့ပေမယ့် သုံးပွဲ၊ ခုနစ်ဂိုး ပေးခဲ့ရတဲ့ ခံစစ်ပိုင်းကတော့ ပြဿနာရှိနေတယ်။ ပဲလေ့စ်ကလည်း တိုက်စစ်ကောင်းလို့ ချယ်လ်ဆီး အပြန်အလှန် ဂိုးသွင်းပြီးမှ နိုင်လိမ့်မယ်။ဘုန်းမောက် နှင့် လက်စတာ(၂၉-၈-၂၀၁၅ စနေ ည ၈း၃၀)နောက်ဆုံးတွေ့ဆုံမှု ဘုန်းမောက် ဝ-၁ လက်စတာဝက်စ်ဟမ်းကို လေးဂိုးသွင်းပြီး နိုင်ခဲ့တဲ့ ဘုန်းမောက်ကို ချီးကျူးရမှာဖြစ်ပေမယ့် ဒါကို ပုံမှန်ခြေစွမ်းလို့တော့ ယူဆလို့မရပါဘူး။ ခြေစွမ်းပြနေတဲ့ မာရက်ဇ်ရဲ့တောင်ပံတိုက်စစ်နဲ့ လက်စတာ နိုင်ပွဲရှာတွေ့ဖို့ များပါတယ်။အက်စတွန်ဗီလာ နှင့် ဆန်းဒါးလန်း(၂၉-၈-၂၀၁၅ စနေ ည ၈း၃၀)ယမန်နှစ်ရလဒ် ဗီလာ ဝ-၀ ဆန်းဒါးလန်းမန်ယူ၊ ပဲလေ့စ်တို့ကို ကပ်ရှုံးခဲ့ပေမယ့် ဗီလာကစားပုံ မညံ့တာတွေ့ရတယ်။ ဆန်းဒါးလန်းကတော့ နိုင်ပွဲမရသေးသလို၊ အသင်းရဲ့ ခံစစ်ပိုင်းလည်း အထိုင်မကျသေးဘူး ဖြစ်နေတယ်။ ဗီလာကိုပဲ ရွေးချယ်ထားရမယ်။ မန်စီးတီး နှင့် ဝက်ဖို့ဒ်(၂၉-၈-၂၀၁၅ စနေ ည ၈း၃၀)နောက်ဆုံးတွေ့ဆုံမှု မန်စီးတီး ဝ-၀ ဝက်ဖို့ဒ်မန်စီးတီးက အဖွင့်သုံးပွဲကို နိုင်ပွဲနဲ့ Clean Sheet တွဲယူခဲ့တယ်။ ဝက်ဖို့ဒ်လည်း သရေသုံးပွဲကစားပြီး ရှုံးပွဲမရှိသေးပါဘူး။ ခံစစ်ပိုင်းကလည်း နှစ်ပွဲဆက် Clean Sheet ရခဲ့တယ်။ ဒါပေမဲ့ အီတီဟတ်မှာတော့ ဝက်ဖို့ဒ် ခံကန်နိုင်ဖို့ မရှိဘူး။ မန်စီးတီးဂိုးပြတ်နိုင်မှာပါ။ စတုတ်စီးတီး နှင့် ဝက်စ်ဘရွန်း(၂၉-၈-၂၀၁၅ စနေ ည ၈း၃၀)ယမန်နှစ်ရလဒ် စတုတ်စီးတီး ၂-၀ ဝက်စ်ဘရွန်းနွေရာသီပြင်ဆင်မှု ကောင်းပေမယ့် ပွဲကျပ်တွေနဲ့အစပြုခဲ့ရလို့ စတုတ်စီးတီး နိုင်ပွဲမရသေးပါဘူး။ ဒါပေမဲ့ ကစားပုံတော့ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတယ်။ ဝက်စ်ဘရွန်းကတော့ ဘီရာဟီနိုအပြောင်းအရွှေ့နဲ့ပဲ လုံးပန်းနေတယ်။ စတုတ်စီးတီး နိုင်ပွဲစရမှာပါ။ လီဗာပူးလ် နှင့် ဝက်စ်ဟမ်း(၂၉-၈-၂၀၁၅ စနေ ည ၈း၃၀)ယမန်နှစ်ရလဒ် လီဗာပူးလ် ၂-၀ ဝက်စ်ဟမ်းလီဗာပူးလ် ခံစစ်ပိုင်းပုံစံကောင်း ပြသနေပေမယ့် တိုက်စစ်ပိုင်းကတော့ ဂိုးရဖို့ ရုန်းကန်နေရတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းက အန်ဖီးလ်မှာလာကစားတဲ့ လိဂ်ပွဲ ၄၂ ပွဲမှာ နိုင်ပွဲ တစ်ပွဲမှမရှိခဲ့ဘဲ ၃၁ ပွဲအထိ ရှုံးတဲ့အသင်းဖြစ်နေတယ်။ လီဗာပူးလ်ကိုပဲ ရွေးချယ်ရမယ်။ စပါး နှင့် အဲဗာတန်(၂၉-၈-၂၀၁၅ စနေ ည ၁၁း၀၀)ယမန်နှစ်ရလဒ် စပါး ၂-၁ အဲဗာတန်စပါးအသင်း နိုင်ပွဲမရသေးသလို၊ တိုက်စစ်မှူး ဟာရီကိန်းလည်း ဂိုးပေါက် ပျောက်နေတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ခေတ်တစ်လျှောက် စပါးနိုင်ပွဲ အများဆုံး(၂၂ ပွဲ) ရတာ အဲဗာတန်ကိုဖြစ်ပြီး ဂိုးလည်း ၆၆ ဂိုးနဲ့ အများဆုံးသွင်းခဲ့တယ်။ စပါးနိုင်ပွဲပြန်ရဖို့ များတယ်။ ဆောက်သမ်တန် နှင့် နောဝစ်ချ်(၃၀-၈-၂၀၁၅ တနင်္ဂနွေ ည ရး၀၀)နောက်ဆုံးရလဒ် ဆောက်သမ်တန် ၄-၂ နောဝစ်ချ်ဆောက်သမ်တန်က နိုင်ပွဲရဖို့ ရုန်းကန်နေရတယ်။ အထူးသဖြင့် ကွင်းလယ်ပိုင်း အထိုင်သစ်နဲ့ အသားမကျသေးတာ တွေ့ရတယ်။ ဒါပေမဲ့ အိမ်ကွင်းဆိုရင် ပယ်လေ၊ မာနေတို့ ခြေစွမ်းပြတတ်လို့ နောဝစ်ချ်ရှုံးဖို့ များတယ်။ ဆွမ်ဆီး နှင့် မန်ယူ(၃၀-၈-၂၀၁၅ တနင်္ဂနွေ ည ၉း၃၀)ယမန်နှစ်ရလဒ် ဆွမ်ဆီး ၂-၁ မန်ယူပြီးခဲ့တဲ့ ရာသီတွေ့ဆုံမှုမှာ ဆွမ်ဆီးက မန်ယူကို နှစ်ကျော့စလုံး အနိုင်ကစားခဲ့တယ်။ ဒီရာသီမှာလည်း မွန်တဲရိုး၊ အာယူး၊ ဂိုမစ်တို့ နဲ့ တိုက်စစ်ပိုင်း ထက်မြက်နေလို့ ဆွမ်းဆီကို မန်ယူ သတိထားရမယ်။ ဒါပေမဲ့ ဒီရာသီ မန်ယူရဲ့ ဂိုးပေါက်ခြိမ်းခြောက်ခံရတာ ငါးကြိမ်ပဲရှိပြီး ပရီးမီးယားလိဂ်မှာ အနည်းဆုံးဖြစ်နေတယ်။ ကွင်းလယ်ကစားကွက် အသာနဲ့ကစားမယ့် မန်ယူ ဒီပွဲကို မရှုံးနိုင်ပါဘူး။
ဒီရာသီမှာ မော်ရင်ဟို အိမ်ကွင်းနိုင်ပွဲစရှာရမယ့် ရက်သတ္တပတ်
Most Read
Most Recent
9 hours ago
9 hours ago
9 hours ago
9 hours ago
9 hours ago
9 hours ago