AFF အကောင်းဆုံးဆုပေးပွဲတွင် မြန်မာနိုင်ငံက ဆုအချို့၌ ပဏာမစာရင်းပါဝင်နေပြီး အကောင်းဆုံးလူငယ်ဘောလုံးသမားဆုရရှိရန် တိုက်စစ်မှူးအောင်သူ ရေပန်းအစားဆုံးဖြစ်နေ

AFF အကောင်းဆုံးဆုပေးပွဲတွင် မြန်မာနိုင်ငံက ဆုအချို့၌ ပဏာမစာရင်းပါဝင်နေပြီး အကောင်းဆုံးလူငယ်ဘောလုံးသမားဆုရရှိရန် တိုက်စစ်မှူးအောင်သူ ရေပန်းအစားဆုံးဖြစ်နေ
Published 22 August 2015

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က ကြီးမှူးကျင်းပမည့် AFF Awards Night 2015 ကို သြဂုတ် ၂၂ ရက် (ယနေ့)ညပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel ဟိုတယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံက ဆုအချို့အတွက် ပဏာမစာရင်း၌ ပါဝင်နေကြောင်း သိရသည်။ ပဏာမစာရင်းတွင်ပါဝင်နေသည့်ဆုများ အနက် မြန်မာ ယူ-၂၀ တိုက်စစ်မှူးအောင်သူမှာ အကောင်းဆုံးလူငယ်ဘောလုံးသမားဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။ 
 
AFF သည်  ယင်းဆုပေးပွဲတွင် ဆု ၁၈ ခု ချီးမြှင့်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် မျှော်မှန်းထားသည့် ဆုသုံးခုစလုံးတွင် ပဏာမစာရင်း၌ ပါဝင်လာခြင်း ဖြစ်သည်။ အကောင်းဆုံးလူငယ်ကစားသမားဆုအတွက်မူ အောင်သူမှာ ရေပန်း အစားဆုံးဖြစ်နေပြီး အာဆီယံဒေသတွင်းအသင်းများအနက် မြန်မာ ယူ-၂၀ အသင်းသာ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ၎င်းင်းမှာလည်း ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည်။
 
မြန်မာ ယူ-၂၀ အသင်းသည် ယူ- ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သွင်းဂို နှစ်ဂိုးရရှိခဲ့ပြီး အောင်သူမှာ အိမ်ရှင်နယူးဇီလန်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်းအား ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိစေရန် စွမ်းဆောင်ပေးခဲ့သည့် ဂျာမန်လူမျိုးနည်းပြ ဂတ်ဖရိုင်းဒရစ်မှာမူ အကောင်းဆုံး အမျိုးသားအသင်း နည်းပြဆုအတွက် ပဏာမစာရင်းတွင် ပါဝင်လာခဲ့သော်လည်း ထိုင်းလက်ရွေးစင်အသင်းနည်းပြချုပ် ကိုင်တီဆက်နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။
 
ကိုင်တီဆက်သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း ဆူဇူကီး ပြိုင်ပွဲ၌ ချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို အာရှအားကစားပြိုင်ပွဲ တွင်လည်း ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ အကောင်းဆုံးဘောလုံးအဖွဲ့ချုပ်ဆုအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ ပဏာမစာရင်းတွင် ထပ်မံပါဝင်လာခဲ့ကြောင်း သိရသည်။
AFF သည် အကောင်းဆုံးဆုပေးပွဲကို နှစ်çနှစ် တစ်ကြိမ် ပြုလုပ်နေခြင်း ဖြစ်ပြီး  ကျော်ဇေယျာဝင်း၏ သွင်းဂိုးမှာလည်း ဆူဇူကီးဖလားပြိုင်ပွဲ၏ အကောင်းဆုံးဂိုး ပဏာမစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။