မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဆားဘီးယားလူမျိုး အေဗရာမိုဗစ်အား ၁၇ လ သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ MFF သည် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက အေဗရာမိုဗစ်အား စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး MFF အထွေထွေအတွင်းရေးမှူး ဦးတင်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
MFF သည် မိုဗစ်အား ၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်အထိရှိနေမည့် စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် အသင်း၏ နည်းပြချုပ်အဖြစ် ဆက်လက် တာဝန်ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြအဖွဲ့ကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်၊ ဂိုးနည်းပြအဖြစ် ဦးအောင်ကျော်ကျော်တို့အား တာဝန်ပေးအပ်သွားမည်ဖြစ်သည်။ ဦးကြည်လွင်သည် ပြီးခဲ့သည့် (၂၈) ကြိမ်မြောက် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ အသင်းအား ဗိုလ်လုပွဲရောက်ရှိစေရန် စွမ်းဆောင်ပေးခဲ့သည့် နည်းပြတစ်ဦးဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြအဖြစ် ထပ်မံတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ဦးအောင်ကျော်ကျော်မှာမူ ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်း၏ ဂိုးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် စက်တင်ဘာလအတွင်း၌ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သြဂုတ်လ နောက်ဆုံးပတ်တွင် ယူအေအီး လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားကြောင်း သိရသည်။
အေဗရာမိုဗစ်သည် စင်ကာပူလက်ရွေးစင်အသင်းကို အောင်မြင်မှုများစွာရရှိအောင် စွမ်းဆောင်ပေးခဲ့သော်လည်း မြန်မာအသင်းကိုမူ အဓိကပြိုင်ပွဲများ၌ အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။
ဆားဘီးယားလူမျိုးနည်းပြ အေဗရာမိုဗစ်ကို MFF ၁၇ လ သက်တမ်းတိုးစာချုပ်ခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်အား ခန့်အပ်









