ငြိမ်းချမ်းအောင်၏ ဒူးဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်သော်လည်း (၇)လခန့် ထပ်မံအနားယူရဖွယ်ရှိ

ငြိမ်းချမ်းအောင်၏ ဒူးဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်သော်လည်း (၇)လခန့် ထပ်မံအနားယူရဖွယ်ရှိ
Published 7 July 2015

မြန်မာ ယူ-၂၀ ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်၏ ဒူးဒဏ်ရာကို ဇူလိုင်(၆)ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။
 
အဆိုပါ ခွဲစိတ်ကုသမှုသည် (၂)နာရီကြာမြင့်ခဲ့ပြီး အောင်မြင်ခဲ့သော်လည်း ငြိမ်းချမ်းအောင်အနေဖြင့် (၇)လခန့် ထပ်မံအနားယူရန် လိုအပ်ကြောင်း သိရသည်။ ငြိမ်းချမ်းအောင်သည် မြန်မာယူ- ၂၀ အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး မြန်မာအသင်း ယူ-၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရာတွင် ခြေစွမ်းပြခဲ့သူများထဲမှ တစ်ဦးဖြစ်သည်။ သို့သော် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲတွင် ဒဏ်ရာရရှိခဲ့သောကြောင့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ငြိမ်းချမ်းအောင်အနေဖြင့် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
 
မြန်မာယူ-၂၀ အသင်းကစားသမား ငြိမ်းချမ်းအောင်၏ ဒဏ်ရာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က အကုန်အကျခံကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံသို့ ပို့ဆောင်၍ ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent