ဆီးဂိမ်းစ်ဗိုလ်လုပွဲလက်မှတ် ဈေးမြှင့်ရောင်းချခဲ့ခြင်းအတွက် ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ကော်မတီက စုံစမ်းလျက်ရှိ

ဆီးဂိမ်းစ်ဗိုလ်လုပွဲလက်မှတ် ဈေးမြှင့်ရောင်းချခဲ့ခြင်းအတွက် ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ကော်မတီက စုံစမ်းလျက်ရှိ
Published 25 June 2015

ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီသည် ပြီးခဲ့သည့် (၂၈) ကြိမ်မြောက် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ လက်မှတ်များကို ဈေးမြှင့်ရောင်းချ ခဲ့ခြင်းအတွက် စုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စင်ကာပူနိုင်ငံ ပင်နီဆူလာ ပလာဇာရှိ ရွှေမြန်မာအဖွဲ့သည် ဗိုလ်လုပွဲလက်မှတ်စောင်ရေ ၂၀၀၀ ကျော်ကို ဈေးတိုးမြှင့် ရောင်းချခဲ့ခြင်းကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ စုံစမ်းမှုခံနေရပြီး လက်မှတ် ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်းအပေါ် သက်ဆိုင်ရာ အာဏာပိုင်များနှင့်အတူ ပြန်လည် သုံးသပ်လျက်ရှိကြောင်း Channel News Asia မှ ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း ပွဲစဉ်များကို မြန်မာပရိသတ်များ၏ စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး ပွဲစဉ်အချို့၌ လက်မှတ်ဝယ်ယူမှု အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်းစ်ဗိုလ်လုပွဲသို့ ရှစ်နှစ်အကြာမှ ပြန်လည်တက်ရောက် နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုင်းအသင်းနှင့် ကစားခဲ့သည့် ဗိုလ်လုပွဲတွင် ပရိသတ် ၃၀၀၀၀ ဝန်းကျင်ခန့် ကြည့်ရှုခဲ့သည်။

Most Read

Most Recent