(၂၈) ကြိမ်မြောက် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက်က ကျင်းပ၊ ထိုင်းအသင်း နိုင်ငံအလိုက် ပထမရရှိပြီး မြန်မာအသင်း အဆင့်ခုနစ်နေရာသာ ရပ်တည်နိုင်ခဲ့

(၂၈) ကြိမ်မြောက် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက်က ကျင်းပ၊ ထိုင်းအသင်း နိုင်ငံအလိုက် ပထမရရှိပြီး မြန်မာအသင်း အဆင့်ခုနစ်နေရာသာ ရပ်တည်နိုင်ခဲ့
Published 17 June 2015

စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၈) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ပိတ်ပွဲအခမ်းအနားသို့ စင်ကာပူနိုင်ငံ သမ္မတ Mr. Tony Tan Keng Yam နှင့် ထိပ်တန်းတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်နိုင်ငံများမှ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် စတင်ခဲ့ပြီး ပရိသတ်များ ကွင်းလုံးပြည့်နီးပါး လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ အခမ်းအနားတွင် တေးသီချင်းများဖြင့် ဖျော်ဖြေမှု၊ နည်းပညာမြင့် ပြကွက်များဖြင့် တင်ဆက်မှုများ ပါဝင်ခဲ့ပြီး ပြိုင်ပွဲ၌ ထည့်သွင်းကျင်းပခဲ့သည့် အားကစားနည်း ၃၆ မျိုး ကိုယ်စားပြု မီးရှူးတိုင် ၃၆ ခုအား မီးထွန်းညှိပြီးနောက် ၂၀၁၇ ပြိုင်ပွဲအိမ်ရှင် မလေးရှားနိုင်ငံအား ဆီးဂိမ်းစ်အလံ လွှဲပြောင်းပေးအပ်ခဲ့သည်။ စင်ကာပူ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း ၃၆ မျိုးမှ ပြိုင်ပွဲအမျိုးအစား စုစုပေါင်း ၄၀၂ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ထိုင်းအသင်းက ရွှေတံဆိပ် အများဆုံးဖြင့် နိုင်ငံအလိုက် ဆုရရှိမှုစာရင်းတွင် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ထိုင်းအသင်းသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် နိုင်ငံအလိုက် ပထမနေရာကို (၁၃) ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ နိုင်ငံအလိုက် ပထမနေရာကို တစ်ကြိမ်မှ မရဖူးသည့် အိမ်ရှင်စင်ကာပူက ဒုတိယနေရာနှင့်သာ ကျေနပ်ခဲ့ရပြီး ၎င်းတို့၏နောက်တွင် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်၊ မြန်မာတို့ အစဉ်လိုက် ရပ်တည်နေသည်။ မြန်မာအသင်းသည် ၂၀၁၃ ပြိုင်ပွဲတွင် ရွှေ ၈၄ ခုအထိ ရယူနိုင်ခဲ့သော်လည်း ယခုပြိုင်ပွဲတွင် ရွှေ ၁၂ ခုသာ ရရှိခဲ့ကြောင်း သိရသည်။
 
ပြိုင်ပွဲအပြီး နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု
နိုင်ငံ
ရွှေ
ငွေ
ကြေး
စုစုပေါင်း
ထိုင်း
၉၅
၈၃
၆၉
၂၄၇
စင်ကာပူ
၈၄
၇၃
၁၀၂
၂၅၉
ဗီယက်နမ်
၇၃
၅၃
၆၀
၁၈၆
မလေးရှား
၆၂
၅၈
၆၆
၁၈၆
အင်ဒိုနီးရှား
၄၇
၆၁
၇၄
၁၈၂
ဖိလစ်ပိုင်
၂၉
၃၆
၆၆
၁၃၁
မြန်မာ
၁၂
၂၆
၃၁
၆၉
ကမ္ဘောဒီးယား



၁၅
လာအို
-

၂၅
၂၉
ဘရူနိုင်း
-



တီမော
-



 

Most Read

Most Recent