ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် တိုင်းရင်းသားလူမျိုး ရှစ်ဦးအား ထပ်မံခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် တိုင်းရင်းသားလူမျိုး ရှစ်ဦးအား ထပ်မံခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့
Published 30 March 2015

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် တိုင်းရင်းသားလူမျိုး ရှစ်ဦးအား အဖွဲ့ဝင်များအဖြစ် ထပ်မံခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့ထားကြောင်း သတင်းရသည်။အဆိုပါ သဝဏ်လွှာအား မတ် ၂၆ ရက် နေ့စွဲဖြင့် ပေးပို့ထားခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုး ရှစ်ဦးအား အဖွဲ့ဝင်များအဖြစ် ထပ်မံခန့်အပ်ရန်အတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရန်အတွက် ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။နိုင်ငံတော်သမ္မတ ပေးပို့သည့် တိုင်းရင်းသားလူမျိုး ရှစ်ဦးမှာ ဦးအင်ဇော်နော်၊ ဦးစိုင်းခမ်းဝင်း၊ ဦးစောဘလှိုင်၊ ဦးဟာကီး၊ ဒေါက်တာမောင်မောင်ကြည်၊ ဦးစိုင်းနွံတောင်း၊ ဦးစိုင်းထွန်းသိန်း၊ ဒေါက်တာစိုင်းစံဝင်းတို့ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား လက်ရှိတွင် ဥက္ကဋ္ဌအဖြစ် ဦးတင်အေးနှင့် အဖွဲ့ဝင်ခြောက်ဦးရှိကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးအား တာဝန်ခံ ကြီးကြပ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းလိုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။နိုင်ငံတော်သမ္မတက ပေးပို့သော တိုင်းရင်းသားလူမျိုးရှစ်ဦးအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ခန့်အပ်တာဝန်ပေးရန် ကိစ္စအပေါ် ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဧပြီ ၂ ရက် နောက်ဆုံးထားကာ အမည်စာရင်း ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent