လောက်ကိုင်ဖြစ်စဉ်သည် နိုင်ငံတော်အချုပ်အခြာအာဏာကိုထိပါးစေသည့် ဖြစ်စဉ်ဖြစ်သဖြင့် ဖုန်ကြားရှင်အဖွဲ့အား ပြတ်ပြတ်သားသား နှိမ်နင်းချေမှုန်းသွားမည်ဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြခဲ့သည်။ပြည်ထောင်စုလွှတ်တော်က အရေးကြီးအဆိုအဖြစ်အတည်ပြုခဲ့သည့် လောက်ကိုင်ဒေသဆိုင်ရာအဆိုနှင့်ပတ်သက်၍ ထောက်ခံဆွေးနွေးရာတွင် ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။လက်ရှိဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ် လောက်ကိုင်ဒေသဖြစ်စဉ်သည် မြန်မာနိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေသည့် ဖြစ်စဉ်ဖြစ်သည့်အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ထိခိုက်စေသည့်ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်၏အချုပ်အချာအာဏာကို ထိပါးစေသည့်ဖြစ်စဉ်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်တင့်ဆန်းကပြောကြားသည်။"ကျွန်တော်တို့တပ်မတော်သားများအနေနဲ့ ဒို့တာဝန်အရေးသုံးပါကို ထိပါးနှောင့်ယှက်လာရင် မြေပေါ်၊ မြေအောက် မည်သည့်ရန်သူမဆို ပြတ်ပြတ်သားသားနှိမ်နှင်းချေမှုန်းသွားမှာဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားလိုပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်သို့ ဗိုလ်မှူးချုပ်တင့်ဆန်းကပြောကြားသည်။ကိုးကန့်တိမ်းရှောင်အဖွဲ့သည် ၂၀၀၉ ခုနှစ်တွင် လောက်ကိုင်ဒေသ၌ မူးယစ်ဆေးဝါးနှင့် လက်နက်ထုတ်လုပ်မှုသတင်းများရရှိခဲ့သဖြင့် ဓာတ်ပုံအထောက်အထားများနှင့် စိစစ်မေးမြန်းခဲ့သော်လည်း ငြင်းဆိုခဲ့ပြီး စစ်ဆေးရန်စေလွှတ်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၄ ဦးအားသတ်ဖြတ်ခဲ့ရာမှ ပြဿနာ ဖြစ်ပွားပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု ဗိုလ်မှူးချုပ်တင့်ဆန်းကပြောကြားသည်။"ဖုန်ကြားရှင်အား လောက်ကိုင်ဒေသမှာ အာဏာရရှိခဲ့တာကိုမစွန့်လွှတ်လိုသဖြင့် ၂၀၁၃ ခုနှစ်ခန့်မှစတင်ပြီး အင်အားပြန်လည်စုစည်းတည်ဆောက်မှု သတင်းများရရှိခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ နယ်စပ်ဒေသမှ လူမျိုးတူနှင့် ယင်းတို့၏စစ်မှုထမ်းဟောင်းအချို့အပါအဝင် လောက်ကိုင်ဒေသသို့ ဝင်ရောက်ခဲ့မှုများရှိခဲ့ပါတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်တဲ့ ကြံ၊ လက်ဖက်၊ ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်သားအဖြစ် ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ လောက်ကိုင်ဖြစ်စဉ်အား အချုပ်အခြာအာဏာနှင့်သက်ဆိုင်တဲ့ကိစ္စဖြစ်ခြင်း၊ ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တိမ်းရှောင်အဖွဲ့သည် လောက်ကိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရအဖွဲ့ကိုဖြုတ်ချပြီး အာဏာသိမ်းရန်ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအစိတ်အပိုင်းတစ်ခုအပေါ် တိုက်ခိုက်လာခြင်းဖြစ်ရာ တပ်မတော်အနေနဲ့ လုံးဝလက်မခံနိုင်ကြောင်းနဲ့ လုံးဝလျှော့၍မရကြောင်း ပြောကြားလိုပါတယ်" ဟု ဗိုလ်မှူးချုပ်တင့်ဆန်းကတင်ပြသည်။ဖုန်ကြားရှင်အဖွဲ့သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအပြင် လောက်ကိုင်မြို့အတွင်းရှိ ပြည်သူလူထု၏ နေအိမ်အဆောက်အအုံများ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးရုံးနှင့် ပြည်သူ့ဆေးရုံ၊ နယ်ဘက်ဆိုင်ရာ အုပ်ချုပ်မှုအဆောက်အအုံများကိုလည်း ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
လောက်ကိုင်ဖြစ်စဉ်သည် နိုင်ငံတော်အချုပ်အခြာအာဏာကိုထိပါးစေသည့် ဖြစ်စဉ်ဖြစ်သဖြင့် ဖုန်ကြားရှင်အဖွဲ့အား ပြတ်ပြတ်သားသားနှိမ်နင်းချေမှုန်းသွားမည်ဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ လွှတ်တော်သို့တင်ပြ















