၂၀၁၅ ခုနှစ် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားအတွက် ဒီဇင်ဘာ ၂၄ ရက်မှစတင်ကာ အကြိုလေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်ရှုခံအခမ်းအနားတွင် နိုင်ငံတော်သမ္မတအား တပ်မတော် ကြည်း၊ ရေ၊ လေမှ ကိုယ်စားပြုအဖွဲ့များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားပြုအဖွဲ့များ၊ ကင်းထောက်အဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကိုယ်စားပြုအဖွဲ့များ စသည်ဖြင့် တက်ရောက်အလေးပြုကြမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတအား တပ်မတော်မှ တင့်ကားများ၊ သံချပ်ကာယာဉ်များမှလည်း တက်ရောက်အလေးပြုမည်ဖြစ်ကြောင်းသိရသည်။ ၂၀၁၅ ခုနှစ် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားသည် ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးကျင်းပမည့်အခမ်းအနားဖြစ်ကြောင်း သိရသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားများကျင်းပခဲ့ကြောင်း သိရသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဗိုလ်ရှုခံအခမ်းအနားကျင်းပရန် ရှိ မရှိမေးမြန်းခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ၏ သဘောထားအတိုင်းဖြစ်ကြောင်း ဖြေကြားခဲ့ကြောင်း သိရသည်။
လွတ်လပ်ရေးနေ့တွင်ကျင်းပတော့မည့် ဗိုလ်ရှုခံအခမ်းအနားသည် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်နောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ကာ ပြီးခဲ့သည့်ငါးနှစ်အတွင်း တပ်မတော်နေ့အခမ်းအနားများထက် ပိုမိုကြီးကျယ်ခမ်းနားဖွယ်ရှိကြောင်း သုံးသပ်မှုများအရသိရသည်။
ဗိုလ်ရှုခံအခမ်းအနားအတွက် အကြိုလေ့ကျင့်မှုစတင်
Most Read
Most Recent
3 hours ago