ရောင်နီပြောက်ကျားမည်ရှိ PDF အဖွဲ့က ၎င်းတို့ ဖမ်းမိသည့် ဝန်ထမ်းများကို ဓားဖြင့် သတ်ဖြတ်သည့် ရုပ်သံဖိုင် တယ်လီဂရမ် လူမှုကွန်ရက်တွင်ပျံ့နှံ့လျက်ရှိသည်။
အဆိုပါရုပ်သံဖိုင်မှာ ကြာမြင့်ချိန် သုံးမိနစ်နှင့် ၄၄ စက္ကန့်ရှိပြီး သတ်ဖြတ်ခံရသူမှာ စုစုပေါင်း ခုနစ်ဦးဖြစ်သည်။
ထိုသို့မသတ်ဖြတ်မီ ၎င်းတို့အား မြှုပ်နှံမည့်ဟုယူဆရသည့် မြေကျင်းတစ်ကျင်း အဝတွင် လက်ပြန်ကြိုးတုတ်၍ တန်းစီထိုင်ခိုင်းထားကာ ၎င်းတို့တစ်ယောက်ချင်းအား ဓားဖြင့် လှီးဖြတ် သတ်ဖြတ်မည့် PDF များက အဆင်သင့် စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။
ထို့နောက် ရောင်နီပြောက်ကျားအဖွဲ့မှ ခေါင်းဆောင်ဟုယူဆရသူက ဝန်ထမ်းများကို ကိုယ်ပိုင်အမှတ်များ လိုက်လံမေးမြန်းကာ ဖုန်းဖြင့် လိုက်လံရိုက်ကူးနေသည်ကိုတွေ့ရပြီး ထိုသို့မေးမြန်းမှုအပေါ် သတ်ဖြတ်ခံရမည့်သူတစ်ဦးက ၎င်း၏ ရာထူးမှာ ထွေအုပ်ဒုတိယဦးစီးမှူး ဖြစ်ကြောင်း ဖြေကြားသည်ကို တွေ့ရသည်။
ယင်းနောက် အဆိုပါခုနစ်ဦးကို တစ်ပြိုင်တည်း PDF ခုနစ်က ဓားဖြင့်လှီးဖြတ်ကာ သတ်ဖြတ်ပြီး မြေကျင်းထဲသို့ တွန်းချခဲ့ကာ ထိုသို့သတ်ဖြတ်နေချိန်တွင် ဘေးမှစောင့်ဆိုင်းရပ်ကြည့်နေသည့် PDF များလည်းရှိပြီး အနီးအနားတွင် ဖမ်းဆီခံထားရပြီး ထိုင်ခိုင်းထားသည့် လူတစ်ဦးကိုလည်းတွေ့ရသည်။
အထက်ပါကဲ့သို့ သတ်ဖြတ်ပြီးချိန်တွင် သတ်ဖြတ်သူများသည် လက်သုံးချောင်းထောင်ပြီး''မြေပြန့်ဒေသက ကျဆုံးသွားတဲ့ PDF ရဲဘော်များရဲ့ သွေးကျွေးကလဲ့စား၊ ကျွနု်ပ်တို့ ရောင်နီပျောက်ကျားတော်လှန်ရေး ရဲဘောများမှ တောင်တန်းဒေသနှင့် မြေပြန့်ဒေသ PDF ရဲဘော်များကျဆုံးမှုအတွက် စကစမှ စစ်ခွေး၊ ရဲခွေးများအား သူသေ ကိုယ်ရှင် အမြစ်ပြတ်သုတ်သင်ရှင်းလင်းသွားပါမည်ဟု သွေးသစ္စာပြုပါသည် မြေပြန့်မှတောင်တန်းဒေသအထိ စကစတပ်မှ စစ်ခွေးများအား ရောင်နီပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့မှ အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းသွားပါမည်ဟု ပြည်သူလူထုနှင့် NUG အမျိုးသားညီညွတ်ရေးအဖွဲ့အား လက်နက်ကိုင်၍ ကတိသစ္စာပြုပါသည် အရေးတော်ပုံအောင်ရမည်'' ဟု ကြွေးကြော်ခဲ့ကြသည်ကိုတွေ့ရသည်။
ထိုကဲ့သို့ သတ်ဖြတ်မှုသည် မည်သည့်ဒေသတွင် မည်သည့်ရက်က ဖြစ်ပွားခဲ့ကြောင်းတိတိကျကျမသိရှိရသေးသော်လည်း သတ်ဖြတ်ခံရသူထဲမှတစ်ဦးကို စစ်ဆေး မေးမြန်းစဉ်က မကျီးတုံရွာက ဒလန်ပြူးမောင်နှင့်အဆက်အသွယ်ရှိ မရှိ မေးမြန်းခဲ့သည်ကိုတွေ့ရသည်။
မကျီးတုံ (မန်ကျည်းတုံ) အမည်ဖြင့် ကျေးရွာသည် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင်ရှိသကဲ့သို့ ခင်ဦးမြို့နယ်တွင်လည်းရှိကြောင်းသိရသည်။
အွန်လိုင်းမီဒီယာအချို့၏ ယခင်သတင်းဖော်ပြချက်များတွင်ခင်ဦးမြို့နယ်၌ တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်သည့်ဖြစ်စဉ်များတွင် ရောင်နီပြောက်ကြားအဖွဲ့ပါဝင်ပြီးခင်ဦးမြို့ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ခင်ဦးမြို့နယ်ရှိ မန်ကျည်းတုံကျေးရွာတွင် ကျေးရွာသားများနှစ်ဖွဲ့ကွဲကာ လက်ရှိတွင် တပ်မတော်ထောက်ခံသူများသာ နေထိုင်သဖြင့် ယခုသတ်ဖြတ်ခံရသည့်ဖြစ်စဉ်သည် ခင်ဦးမြို့နယ်တွင် ဖြစ်ပွားသည့် အခြေအနေဖြစ်သည်။
ယခုဖြစ်စဉ်အား နိုင်ငံတကာနှင့် ပြည်ပအခြေစိုက် Exile media များတွင် ဖော်ပြခြင်း မရှိသေးသည်ကို တွေ့ရသည်။
နိုင်ငံတကာ သတင်းဌာနများတွင်လည်း လုံခြုံရေးတပ်ဖွဲ့က သတ်ဖြတ်မှုဖြစ်စဉ်များကိုသာ အသားပေးဖော်ပြပြီး Exile media များကလည်း PDF များ၏ အကြမ်းဖက်သတ်ဖြတ်မှုများကို ဖော်ပြလေ့မရှိဘဲ တဖက်သတ်သာ ရေးသားဖော်ပြလေ့ရှိသည်ကိုတွေ့ရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက် ပိုင်း နိုင်ငံတစ်ဝန်း သံဃာတော်များ၊ ကျန်း မာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံ ရေးပါတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများအပါအဝင် ဒလန်ဟု စွပ်စွဲသတ် ဖြတ်ခံရသူ ၆၃ဝဝ ကျော်ရှိပြီဖြစ်သည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူသည် ၄၁ဝဝ ကျော်ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်အသင်း(AAPP) ၏ စက်တင်ဘာ ၂၉ ရက် ထုတ်ပြန်မှုအရ သိရသည်။
သို့ရာတွင် AAPP ဘက်မှထုတ်ပြန် ထားသည့် စာရင်းများသည် အချက်အလက် ခိုင်မာမှုမရှိဘဲ ဖောင်းပွနေသည့် စာရင်းအ ချက်များဖြစ်ကြောင်း နစကဘက်က တုံ့ပြန် ထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက် ပိုင်း ပဋိပက္ခများအတွင် အထက်ပါနှစ်ဖက် စာရင်းများအရ အရပ်သားသေဆုံးမှုသည် တစ်သောင်းကျော်ရှိပြီဖြစ်သည်။















