ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း-ကျောက်ကြီး ဓာတ်အားလိုင်းနှင့် သာယာကုန်း-တောင်ငူ မဟာဓာတ်အားလိုင်းများတွင် ဓာတ်အားလိုင်းတိုင်များ မိုင်းဖောက်ခွဲခံရ

ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း-ကျောက်ကြီး ဓာတ်အားလိုင်းနှင့် သာယာကုန်း-တောင်ငူ မဟာဓာတ်အားလိုင်းများတွင် ဓာတ်အားလိုင်းတိုင်များ မိုင်းဖောက်ခွဲခံရ
Published 30 September 2023

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ နယ်တွင် ပဲနွယ်ကုန်း-ကျောက်ကြီး ဓာတ် အားလိုင်းနှင့် သာယာကုန်း-တောင်ငူ မဟာ ဓာတ်အားလိုင်းများတွင် ဓာတ်အားလိုင်း တိုင်များ မိုင်းဖောက်ခွဲခံရကြောင်း သိရသည်။

စက်တင်ဘာ ၂၆ ရက်ညပိုင်းတွင် ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာ အနီး အနန်းဘော်-ရွာသာယာ ကျေးရွာသွား လမ်းဘေးရှိ ပဲနွယ်ကုန်း-ကျောက်ကြီးသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အား လိုင်းတိုင်များအား KNU နှင့် PDF ပူးပေါင်း အဖွဲ့က ၃၃ုဠ ဓါတ်အားလိုင်း ၁၂ မီတာကွန် ကရစ်လျှပ်စစ် ဓာတ်အားလိုင်းတိုင် လေးတိုင် စင်နှစ်ခုနှင့် ၁၂ မီတာ ကွန်ကရစ်လျှပ်စစ် ဓာတ်အားလိုင်းတိုင် သုံးတိုင်စင်တစ်ခု တို့ တွင် အောက်ခြေတိုင်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ် ဆေးခဲ့ရာ ဓာတ်တိုင်ခြေရင်း၌ ယမ်းများ အ ပြည့်ထည့်ထား သည့် လက်လုပ်မိုင်းတစ် လုံး နှင့် အမြင့်တစ်ပေ ခြောက်လက်မခန့်၊ အဝ အကျယ် ခြောက် လက်မခန့် အဝါရောင်ကော် ပုံး အတွင်း ယမ်း များအပြည့်ထည့်ထားသည့် လက်လုပ်မိုင်းတစ်လုံးတို့အား ထပ်မံတွေ့ရှိရ သဖြင့် ရှင်းလင်းခဲ့ရကြောင်း သိရသည်။

 အလားတူ စက်တင်ဘာ ၂၇ ရက် နံနက် ပိုင်းတွင် ကျောက်တံခါးမြို့နယ်၊ ခိုလုံကျေး ရွာနှင့်ကျောက်တံခါးမြို့ကြားရှိ သာယာ ကုန်း- တောင်ငူအမှတ်(၂)မဟာဓါတ်အား လိုင်းတိုင်အမှတ်(၂၄၄) ၂၃၀ KW အား PDF များက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အဆိုပါတာဝါတိုင်၏ အောက်ခြေတိုင်သုံး တိုင် ကျိုးကျကာ POGW ကြိုးတစ်ချောင်း ပြတ်ကျ ပျက်စီးခဲ့ကြောင်း သိရသည်။

 အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အားလိုင်းတိုင်များအား ပြန် လည်ပြုပြင်နိုင်ရေးတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent