ဘက်တစ်က ဒီဟေးယားကို အတော်လေး စိတ်ဝင်စားဖူးတယ်။ သူတို့ဆီမှာ ဆေးလ်ဗားနဲ့ ဘရာဗိုလို ထိပ်တန်းဂိုးသမားနှစ်ဦးရှိပေမဲ့ ဒဏ်ရာပြဿနာကြောင့် ဘက်တစ်က ဒီဟေးယားကို မျက်စပစ်ခဲ့တာပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ အသက် (၂၉) နှစ်အရွယ် ဆေးလ်ဗားရော၊ အသက် (၄၀) အရွယ် ဘရာဗိုပါ ဒေါင်ဒေါင်မြည်သွားတယ်။ ဒီဟေးယားကို ထပ်ခေါ်ပြီး စီနီယာဂိုးသမား သုံးဦးထားရင် မိုက်မဲရာကျမယ်လို့ ဘက်တစ် တွေးမိပုံပဲ။ ဒီဟေးယားကို အားနာစွာပဲ ငြင်းပယ်လိုက်တယ်။ အသက် (၃၂) နှစ်အရွယ် ဒီဟေးယားကို အကောင်းဆုံးပုံစံ မရှိတော့ဘူးလို့ ယူဆသူတွေ အတော်များများ ရှိနေတယ်။ ဒါပေမဲ့ ဂိုးသမားတွေဟာ ဝိုင်လိုပဲ။ သက်တမ်းကြာလေ တန်ဖိုးရှိလေပဲ။ အရွယ်ရလာတဲ့အခါ နုပျိုစဉ်ကလောက် မဖျတ်လတ်ပေမဲ့ အတွေ့အကြုံနဲ့ ကစားတတ်လာတယ်။
■ အမြန်ဆုံး အဆင်ပြေပါစေ ဒီဟေးယား (Life)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။