ဂီမာရေ့စ်ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် နယူးကာဆယ် သဘောတူညီမှုရရှိခဲ့ပြီး ပေါင်သန်း(၁၀၀)တန် လျော်ကြေးစာချုပ်ပါဝင်

ဂီမာရေ့စ်ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် နယူးကာဆယ် သဘောတူညီမှုရရှိခဲ့ပြီး ပေါင်သန်း(၁၀၀)တန် လျော်ကြေးစာချုပ်ပါဝင်
Photo: Newcastle United
Photo: Newcastle United
Published 25 September 2023

နယူးကာဆယ်အသင်းသည် ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီး ပေါင်သန်း(၁၀၀)တန် လျော်ကြေးစာချုပ်လည်း ပါဝင်ကြောင်း သိရသည်။

နယူးကာဆယ်အသင်းသည် ဂီမာရေ့စ်(၂၅ နှစ်)ကို ၂၀၂၂ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် လိုင်ယွန်အသင်းထံမှ ပေါင်သန်း(၄၀)ဝန်းကျင်ဖြင့် ခေါ်ယူခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ (၄) နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့သည်။

၎င်းသည် နယူးကာဆယ်အသင်းတွင် အလျင်အမြန်အထိုင်ကျခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ရီးယဲလ်မက်ဒရစ်အပါအဝင် ထိပ်သီးအသင်းအချို့ ခေါ်ယူရန် စိတ်ဝင်စားသည့် ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။

ထို့ကြောင့် နယူးကာဆယ်အသင်းက လစာနှုန်းထားအသစ်ဖြင့် စာချုပ်သစ်ပြင်ဆင်ချုပ်ဆိုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနို၏ ဖော်ပြချက်အရ ယခုအခါ နယူးကာဆယ်အသင်းသည် ဂီမာရေ့စ်ကို ၂၀၂၈ ခုနှစ်အထိ  စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ကြောင်းနှင့် အသင်းမှ ထွက်ခွာလိုပါက လျော်ကြေးပေါင်သန်း(၁၀၀) ဖြင့် ထွက်ခွာခွင့်ပြုရန်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ဂီမာရေ့စ်သည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်၏ အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။