ထိုင်းနိုင်ငံ ပတ္တယား ကမ်းခြေမြို့တွင် မြန်မာစျေးဆိုင်များအား ထိုင်းရဲအယောင်ဆောင် ငွေလိမ်လည် တောင်းခံမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ပတ္တယား ကမ်းခြေမြို့တွင် မြန်မာစျေးဆိုင်များအား ထိုင်းရဲအယောင်ဆောင် ငွေလိမ်လည် တောင်းခံမှု ဖြစ်ပွား
ပုံ..Thai News
ပုံ..Thai News
Published 1 September 2023

ထိုင်းနိုင်ငံအရှေ့ပိုင်း ပတ္တယားကမ်းခြေမြို့တွင်  မြန်မာ့ထွက်ကုန်များရောင်းချသည့် မြန်မာစျေးဆိုင်များအား ထိုင်း ရဲအယောင်ဆောင်၍ ငွေလိမ်လည်မှု  ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုင်းရဲဟန်ဆောင်သူသည် မြန်မာထွက်ကုန်များရောင်းချသည့်  ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး တရားမဝင်ထုတ်ကုန်ပစ္စည်းများ တွေ့ရှိရကြောင်း၊ ထိုင်းကျန်းမာရေးဝန်ကြီးဌာန ခွင့်ပြုချက် အမှတ်တံဆိပ် မပါရှိ ဟုအကြောင်းပြကာ ဒဏ်ငွေ ဘတ် နှစ်သိန်း မှ သုံးသိန်း အထိ ပေးဆောင်ရနိုင်ကြောင်း ပြောဆို တောင်းခံခဲ့သည်ဟု ဆိုသည်။

စျေးဆိုင် ရောင်းချသူများသည် ကြောက်လန့်၍ ဘတ်ငွေ နှစ်သောင်း နှင့် လစဉ်ကြေး ၁၀၀၀ ဘတ်မှ ၂၀၀၀ ဘတ်ထိ ပေးဆောင်ရမည်ဟု ပြောဆိုကာ ပထမနေ့တစ်ရက်တွင် ဆိုင်ပေါင်း ၇ ဆိုင်အထိ လိမ်လည် တောင်းယူသွားကြောင်းသိရသည်။

ယခုကဲ့သို့ ထိုင်းရဲအယောင်ဆောင်၍ မြန်မာထုတ်ကုန်ရောင်းချသူများအား လိမ်လည်မှုဖြစ်စဉ်ကို စိတ်ပျက်အားမငယ်ဘဲ ထိုင်းနိုင်ငံရှေ့နေများကောင်စီ ၊လူ့အခွင့်ရေးကောင်စီတို့နှင့် တိုင်ကြားပြီး လှည့်ဖြားပြီးငွေကြေးတောင်ခံမှုတွေကိုတိုင်ကြားလျှင် ယခင်ထက်အရေးယူမှုများရှိလာနိုင်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“ထိုင်းနိုင်ငံအရှေ့ပိုင်း ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ဖြစ်တဲ့ပတ္တယားမြို့မှာ ဖြစ်တာပါ၊ဒီလိုမျိုး မြန်မာ အများအပြားရှိတဲ့နေရာမှာထိုင်းရဲအယောင်ဆောင်ပြီး ငွေညှစ်တောင်းခံတာပုံစံမျိုးစုံနဲ့လိမ်လည်လှည့်ဖြားပြီး တော့ မြန်မာ တွေပေါ်မှာ ATM ကတ်ပြားတွေလိုသဘောထားပြီး အနိုင်ကျင့်နေတာကြာပါပြီ၊ဒီဖြစ်ရပ်ကတော့ ပင်လယ်ကမ်းခြေမြို့မှာ လက်ရဲဇက်ရဲ အတင့်ရဲပြီးတော့ ဒီလူဟာ ထိုင်းရဲမဟုတ်ရင်တောင် ရဲနဲ့ဆက်စပ်သူလို့ သတင်းရရှိပါတယ်။ ဒီပေါ်မှာစိတ်ပျက်အားမငယ်ဘဲ ထိုင်းနိုင်ငံရှေ့နေများကောင်စီ ၊လူ့အခွင့်ရေးကောင်စီတို့နဲ့ တိုင်ကြားပြီးတော့ဒီလိုလှည့်ဖြားပြီးငွေကြေးတောင်ခံမှုတွေကို တိုင်ကြားမယ်ဆိုရင်အရင်ကထက် အရေးယူမှုတွေဖြစ်လာပါလိမ်မယ်” ဟု ဦးမိုးကြိုးက ပြောကြားသည်။

 

Most Read

Most Recent