■ အယ်လစ်ဆန်ကို ချစ်ခြင်းမေတ္တာနဲ့ ဖေးမခဲ့သူ (Life)

■ အယ်လစ်ဆန်ကို ချစ်ခြင်းမေတ္တာနဲ့ ဖေးမခဲ့သူ (Life)
Photo : Getty Images
Photo : Getty Images
Published 30 August 2023
AK

အယ်လစ်ဆန်ဟာ လီဗာပူးလ်ရဲ့ မဟာတံတိုင်းပဲ။ အဲဒီဘဝ မရောက်ခင်မှာ အယ်လစ်ဆန်က ကြောက်တတ်သူလေး၊ လူပုစိတ်တိုလေး။ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက အယ်လစ်ဆန်အသက် ၅ နှစ်ပဲ ရှိသေးတယ်။ ဘရာဇီးလ်နဲ့ နယ်သာလန် ဆီမီးဖိုင်နယ်ပွဲကို အိမ်မှာ မိသားစုတွေ အကုန်စုကြည့်ကြတယ်။ ပါတီတစ်ခုလိုပဲ ကိတ်မုန့်အကြီးကြီးတစ်လုံးလည်း ရှိနေတယ်။ ပွဲက အရမ်းမိုက်ခဲ့တယ်၊ ကျွန်တော်တို့ တစ်အိမ်သားလုံး စိတ်လှုပ်ရှားနေတယ်။ ကျွန်တော့်အဖေက အဆိုးဆုံးပေါ့။ ပယ်နယ်တီအဆုံးအဖြတ်မှာ တက်ဖာရယ်က လက်စွမ်းပြပြီးနောက် ကျွန်တော့်အဖေဟာ ပျော်မဆုံး၊ မော်မဆုံးပဲ။ ငါတို့ ဗိုလ်လုပွဲတက် သွားပြီ၊ ငါတို့ ဗိုလ်လုပွဲတက်သွားပြီဆိုပြီး အော်ဟစ်နေတယ်။ သူ့မျက်နှာမှာ ကိတ်မုန့်တွေ ပေကျံလို့နေတယ်။ အဖေဟာ အဲဒီလိုပဲ ဘောလုံးအပေါ် ရူးသွပ်ခဲ့ပါတယ်။ ဆယ်စုနှစ်နှစ်ခုကြာသွားတဲ့အခါမှာတော့ သူ့သားကိုယ်တိုင် ကမ္ဘာ့ဖလားမှာ ဝင်ကစားဖို့ ဖြစ်လာတယ်။

 

Most Read

Most Recent