တစ်လအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ရော်ဘာတန်ချိန် ၁၀၇၈၀ ကျော် တင်ပို့ခဲ့ပြီး ယခင်လထက် တန်ချိန် ၃၀၀၀ ကျော် တင်ပို့မှုလျော့ကျ

တစ်လအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ရော်ဘာတန်ချိန် ၁၀၇၈၀ ကျော် တင်ပို့ခဲ့ပြီး ယခင်လထက် တန်ချိန် ၃၀၀၀ ကျော် တင်ပို့မှုလျော့ကျ
ဖိနပ်စက်ရုံများတွင် အသုံးပြုရန် ထုတ်လုပ်ထားသော ရော်ဘာများအား တွေ့ရစဉ်
ဖိနပ်စက်ရုံများတွင် အသုံးပြုရန် ထုတ်လုပ်ထားသော ရော်ဘာများအား တွေ့ရစဉ်
Published 19 August 2023

၂၀၂၃ ခုနှစ် ဇူလိုင်လတစ်လအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ရော်ဘာတန်ချိန် ၁၀၇၈၀ ကျော် တင်ပို့ခဲ့ပြီး ယခင်လထက် တန်ချိန် ၃၀၀၀ ကျော် တင်ပို့မှုလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ်  ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ဒေါ်လာ ၆ ဒသမ ၃၇၆သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၅၁၀၀ ကျော်တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၃၃၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၆၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀၀ ကျော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၀ ကျော် တင်ပို့ခဲ့သည်။

အဆိုပါကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၆ ဒသမ ၉၆၂ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၅၆၈၀ ကျော် တင်ပို့သည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုနည်းလမ်းနှစ်သွယ်မှ ရော်ဘာ တင်ပို့မှုတန်ချိန် ၁၀၇၈၀ ကျော်ရှိပြီး တန်ဖိုး ဒေါ်လာ ၁၃ ဒသမ ၃၃၈ သန်းရရှိကြောင်း သိရသည်။ ယခင်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၃ဝဝဝကျော် လျော့နည်း တင်ပို့ခဲ့သည်။  

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ ၄၄၉ သန်း ကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၅ သန်းနီးပါးပိုမိုတင်ပို့ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၄၄၉ ဒသမ  ၁၀၂ သန်းရရှိခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွင်း ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၂၆၄ ဒသမ ၄၄၂ သန်းရရှိခဲ့သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၄ ဒသမ ၆၆၀ သန်းပိုမိုရရှိခဲ့သည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန် ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေ ပြီး ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သတင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။

ကမ္ဘာ့ရော်ဘာစျေးကွက်တွင် နိုင်ငံတကာပေါက်စျေးဖြင့် ရောင်းချနိုင်ရေးအတွက် မြန်မာ့ရော်ဘာထုတ်လုပ်မှုကို Sustainable Natural Rubber (SNR) Guideline နှင့်အညီ ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

Most Read

Most Recent