မန္တလေးမြို့အိုးဘိုရွှေကျင်ရပ်၌ မကြာမီ ကျင်းပမည့် အိုးပုတ်ပွဲတော်မတိုင်ခင်ရွှံ့ ဖြင့် ပြုလုပ်သော မြန်မာ့ရိုးရာ အိုးပုတ်လုပ်ကိုင် သူများ ယခုနှစ်တွင် အိုးပုတ်ချိုးရုပ်များတွင် အသုံးပြုရသည့်ဆေးခြယ်သည့် ပစ္စည်း စျေး နှုန်းများ မြင့်တက်လာခြင်း၊သယ်ယူစရိတ်မြင့် တက်လာခြင်းကြောင့် ယခုနှစ်တွင် အိုးပုတ် ချိုးရုပ်များ လျှော့ပြီး လုပ်ကိုင်လာကာတခြား ပို့ကုန် ပစ္စည်းများကို အဓိကထား လုပ်ကိုင် နေသည်ဟု အိုးပုတ်လုပ်ကိုင်သူများထံက သိရသည်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ နယ်၊ တပ်ကြီး ကျေးရွာတွင် ရွှံ့ဖြင့် ပြုလုပ် သော မြန်မာ့ရိုးရာ အိုးပုတ်၊ရေအိုး၊ဆီမီးခွက်၊ စုဘူးများ စသည်တို့ကို အများဆုံးပြုလုပ်လေ့ရှိ ရာ လက်ရှိတွင် မန္တလေးမြို့၌ မကြာမီ ကျင်းပ တော့မည့် အိုးပုတ်ပွဲတော်၊ မင်းကွန်း ကျွန်းပင် နတ်ပွဲ တောင်ပြုံးပွဲတော်၊ ရတနာ့ဂူ နတ်ပွဲ များတွင် ရောင်းချရန်အိုးပုတ်ရုပ်ကလေးများ ကို ပြုလုပ်၍ စုဆောင်းပြီးဖြစ်ကြောင်း၊ အိုး ပုတ်ရုပ်လေးမျာကို ပုံမှန်အားဖြင့် ၁၀ မျိုးခန့် သာ ပြုလုပ်သော်လည်း ပွဲတော်ရာသီများအ တွက် အိုးပုတ် အရုပ်ကလေးများကို ၁၈မျိုး အထိ ပြုလုပ်ကြောင်း အိုးပုတ်လုပ်ကိုင်သူ များထံက သိရသည်။
“ဒီနှစ်က စျေးကွက် အခြေအနေက မကောင်းဘူး။ အရင်လိုပွဲစျေးတွေ သိတ်မဖြစ် ကြတော့ အရောင်းအဝယ် သိတ်မကောင်း ဘူး။ အိုးပုတ်ပွဲတော်က အရင်လိုကြီးကြီးကျယ် ကျယ်မဟုတ်ဘူး။ကိုယ်ဆီက ယူနေကြ ဖောက် သည်တွေလည်း ပစ္စည်းကို လျှော့ထား တယ်။ ကျွန်မတို့ အိုးပုတ်လုပ်တာလည်းလျှော့ လုပ် ထားတယ်။ အရင်တုန်းကဆို အိုးပုတ် ပွဲတော် အတွက် အားခဲပြီး အိုးပုတ်တွေ စုရတယ်။ ဒီ နှစ်တော့ မစုတော့ဘူး ။ ဒါပေမယ့် အိုးပုတ်ပွဲ တော်ကိုတော့ သွားရောင်းချမှာပါ။ အခု ကျွန်းပင်နတ်ပွဲ သွားနေတယ်။မင်းကွန်း ကျွန်း ပင် နတ်ပွဲပြီးရင် အိုးပုတ်ပွဲတော် သွားမယ်။ တောင်ပြုံး လည်း ခါတိုင်းလို လချီပြီး မသွား တော့ဘူး။ ပွဲတော်ရက်ပဲ သွားတော့မယ်။ ဒီ နှစ်က အိုးပုတ်သိတ်မဖြန့်ဖြစ်ဘူး။ အရောင်း အဝယ် သိတ်မဖြစ်လို့ ကုန် ပစ္စည်း နည်းနည်း ပဲ လုပ်ဖြစ်တယ်။ဆေး ပစ္စည်းက စျေးအရမ်း တက်တော့ အိုးပုတ် ပစ္စည်း သိတ်မထုတ်ဖြစ် ဘူး။ စျေးကွက် အနေနဲ့က အောင်လံ၊သရက်၊ သာစည်တို့ ဘက်ကို ပို့ကုန် ဦးစားပေးပြီး ဖြန့် နေတယ်။ ပွဲစျေးက သိတ်မဖြစ်လို့ မှာတာတွေ လုပ်ပြီး ပို့ဖြစ်နေတယ်” ဟု တပ်ကြီးရွာ အိုး ပုတ်လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ နယ် တပ်ကြီးကျေးရွာတွင် ရွှံ့ဖြင့်ပြုလုပ်သော မြန်မာ့ရိုးရာ အိုးပုတ်လေး၊ရေအိုး၊ဆီမီးခွက် များ၊ စုဘူးများ စသည်တို့ကို ဒုတိယကမ္ဘာ စစ်အပြီး အချိန်ကတည်းက စတင်ပြုလုပ်ခဲ့ ကြောင်း၊ တပ်ကြီးကျေးရွာတွင် အိမ်ခြေ ၃၅၀ ကျော်ရှိသည့် အနက် တစ်ဝက်ခန့်မှ အိုးပုတ် လုပ်ငန်းလုပ်ကိုင်ကြပြီး ကျန်တစ်ဝက်ခန့် မှာ တောင်သူ လုပ်ငန်း၊စက်ရက်ကန်း၊ လက်ရက် ကန်း လုပ်ငန်းများကို လုပ်ကိုင်ကြကြောင်း သိရသည်။















