
၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လကုန်အထိ ခုနစ်လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၃၈၀ စင်း ဝင်ရောက်ခဲ့ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယခုလအတွင်း ကုန်သေတ္တာတင်သင်္ဘော ၅၄ စင်းဝင်ရောက်ရန် လျာထားကြောင်း သတင်းရရှိသည်။
၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ကုန်သေတ္တာတင်သင်္ဘော ၅၄ စင်း ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းဒေသသို့ နေ့ညမရွေး ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်း Kings Bank Channel အား ရှာဖွေခဲ့ပြီးနောက် အေးရှားဝေါလ်ဆိပ်ကမ်းသို့ စံချိန် တင်အကြီးဆုံး ကုန်သေတ္တာတင် သင်္ဘောဆိုက်ကပ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ရေလမ်းကြောင်း တိုးတက် ကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်း ဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများမှ အရွယ် အစားကြီးမားသော ကုန်သေတ္တာ သင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှု ပေးလာနိုင်ခြင်းဖြစ်သည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ရန်ကုန်ဆိပ်ကမ်းဒေသသို့ နေ့ည မရွေး ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်း Kings Bank Chennle ကို ရှာဖွေခဲ့ပြီးနောက် ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေးအတွက် သောင်တူးဖော်ထိန်းသိမ်းခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ရေလမ်းကြောင်းကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်း ဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများသို့ ယခင်လက်ခံနိုင်သည့် သင်္ဘောအရွယ်အစားထက် ပိုမိုကြီးမားသည့် သင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလာနိုင်ခဲ့ပြီး ဇွန် ၂၂ ရက် နံနက်က အေးရှားဝေါလ်ဆိပ်ကမ်းတံတားသို့ ဟောင်ကောင် အခြေစိုက် SITC Shipping line မှ LOA 185.99 မီတာ GRT ၂၉၂၃၁ တန်နှင့် ကုန်သေတ္တာ 2698 TEU
တင်ဆောင်နိုင်သည့် MV SITC Zhoming ကုန်သေတ္တာသင်္ဘောကြီးသည် ပထမဆုံး ခရီးစဉ်အဖြစ် ဝင်ရောက်ဆိုက်ကပ်နိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၂၃ ခုနှစ် မေလအတွင်း ကုန်သေတ္တာတင်သင်္ဘော ၅၆ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင် သင်္ဘော ၆၅၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီတွင် သင်္ဘော ၅၂ စင်း၊ ဖေဖော်ဝါရီတွင် ၅၁ စင်း ဝင်ရောက်၍ ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ကုန်သေတ္တာတင်သင်္ဘောစင်းရေ ၅၀၊ စက်တင်ဘာတွင် သင်္ဘော ၅၅ စင်း၊ သြဂုတ်တွင် ကုန်သေတ္တာတင် သင်္ဘော ၅၅ စင်း၊ ဇူလိုင်တွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၅ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း ဝင်ရောက်၍ ကုန်တင်ကုန်ချ လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌ ၂၀၂၂ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း၊ မတ်တွင် ကုန်သေတ္တာတင်သင်္ဘော ၅၀ စင်း၊ ဧပြီတွင် သင်္ဘောလိုင်း ၁၄ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၂ စင်း၊ မေတွင် နိုင်ငံတကာ သင်္ဘော လိုင်း ၁၂ ခု၏ ကုန်သေတ္တာတင် သင်္ဘော ၅၄ စင်း၊ ဇွန်တွင် ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။