ဂျပန်လူမျိုးတို့အစားအစာမှာ ဆန်၊ငါး၊ဟင်းသီးဟင်းရွက်တို့အဓိကပါဝင်ပြီး ကာဗိုဟိုက်ဒြိတ်များပြီး ကယ်လိုရီနဲ့အဆီနည်းတဲ့အစာတွေဖြစ်လို့ကျန်းမာရေးနဲ့ညီညွှတ်တယ်လို့ဟာလေးပါ့စပေး(Harlay Psastemate)ကဆိုပါတယ်။ဂျပန်လူမျိုးတွေဟာနေ့စဉ်ပဲပိစပ်ထွက်ပစ္စည်း၊ခေါက်ဆွဲ၊ရေညှိနဲ့ဂေါ်ဖီထုပ်၊ကိုက်လန်၊ပန်းဂေါ်ဖီစိမ်းလိုမျိုး "ကလူစီဖဲရပ် (Cruciferous)" ဟင်းသီးဟင်းရွက်တွေ အပါဝင်ပျမ်းမျှအစာမျိုးပေါင်း ၃၀ လောက်စားတတ်ကြတယ်။တစ်မျိုးကိုအနည်းငယ်စီသာစားတတ်ပြီး ပမာဏများများစားလေ့မရှိဘူး။ သူတို့ရဲ့ဝမ်းဗိုက် ၈၀ ရာခိုင်နှုန်းလောက်ပြည့်သွားရင်အစားစာတာရပ်တန့်လိုက်တာကြောင့်အနောက်တိုင်းလူမျိုးတွေနဲ့စာရင်နေ့စဉ်ကယ်လိုရီပဲ ၈၄၀ လောက်လျော့နည်းပြီး ရယူတတ်ပါတယ်။ ဂျုံလည်းစားသုံးပါတယ်။
အီတလီလူမျိုးတွေက အဆီအနှစ်များစွာပါဝင်တဲ့ပီဇာမုန့်တွေ၊ အီတလီခေါက်ဆွဲတွေစားနေကြပေမဲ့ အသက်နည်းနည်းရှည်နေကြတာဘာကြောင့်လဲလို့ မေးကြတယ်။ အမှန်တော့အီတလီလူမျိုးတွေဟာ မြေထဲပင်လယ်ကမ်းခြေသားတွေပီပီ မြေထဲပင်လယ်အစာတွေလိုပဲသစ်သီးနဲ့ဟင်းသီးဟင်းရွက်၊ကောက်နှံ၊ပဲအမျိုးမျိုး၊အခွံမာသီး၊အစေ့အဆန်၊အဆီမပါတဲ့အသား၊နို့နဲ့ဝိုင်အရက်အခြေခံထားပါတယ်။ကိုယ့်တိုင်းပြည်တွက်လတ်ဆတ်တဲ့ထုတ်ကုန်ကိုပဲပြင်ဆင်တားကြပြီး အီတလီအစာအစစ်မှာပါစတာ (Pasta) ဖြစ်ပါတယ်။ အီတလီစစ်စစ်တွေဟာပီဇာမုန့်၊ အီတလီခေါက်ဆွဲမစားကြလို့အသက်ရှည်တာပါလို့ဟာလေပါ့စပွေး(Harlay Pastemale)ကဆိုပါတယ်။
စင်ကာပူနိုင်ငံသားတွေရဲ့အစားအသောက်ပုံစံကလည်းခေါက်ဆွဲ (သို့မဟုတ်) ဆန်ကိုအခြေခံပြီးငါးကင် (သို့မဟုတ်) ငါးကြော်၊ကြက်သား၊ဝက်သားအစပ်တွေနဲ့တွဲစပ်ပြီးစားသောက်ကြပါတယ်။နံနက်စာကိုဆန်ပြုတ်နဲ့ရာသီစာသစ်သီးတွေ စားလေ့ရှိကြပြီး ပြည့်ဝဆီကိုလုံးဝမစားသောက်တတ်ကြပါဘူး။
စပိန်မှဒိန်ခဲတွေ၊ ဝက်ပေါင်ခြောက်တွေထွက်ရှိပေမဲ့ စပိန်လူမျိုးတွေဟာပဲအမျိုးမျိုး၊ကြက်သွန်ဖြူ၊ဟင်းသီးဟင်းရွက်၊ဗာဒံသီးနဲ့အချဉ်အရသာရှိတဲ့သစ်သီးတွေအစားများကြပါတယ်။စပိန်ဟန်နဲ့အစာချက်ပြုတ်တာလည်းရောင်ရမ်းမှုကိုတိုက်ထုတ်ကာ ဓာက်တိုးဆန့်ကျင်တာနဲ့ကင်ဆာကိုတွန်းလှန်တဲ့ဂုဏ်သတ္တိတွေရရှိပါတယ်။ကုလားပဲ၊ပဲဝါ၊ပဲနီလေးလိုမျိုးပဲအခြောက်တွေကိုဟင်းချိုဟင်းအစရှိပြီး ဟင်းအမျိုးမျိုးမှာပါဝင်အောင်ချက်ပြုတ်လေ့ရှိပါတယ်။မြေထဲပင်လယ်အစားအသောက်တွေ အများဆုံးပါဝင်ပါတယ်။
တရုတ်နိုင်ငံကအစားအစာတွေဟာ အနောက်နိုင်ငံကအစားအစာတွေနဲ့လုံးဝမတူညီပါဘူး။တရုတ်တွေဟာဟင်းသီးဟင်းရွက်များများစားတက်ပါတယ်လို့ပါစ် မေး(Pastemale)က ဆိုပါတယ်။တရုတ်အစားအစာ တွေမှာလတ်ဆတ်တဲ့ရာသီပေါ်ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ၊ကောက်နှံနဲ့ပဲအမျိုးမျိုးပါဝင်ပြီးအသားအနေနဲ့ နှစ်-ရာခိုင်နှုန်းလောက်သာပါဝင်ပါတယ်။ ဒါကြောင့်တရုတ်အစားအစာတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့စာရင်အမျှင်ဓာတ်သုံးဆပိုများများပါဝင်ပြီးအဆီပိုနည်းစွာပါဝင်ပါတယ်။
တောင်ကိုးရီးယားနိုင်ငံမှာ ကင်မ်ချီ လိုမျိုးတစ်မူထူးခြားတဲ့အနံ့အရသာနဲ့ပြည့်စုံတဲ့အစားအစာတွေရှိတယ်။ကင်မ်ချီအမျိုးစားပေါင်း ၂၀၀ ခန့်ရှိပြီးသူ့တို့မှာပါဝင်တဲ့အမျှင်ဓာတ်နဲ့ဘက်တီရီးယား(အကျိုးပြု)ပမာဏများတာကြောင့်ဟာရဓာတ်စုံလင်တာ၊ခုခံအားစနစ်ကောင်းစေတာ၊ကင်ဆာကိုထွန်းလှန်နိုင်တာ၊ကိုလက်စထရောကျဆင်းတာနဲ့အရွယ်တင်နုပျိုနိုင်တဲ့အတွက်ကမ္ဘာတစ်ဝန်းမှာထင်ရှားကျော်ကြားလှပါတယ်။
ဆွီဒင်နိုင်ငံက အစားအသောက်တွေဟာနှလုံးကျန်းမားရေးနဲ့ညီညွတ်တဲ့ဒိန်ချဉ်၊နွားနို့၊အညိုရောင်ပေါင်မုန့်နဲ့ငါးတွေသာပါဝင်တယ်လို့ပါ့စမေး(Pastemale )ကဆိုပါတယ်။ဆွီဒင်လူမျိုးတွေဟာအစားအသောက်ကိုယ်တိုင်ယူစနစ်နဲ့စားသုံးတဲ့ဘူဖေး (Buffet) နည်းလမ်းကိုစတင်တီတွင်သူတွေဖြစ်ကြပြီး ဗိုက်ပြည့်စုံအောင်စားတတ်ပါတယ်။
အစ္စရေးနိုင်ငံဟာအရှေ့အလယ်ပိုင်းတစ်ဝန်းရဲ့လွှမ်းမိုးမှုရှိပေမဲ့ အစ္စရေးတွေဟာ လူဦးရေများတာကြောင့်စားသောက်မှုပုံစံသီးသန့်ရှိပါတယ်။ ခရမ်းချဉ်သီး၊ ငရုတ်ကောင်း၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ရှောက်သီး၊သံလွင်သီးနဲ့နံနံပင်ကိုရောစပ်ပြီးအရသာရှိအောင်သုပ်တားတဲ့အသုပ်၊ကင်ထားတဲ့အသားတွေကိုတွဲဖက်စားကြပါတယ်။ အစ္စရေးဟာနေ့လယ်စာကိုအစာပမာဏအများဆုံးအနေနဲ့စားသောက်ကြပြီး သိုးသားနဲ့ခရမ်းသီးနှပ်ကို စားလေ့ရှိကြပါတယ်။
ပြင်သစ်နိုင်ငံက ဒိန်ခဲ၊ ကိတ်မုန့်၊ ဆော့တွေဟာ ကျန်းမာရေးနဲ့ညီညွှတ်မှုမရှိကြပေမဲ့ ပြင်သစ်လူမျိုးတွေရဲ့စားသောက်တဲ့ပုံစံဟာကျန်းမာရေးနဲ့ညီညွတ်ကြပါတယ်။ပြင်သစ်လူမျိုးတွေဟာ ဘာအစာပဲစားစား အသင့်အတင့်သာစားသုံးကြပါတယ်။သူတို့ဟာအရေအတွက်ထက်အရည်အချင်းကိုဦးစားပေးစားကြပါတယ်။အစားအသောက်ကိုအချိန်ယူပြီးစားသောက်တတ်ကြကာ စားသောက်တဲ့ပမာဏာနည်းနည်းနဲ့ အစာမျိုးစုံအောင်စားတက်ကြပြီး ဘယ်ပဲသွားသွားလမ်း
လျှောက် (သို့မဟုတ်) စက်ဘီးစီးသွားလေ့ရှိကြတယ်လို့ ပါ့စ်မေး (Pastemale) က ဆိုပါတယ်။
ဂရိနိုင်ငံလူမျိုးတွေဟာ သူတို့စားသောက်ပုံစံလိုကျန်းမာရေးကောင်းသူတွေမဟုတ်ကြပေမဲ့ ဂရိအစားအစာတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလျှော့ချနိုင်တာ၊ သွေးဖိအားနဲ့ကိုလက်စထရောကျဆင်းစေတာတွေ့ရပါတယ်။သံလွင်ဆီ၊လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်၊ကောက်နှံ၊ပဲအမျိုးမျိုး၊အခွံမာသီး၊ခရမ်းချဉ်သီး၊ငရုတ်ကောင်းနဲ့ ပင်လယ်စာတွေပါဝင်ပါတယ်။ ဂရိလူမျိုးတွေဟာ စားသောက်ဆိုင်မှာထွက်စားတက်တဲ့အလေ့အကျင့်မရှိကြဘဲ ကိုယ့်နေအိမ်မှာသာစားသောက်တတ်ကြပါတယ်။
ကမ္ဘာအစားအစာနဲ့ပတ်သက်တဲ့အချက်ငါးချက်ပါဝင်တယ်။ကိုယ့်ရဲ့ဇီဝရုပ်ဖြစ်ပျက်နူန်းမြင့်တက်လာပြီး၊ သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်နိုင်အောင်ငါးမျိုးပါတဲ့အစာတွေကိုအစာပမာဏနည်းနည်းနဲ့ငါးကြိမ်စားသင့်ပါတယ်။အကြော်စာတွေစားမယ့်အစား ပေါင်းပြီး (သို့မဟုတ်)ကင်ပြီးစားသင့်ပါတယ်။တိရစ္ဆာန်မှရရှိတဲ့အသားကိုပမာဏအနည်းငယ်သာစားသောက်သင့်ပါတယ်။ တစ်နေ့တစ်ကြိမ်ထက်အသားပိုမစားသင့်ဘူး။ ကိုယ့်ဗိုက်ပြည့်နေရင် ထပ်ပြီးအစားမစားသင့်ပါဘူး။ဒါ့အပြင်တစ်နေ့ကို ၂၅ မိနစ်နူန်းနဲ့တစ်ပတ်ငါးကြိမ် (သို့မဟုတ်) နေ့စဉ်နာရီဝက်မှတစ်နာရီအပြေး၊ လမ်းလျှောက်၊စက်ဘီးစီး၊ ရွရွပြေး၊ ရေကူးတစ်ခုခုပြုလုပ်သင့်ပါတယ်။
တစ်ပတ်ကိုတစ်ရက်ကိုယ်ကြိုက်နှစ်သက်တဲ့အစာကိုကြိုက်သလိုစားနိုင်တယ်လို ပါ့စ်မေး(Pastmale)ကအကြံပြုထားပါတယ်။ အစားစားတိုင်းအမျှင်ငါးဂရမ်မှ ၁၀ ဂရမ်ပါဝင်တဲ့အမျှင်ပါဝင်မှုများတဲ့ကာဗိုဟိုက်ဒြိတ်(Carbohydrate)ကိုရွေးချယ်သင့်ပါတယ်။ရေမှာပျော်ဝင်တဲ့အမျှင်နဲ့ရေမှာပျော်ဝင်မှုမရှိတဲ့အမျှင်နှစ်မျိုးစလုံးစားသင့်ပါတယ်။ သွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်စေပြီး အစာချေနှုန်း နှေးတာတွေဟာကိုယ့်ဝမ်းဗိုက်ကိုပြည့်တင်းမှုရရှိ
စေပါတယ်။ ဥပမာအုတ်စပါး၊ဘာလီ၊ပဲနီလေး၊ပဲသီး၊ခရမ်းသီး၊ရေညှိ၊သဖန်းသီး၊မင်းကွတ်သီး၊သလဲသီးကောက်နှံတစ်ခုလုံးနဲ့ပေါင်မုန့်တို့စားသင့်ပါတယ်။
အသားဓာတ်အနည်းငယ်စားသင့်တယ်။ အစာနပ်တိုင်းမှာ အဆီနည်းပြီး အရည်သွေးမြင့်မားတဲ့ပဲပိစပ်၊အခွံမာသီး၊ကြက်ဥ (သို့မဟုတ်) ဒိန်ချဉ်လိုမျိုးစားသင့်ပါတယ်။ လူတို့ခန္ဓာကိုယ်ကပရိုတင်းကိုကာဗိုဟိုက်ဒြိတ်နဲ့အဆီလိုမျိုးမဆိုသိုလှောင်နိုင်ထားတဲ့အတွက်အချိန်ခြားပြီးပရိုတင်းပုံမှန်စားသင့်ပါတယ်လို့ပါ့စ်မေး(Pastmale)ကဆိုပါတယ်။ ပရိုတင်းဟာအသားဖြစ်အောင်တည်ဆောက်နိုင်ပြီး ဇီဝရုပ်ဖြစ်ပျက်နေစဉ်မှာလည်း၊အဆီကိုလောင်ကျွမ်းစေနိုင်တာကြောင့်အစာအတွက်ကျေနပ်မှုရရှိစေပါတယ်။ ဥပမာဆဲလ်မှန်ငါး၊တို့ဟူး၊ပဲနီလေး၊ကုလားပဲ၊ကြက်သား၊ဆိတ်သား၊ဒိန်ချဉ်၊ပင်လယ်စာတို့မှာပါဝင်ပါတယ်။
ကောက်နှံတစ်ခုလုံးပါတဲ့ကာဗိုဟိုက်ဒြိတ်အစာ၊သစ်သီးနဲ့ဟင်းသီးဟင်းရွက်မှာပါဝင်တဲ့ကာဗိုဟိုက်ဒြိတ်တွေဟာအမှုန့်ကြိတ်တားတဲ့ဂျုံမှုန်နဲ့သကြားလိုမျိုးမဟုတ်ဘဲ ကိုယ့်ဝမ်းဗိုက်ကိုတာရှည်စွာဖြည့်တင်းစေနိုင်ပြီးစွမ်းအင်နဲ့သွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်စေပါတယ်လို့ပါ့စ် မေး(Pastemale)ကဆိုတယ်။ဥပမာကောက်နှံတစ်ခုလုံးပြုလုပ်ထားတဲ့အညိုရောင်ပေါင်မုန့်၊ပဲနီလေးနဲ့မှို၊ကုလားပဲ၊ ကွေကာ၊အညိုရောင်ဆန်တို့ပါဝင်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်မှုရှိတဲ့အဆီမှာသံလွင်ဆီ (သို့မဟုတ်) နေကြာ၊ နှမ်း၊ မြေပဲဆီလိုမျိုးမပြည့်ဝဆီတွေ စားသင့်ပါတယ်။ဒိန်ခဲနဲ့အသားမှာပါဝင်တဲ့ပြည့်ဝဆီကိုအနည်းငယ်သာစားသင့်ပါတယ်။ ကမ္ဘ့ာကျန်းမာရေးနဲ့ညီညွတ်ဆုံးအစာ ၁၀ မျိုးမှာပြည့်ဝဆီနည်းနည်းသာပါဝင်ပြီး ကျန်းမားရေးညီညွတ်တဲ့အဆီသံလွင်ဆီ၊ ထောပတ်သီး၊ဗာဒံဆီ၊ ငါးတို့ဖြစ်ပါတယ်။
ရေဓာတ်ပြည့်ဝနေအောင်နဲ့အဆိပ်တွေသန့်စင်အောင်နေ့စဉ်ရေ(၆-၈)ဖန်ခွက် (သို့မဟုတ်) ရေသန့်(၂-၃)လီတာအနည်းဆုံးသောက်သင့်ပါတယ်။ရေ၊လက်ဖက်ရည်ကြမ်း၊စွပ်ပြုတ်၊ကော်ဖီသောက်နိုင်ပါတယ်။
ဆိုခဲ့တဲ့နိုင်ငံသားတွေထဲမှာဂျပန်နိုင်ငံသားများအသက်အရှည်ဆုံး၊ ကမ္ဘာ့အကျန်းမာဆုံးသူတွေဖြစ်ပါတယ်။အသားနည်းနည်းပဲစားကာသီးနှံတစ်ခုလုံးပါဝင်တဲ့အစာတွေသာစားကြပြီး အိပ်ချိန်များများပေးတဲ့အပြင် လမ်းလျှောက်တဲ့ကျန်းမာရေးလုပ်တတ်ကြပါတယ်။တရုတ်၊အီတလီနဲ့စပိန်နိုင်ငံသားတွေရဲ့ကျန်းမာရေးက သူတို့စားတဲ့အစာနဲ့ဆက်နွှယ်နေပါတယ်။