မြန်မာ့မီးရထားက  ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းရှိ ပဲခူး-ညောင်လေးပင်အပိုင်းတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းစုစုပေါင်း ၁၃၅၀၀၀ ပေနှင့် ကျောက်တံခါးဘူတာနှင့် တောင်ငူဘူတာကြား ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

မြန်မာ့မီးရထားက  ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းရှိ ပဲခူး-ညောင်လေးပင်အပိုင်းတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းစုစုပေါင်း ၁၃၅၀၀၀ ပေနှင့် ကျောက်တံခါးဘူတာနှင့် တောင်ငူဘူတာကြား ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ
Published 5 August 2023

မြန်မာ့မီးရထားက  ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းရှိ ပဲခူး-ညောင်လေးပင် အပိုင်းတွင် ခြံစည်းရိုး ကာ ရံခြင်းလုပ်ငန်းစုစုပေါင်း ၁၃၅၀၀၀ ပေနှင့် ကျောက်တံခါးဘူတာနှင့် တောင်ငူ ဘူတာကြား ခြံစည်းရိုးကာရံခြင်းလုပ်ငန်း များဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရသည်။

မြန်မာ့မီးရထားက  ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းရှိ သိီရိမြိုင်ဘူတာအသစ်တည်ဆောက်ခြင်း လုပ်ငန်းအပါအဝင်စက်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားပြီး ဖြစ်သည်။

ယင်းပြင်မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ပါဝင်သည့် မြစ်ငယ်တံတား တည်ဆောက်ခြင်းနှင့် ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းရှိ အောင်ဆန်း၊ ကမာရွတ်၊ အုတ်ကျင်း၊ ဖော့ကန်၊ သမိုင်းနှင့် တာမွေဘူတာအသစ် တည်ဆောက်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထားသည် အဆိုပါလုပ်ငန်းများအား မြန်မာကျပ်ငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး တင်ဒါပုံစံများကို ဗိုလ်တစ်ထောင်မြို့နယ်၊ ကုန်သည်လမ်းနှင့် ၅၁ လမ်းထိပ်ရှိ မြန်မာ့မီးရထား၊ထောက်ပံ့ဌာနတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားက အမြန်လူစီးရထား ခရီးစဉ် ၁၈ခု၊ စာပို့ရထားခရီးစဉ် ၁၂ ခု၊ လူစီး ကုန်တင်ရထားရီးစဉ်ရှစ်ခုအပြင် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် ၃၀ စုစု ပေါင်း ရထားခရီးစဉ် ၆၈ ခုဖြင့် ရထားခရီးစဉ်များပြေးဆွဲနေကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထားက အမြန်ရထားခရီးစဉ်များ အနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပုဂံ ခရီးစဉ်များကို ပြေးဆွဲပေးနေကြောင်း သိရ သည်။

မြန်မာ့မီးရထားက ရထား ခရီးစဉ်များတွင် ခရီးသည်စီးနင်းမှုများပြားလာသည်နှင့် အမျှရထားတွဲဆိုင်းများ ပိုဆိုချိတ်ဆက်ခြင်းနှင့် ရထားစင်းရေ တိုးမြှင့်ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်။

မြန်မာ့မီးရထားက နယ်ဝေးရထားခရီးစဉ်များအဖြစ် ရန်ကုန်- မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထားနှစ် စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လမြိုင် ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထားများ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်- ပြည်လမ်းပိုင်းမှာ အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ် စင်း၊ ရန်ကုန်-ပဲခူးလမ်းပိုင်းတွင် ရထား နှစ် စင်း၊ ပုသိမ် - ဟင်္သာတ- ကြံခင်းလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပျဉ်းမနား-တောင်တွင်း ကြီးလမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ် စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ ရထားနှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်း တွင် အမြန်ရထားနှစ်စင်း၊ ပြည်တော်သာ- ရေချမ်းပြင် လမ်းပိုင်းတွင်ရထားလေးစင်း၊ တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းတွင် လူစီး ကုန်တင်ရထား နှစ်စင်း စုစုပေါင်း ၂၈စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်းစုစုပေါင်း လူစီး ရထား ၅၄ စင်း ပြေးဆွဲပေးနေခြင်းဖြစ်သည်။

         

Most Read

Most Recent