ယောကျာ်းတွေမှာဆီးကျိတ်ရှိကြပြီး၊တက်စတိုစတုန်း ဟော််မုန်းထုတ်ပေးပါတယ်။ဆီးကျိတ်ရောင်ခြင်းကြီးခြင်းဖြစ်ရင်တက်စတိုစတုန်းပိုမိုထွက်ရှိပြီး၊အသက်ကြီးမှကာမစိတ်ကြီးမားတာတွေမြင်ကြရပါတယ်။ဆီကျိတ်ကင်ဆာဖြစ်နိုင်ပါတယ်။
ဆီကျိတ်ကင်ဆာကိုအလျင်စလိုခွဲစိက်ခြင်း၊ဓာတ်ကင်ခြင်းပြုစရာမလိုအပ်ပါဘူး။(၁၉၉၉)ခုနှစ်ကစပြီး(၁၀)စုနှစ်(၂)စုကျော်ကြားလေ့လာချက်များအရဆီးကျိတ်ကင်ဆာလူနာအတော်များများဟာအလျင်စလိုခွဲစိတ်ခြင်း၊ဓာက်ကင်ခြင်းပြုစရာမလိုတာတွေ့ရှိခဲ့ကြတယ်။ဆီကျိတ်ဆိုင်ရာသီးသန့်အသားဓာက်တစ်မျိုး(PSA-prostate specific Antigen)ပမာဏကိုအချိန်မှန်တိုင်းတာကြည့်ခြင်းဖြင့်ကင်ဆာရောဂါဆိုးလာမှုရှိ၊မရှိသိအောင်ကြည့်ကြပါတယ်။ ဒါပြင်ဆီးကျိတ်ကင်ဆာကိုသံလိုက်ဓာတ်သုံးပုံဖော်စက်(MRI)နဲ့စစ်ဆေးခြင်း၊ဗီဇမျှင်စစ်ဆေးခြင်းစတာတွေပြုလုပ်ကာ၊စောင့်ကြည့်ခြင်း(Active surveillance)ကုထုံးကိုအသုံးပြုလာကြတယ်။ဆီးကျိတ်ကင်ဆာတွေအနက်အနေအထားဆိုးရွာတဲ့ကင်ဆာတွေကိုတော့ခွဲစိက်ဖယ်ရှားခြင်း၊ဓာက်ကင်ခြင်း၊ကီမို(ကင်ဆာဆေး)သွင်ခြင်းတစ်မျိုးထက်ပိုမိုကုသပေးကြပါတယ်။ပြင်းထန်တဲ့ဆီးကျိတ်ကင်ဆာဟာဆီးကျိတ်ကင်ဆာအားလုံးရဲ့(၁၅%)သာရှိကြပါတယ်။
(၂၀၂၃)မတ်(၁၀)၊နယူးအဂ်လန်ုဂျနယ်(New England Journal)မှာဖော်ပြကားချက်အရ(၁၉၉၃)(၂၀၁၃)ခုနှစ်အတွင်းအသက်(၅၀-၆၉)နှစ်ကြားအမျိုးသားပေါင်း(၈၂၄၉)ယောက်ကိုဆီးကျိတ်ဆိုင်ရာသီးသန့်အသားဓာတ်ပမာဏကိုတိုင်းတာစစ်ဆေးကြည့်ကြတယ်။ဆီးကျိတ်အတွင်းမှာသာကင်ဆာဖြစ်ပွါးသူ(၂၆၆၄)ယောက်ကိုဖော်ထုတ်တွေရှိခဲ့ကြတယ်။(၁၆၄၃)ယောက်ကိုသုံးအုပ်စုခွဲပြီး၊မတူတဲ့ကုထုံးနဲ့ကုသကြည့်ခဲ့ကြပါတယ်။
(၅၄၅)ယောက်ကိုစစ်ဆေးစောင့်ကြည့်တဲ့ကုထုံးအသုံးပြုခဲ့ကြတယ်။(၅၅၃)ယောက်ကိုဆီးကျိတ်ဖယ်ထုတ်ကာကုသပေးကြည့်ခဲ့ကြတယ်။ကျန်(၅၄၅)ယောက်ကိုတော့ဓာတ်ကင်ကုသပေးခဲ့ကြတယ်။အဆိုပါသူတွေကို(၁၁-၂၁)နှစ်အတွင်းပြန်လည်စစ်ဆေးလေ့လာခဲ့ကြတယ်။ယခုလိုနောက်ဆက်ကွဲစစ်ဆေးတဲ့စစ်ဆေးခြင်းကိုလူနာ(၁၆၁၀)ဦးမှာပြုလုပ်နိုင်ခဲ့ပါတယ်။စစ်ဆေးစောင့်ကြည့်ကုသထားသူလူနာတွေအနက်(၁၇)ယောက်သေဆုံးခဲ့တယ်။ဆီးကျိတ်ခွဲစိတ်ဖယ်ရှားကုသတားသူ(၁၂)ယောက်နဲ့ဓာတ်ကင်ကုသထားသူ(၁၆)ယောက်တို့သေဆုံးသွားတာတွေဝဲ့ရတယ်။ ရလဒ်အဖြေများကြည့်ရင်၊ကွဲပြားခြားနားမှုအနည်းအကျဉ်းသားရှိကြောင်းတွေခဲ့ကြတယ်။စစ်ဆေးစောင့်ကြည့်ကုသခြင်းကဆီးကျိတ်ကင်ဆာကြေင့်သေဆုံးနိုင်ခြေမမြင့်မားပဲ၊ခွဲစိတ်ခြင်း၊ဓာတ်ကင်ကုသထားသူတွေလိုပဲအသက်ရှင်သန်နိုင်ခဲ့ကြတယ်။ဒါကြေင့်ဆီးကျိတ်ကင်ဆာဝေဒနာသည်တွေအနေနဲ့ကုသမှုရဲ့အကျိုးရှိမှု၊လိုအပ်မှုနဲ့ဆိုးကျိုးတွေကိုနှိုင်းယှဉ်ပြီးမှသင့်တော်တဲ့ကုသမှုကိုခံယူသင့်တယ်။ဘယ်လိုကုသမှုရှိ/မရှိခံယူသင့်တယ်ဆိုတာကင်ဆာကျွမ်းကျင်ပညာရှင်များကရှင်းလင်းသုံးသပ်ပြကြပါလိမ့်မယ်။
ကင်ဆာရောဂါကလူသားတွေကိုနှိပ်စက်နေတာကြာလှပြီးလူသားတွေကလည်းတက်စွမ်းသမျှနည်းအမျိုးမျိုးနဲ့တွန်းလှန်ကုသနေကြတယ်။နည်းပညာနဲ့ကုသမှုတို့၊အဆင့်အတန်းတိုးတက်လာဖို့ရောဂါဖြစ်စကင်ဆာတွေကုသပျောက်ကင်သလို၊ရောဂါသက်သာကာ၊အတန်သင့်နှစ်ဆက်ထပ်ပြီးပိုနေထိုင်ခွင့်ရလာနိုင်ပါတယ်။
ကင်ဆာရောဂါကိုလူတို့အနိုင်မယူနိုင် သေးပါဘူး။ဒါကြေင့်ပညာရှင်တွေကုထုံးအမျိုးမျိုးကိုရှာဖွေစမ်းသပ်နေကြတယ်။ဆေးဝါးပညာရှင်တွေကလည်းပိုအစွမ်းထက်တဲ့ဆေးဝါးတွေဖော်စပ်စမ်းသပ်နေကြတယ်။အချို့သိပ္ပံပညာရှင်တွေကကင်ဆာရောဂါဖြစ်ပ္ပါးလာခြင်းမှကာကွယ်နိုင်မယ့်ဆေးတွေစမ်းသပ်နေကြပါတယ်။
ပိုမိုပစ်မှတ်ကိုတိုက်ခိုက်နိုင်မယ့်ဆေးဝါးပုံစံသစ်တွေတီထွင်ဖော်စပ်ရာမှာအ ထောက်ကူဖြစ်လာခဲ့တယ်။တစ်ချိန်တည်းမှာကိုယ်ခံအားစနစ်အကြေင်းပိုမိုနားလည်လာခဲ့ကြတယ်။လူနာရဲ့ကင်ဆာကလာပ်စည်းများကိုဘယ်လိုမှတ်ပြီး၊ဘယ်လိုဖျက်ဆီးကြတယ်ဆိုတာကိုလေ့လာနိုင်ခဲ့ကြကယ်လို့ဆန်နီယာဂိုးရှိကိုယ်ခံအားဗေဒဆိုင်ရာ(la.Jolla)သိပ္ပံမှကိုယ်ခံအားကလာပ်စည်းဆိုင်ရာကျွမ်းကျင်ပညာရှင်(Stephen. Schoenhergar)ကဆိုတယ်။ကင်ဆာဆေးတွေကိုဖော်စပ်နေကြတာဖွံ့ဖြိုးစသာရှိပါသေးတယ်။စမ်းသပ်မှုရလဒ်များအရကင်ဆာရောဂါတွေအတွက်အလားအလာရှိတဲ့ဆေးဝါးများစွာရှိလာပါပြီ။ဒါ့ပြင်ကင်ဆာဖြစ်ပွါးခြင်းမှကာကွယ်နိုင်ဖို့ဖြစ်တယ်။ဖော်စပ်နေတဲ့ဆေးတွေရဲ့ဦးတည်ချက်ကကင်ဆာရောဂါနဲ့ပက်သက်ပြီးကိုယ်ခံအားစနစ်ကိုလေ့ကျင့်ပေးဖို့ဖြစ်တယ်။
ဆေးဝါးပညာရှင်တွေကကင်ဆာကလာပ်စည်းတို့ရဲ့ပုံစံကဘယ်လိုဆိုတာသိရှိစေဖို့ကိုယ်ခံအားအဖွဲ့ကိုလေ့ကျင့် ပေးကြပါတယ်။ဒါမှကင်ဆာကလာပ်စည်းဖြစ်လာတာနဲ့ကိုယ်ခံအားအဖွဲ့ကမှက်မိပြီးရှာဖွေတိုက်ခိုက်ဖျက်ဆီးကြမှာဖြစ်တယ်။ရှိနှင့်ပြီး၊ကိုယ်ခံအားကုထုံးတွေနဲ့ခြားနားတာကဗီဇနည်းပညာသုံးမွမ်းမံထားတဲ့လာနာကိုယ်ခံအားတွေကိုအသုံးပြုခြင်းပါပဲ။အဆိုပါကင်ဆာတွေကရှိနှင့်ပြီကင်ဆာဆေးဝါးတွေနဲ့ကုသရတဲ့ကင်ဆာကလာပ်စည်းများကိုတိုက်ခိုက်ဖျက်ဆီးနိုင်ခြေရှိလာရာမှာလူနာရဲ့ကင်ဆာရောဂါကြီးထွားလာခြင်းနဲ့အခြားနေရာကိုကင်ဆာရောဂါကူးစက်ပြန့်ပ္ပါးခြင်းတို့ကိုရပ်တန့်စေကာကင်ဆာရောဂါပြန်ဖြစ်ခြင်းကိုလည်းတားဆီးနိုင်တယ်လို့ကျွမ်းကျင်သူတို့ကဆိုတယ်။
ကင်ဆာကုသဆေးအချို့ကိုဖော်စပ်ဖန်တီးကာလူနာရဲ့သွေးနမူနာထဲမှကိုယ်ခံအားကလာပ်စည်းတစ်မျိုး(Dendritic. Cells)ကိုရယူပြီးသက်ဆိုင်ရာကင်ဆာရဲ့အဓိကအသားဓာတ်တစ်မျိုးနဲ့ဓာတ်ခွဲခန်းအတွင်းမှာထိတွေ့လူံ့ဆော်မှုပြုပေးကြတယ်။သည်လိုထိတွေ့လှုံ့ဆော်မှုပြုပေးကြရာမှာထိတွေ့လှုံ့ဆော်တားတဲ့ကိုယ်ခံအားကလာပ်စည်းတို့ကိုလူနာကိုယ်ထဲပြန်ထည့်ပေးလိုက်တဲ့အခါသူတို့ကကိုယ်ခံအားကလာပ်စည်းနောက်တစ်မျိုး(T cells)ကိုလှုံ့ဆော်လျက်ကင်ဆာအစိုင်အခဲကိုတိုက်ခိုက်ပျက်ဆီး စေတယ်။
တီဆဲ(T-cells)ရဲ့သဘာဝကကင်ဆာကလာပ်စည်းများကိုမှတ်မိရှာဖွေကာကွယ်ပြီး၊ကင်ဆာကလာပ်စည်းမှာအပေါက်ဖောက်ကာဖျက်ဆီးပစ်ကြပါလိမ့်မယ်။ဒါပေ့မယ့်အခုစမ်းသပ်နေတဲ့ဆေးတွေဟာအစိုင်အခဲကြီးမားတဲ့ကင်ဆာများကိုတိုက်ခိုက်ဖျက်ဆီးဖို့၊လုံလောက်တဲ့တီဆဲ(T cells)များကိုစထုတ်လုပ်မပေးနိုင်သေးပါဘူး။ဒါကြောင့်ကင်ဆာအစိုင်အခဲသေးငယ်စဉ်မှာသာထိရောက်နိုင်ပါတယ်။သုတေသီတွေကကင်ဆာကုသမှုကိုအားဖြည့်တဲ့အနေနဲ့အခြားကင်ဆာတိုက်ခိုက်တဲ့၊ကိုယ်ခံအားတုံ့ပြန်မှုကောင်းစေတဲ့ဆေးတွေကွဲဖက်ကုသကြည့်ကြပါတယ်။
ဒါပြင်သုတေသီတို့ကကိုဗစ်(louiar 4)ဆေးဖော်စပ်တဲ့ဗီဇမျှင်နည်းပညာကိုသုံးပြီး၊ကင်ဆာဆေးတို့ကိုဖော်စပ်ကာကင်ဆာအစိုင်အခဲ၊အသားဓာက်တို့ကိုထုတ်လုပ်ပြီးကိုယ်ခံအားတုံ့ပြန်မှုရရှိစေဖို့ကြိုးစား နေကြတယ်။ကင်ဆာဆိုင်ရာဇီဝဗေဒပညာရှင်များဟာပုံမှန်ကလာပ်စည်းများနဲ့ကင်ဆာကလာပ်စည်းကြားကွဲပြားတဲ့ဗီဇမျှင်အနေထားကိုရှာဖွေဖော်ထုတ်ခဲ့ကြတယ်။သိရှိလာတဲ့အချက်အလက်များမှတစ်ဆင့်ကင်ဆာကလာပ်စည်းမျက်နှာပြင်ရှိသီးသန့်အသားဓာတ်များကိုဖန်တီးကာကိုယ့်တီဆဲကလာပ်စည်း(T_cells)များကိုမှတ်မိအောင်လှုံဆော်လျက်ကင်ဆာကလာပ်စည်းများတိုက်ခိုက်စေခြင်းဖြစ်တယ်။
တစ်ခုရှိတာကကင်ဆာဆေးတွေမှတ်သားတဲ့ကင်ဆာကလာပ်စည်းမျက်နှာပြင်ရှိအသားဓာတ်တွေဟာပုံမှန်ကလာပ်စည်းမျက်နှာပြင်မှာလည်းအနည်းအကျဉ်းရှိတတ်ကြလို့၊မလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်လာနိုင်ခြေရှိတယ်။ကိုယ့်ရဲ့ပုံမှန်ကလာပ်စည်းတွေကိုမှာယင်းတိုက်ခိုက်လာရင်ကုသဖို့ခက်ပါတယ်။
ခန္ဓာကိုယ်ရှိပင်ကိုယ်ကိုယ်ခံအားတွေကဖြစ်လာတဲ့ဗီဇရှည်ကိုသိရှိပြီး၊တိုက်ခိုက်သုတ်သင်ကြမှာပဲဖြစ်တယ်။ခုလိုထည့်ပေးလိုက်တဲ့ဆံညှပ်ပုံစံဗီဇမျှင်တို့နဲ့ကင်ဆာကလာပ်စည်းဗီဇမျှင်တို့ကိုချိတ်ဆက်ကာဗီဇမျှင်ရှည်ဖြစ်လာစေတဲ့နည်းစနစ်ဟာကင်ဆာကလာပ်စည်းများကိုပစ်မှက်ထားထိုက်ခိုက်တဲ့ကိုယ်ခံအားလုပ်ဆောင်ချက်ကိုဖြစ်ပေါ်စေပြီး၊ဗီဇအခြေခံဓာက်ပစ္စည်းများအရင်နည်းစနစ်တွေနဲ့ဆေးအသစ်ဖြစ်တယ်။
စမ်းသပ်မှုတွေကရလာတဲ့ရလဒ်များဟာဆေးပညာရှင်များ၊ဆေးဝါးဖော်စပ်မှုပညာရှင်များနဲ့ကင်ဆာဝေဒနာသည်များအတွက်သတင်းကောင်းဖြစ်တယ်။ကင်ဆာဝေဒနာသည်များဟာရွေးချယ်စရာကုထုံးသစ်ဖြစ်လာဖွယ်ရှိပါတယ်။အဆိုပါဆံညှပ်ပုံစံဗီဇမျှင်ကုထုံးဆေးနဲ့ပက်သက်ပြီးဆေးရဲ့ထိရောက်မှု၊စိတ်ချရမှု၊ဆိုးကျိုးများနဲ့ဆေးကိုဘယ်လိုပေးပြီးကုသနိုင်မယ်ဆိုတာတွေကိုလေ့လာကြပါလိမ့်မယ်။ယခုထိတော့ဆီးကျိတ်ကင်ဆာလူနာတွေကိုအလျင်စလိုဓာက်ကင်ခြင်း၊ခွဲစိက်ခြင်းပြုစရာမလိုအပ်ပဲ၊ကင်ဆာဆေးဝါးသစ်တွေနဲ့ရေရှည်ထိန်းသိမ်းနိုင်မှာဖြစ်တယ်။ ။