မန္တလေးမြို့တွင် ဆေးဆိုင်အား ဓားပြတိုက်ပြီး ငွေနှင့် ကျပ်သိန်း ၈၀၀ ခန့်တန်ဖိုးရှိ ရွှေထည်များ ယူဆောင်သွား

မန္တလေးမြို့တွင် ဆေးဆိုင်အား ဓားပြတိုက်ပြီး ငွေနှင့် ကျပ်သိန်း ၈၀၀ ခန့်တန်ဖိုးရှိ ရွှေထည်များ ယူဆောင်သွား
Published 25 July 2023

မန္တလေးမြို့တွင် ဆေးဆိုင်အား ဓားပြတိုက်ပြီး ငွေနှင့် ကျပ်သိန်း ၈၀၀ ခန့်တန်ဖိုးရှိ ရွှေထည်များ ယူဆောင်သွားမှု ဇူလိုင် ၂၄ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၆၂ လမ်း -၂၄ လမ်းနှင့် ၂၅ လမ်းကြားရှိ ဂျီဝမ်းဆေးဆိုင်တွင် ည ၈ နာရီခန့်က ဆိုင်ပိုင်ရှင်နှင့် အလုပ်သမားတို့ ဆေးဆိုင်သိမ်းနေစဉ် Honda fit အဖြူရောင်ယာဉ်ဖြင့် အမည်မသိအမျိုးသားငါးဦးခန့်သည် သေနတ်အရှည် အတိုများ ကိုင်ဆောင်၍ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းနောက် ၎င်းတို့ငါးဦးသည်  စစ်ဆေးစရာရှိသည်ဟုဆိုကာ နေအိမ်ရှိလူများအား လက်ပြန်ကြိုးတုပ်မှောက်ခိုင်းကာ ဈေးရောင်းချငွေ ကျပ်သိန်း ၃၀၀ ခန့်၊ ရွှေလက်ကောက် ၁၀ ကွင်း၊ နားကပ် ခြောက်ရံ၊ တစ်ဆယ်သားရွှေတုံး တစ်တုံး၊ ရွှေဘယက် နှစ်ကုံး ခန့်မှန်းတန်ဖိုးကျပ်သိန်း ၈၀၀ ခန့် ယူသွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

Most Read

Most Recent