အသင်း၏ စျေးကွက်အစီအစဉ်များအား ယုံကြည်မှုရှိရန် ပရိသတ်များကို ယာဂန်ကလော့ပ် တိုက်တွန်း

အသင်း၏ စျေးကွက်အစီအစဉ်များအား ယုံကြည်မှုရှိရန် ပရိသတ်များကို ယာဂန်ကလော့ပ် တိုက်တွန်း
Photo: Anything Liverpool
Photo: Anything Liverpool
Published 24 July 2023

လီဗာပူးလ်အသင်း၏နည်းပြ ယာဂန်ကလော့ပ်က ပရိသတ်များအနေဖြင့် အသင်း၏ စျေးကွက်အစီအစဉ်များကို ယုံကြည်မှုရှိရန် တိုက်တွန်းပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုနွေရာသီ အပြောင်းအရွှေ့တွင် အယ်လစ္စတာနှင့် ဆိုဘိုဆလိုင်းတို့ နှစ်ဦးကိုသာ ခေါ်ယူနိုင်သေးသဖြင့် ပရိသတ်များက အားမလိုအားမရဖြစ်နေသောကြောင့် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

''လွန်ခဲ့တဲ့(၇)နှစ်ခွဲတုန်းက သံသယရှိသူတွေကို ယုံကြည်သူတွေဖြစ်လာအောင် ပြောင်းလဲပစ်မယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အသင်းမှာ ဘာတွေဖြစ်ပျက်ပြီး ဘာတွေလိုအပ်သလဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ကို ယုံကြည်ပါလို့ ပဲ ပြောချင်ပါတယ်''ဟု ကလော့ပ်က ဆိုခဲ့သည်။

 

Most Read

Most Recent