Thai Airways International လေကြောင်းလိုင်းက ပျံသန်းမှု ရပ်နားထားသည့် ဘန်ကောက်-ရန်ကုန်-ဘန်ကောက် တိုက်ရိုက်လေကြောင်းခရီးစဉ်အား ဇူလိုင် ၁၆ ရက်မှစ၍ တစ်နေ့နှစ်ကြိမ် ပြန်လည်ပြေးဆွဲ

Thai Airways International လေကြောင်းလိုင်းက ပျံသန်းမှု ရပ်နားထားသည့် ဘန်ကောက်-ရန်ကုန်-ဘန်ကောက် တိုက်ရိုက်လေကြောင်းခရီးစဉ်အား ဇူလိုင် ၁၆ ရက်မှစ၍ တစ်နေ့နှစ်ကြိမ် ပြန်လည်ပြေးဆွဲ
Published 17 July 2023

Thai Airways International လေကြောင်းလိုင်းက ပျံသန်းမှုရပ်နားထားသည့် ဘန်ကောက်-ရန်ကုန်-ဘန်ကောက် တိုက်ရိုက်လေကြောင်း ခရီးစဉ်အား ဇူလိုင် ၁၆ ရက် မှစတင်ကာ တစ်နေ့နှစ်ကြိမ် ပြန်လည်ပြေးဆွဲ ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါလေကြောင်းလိုင်း ခရီးစဉ် ပြန်လည်ပြေးဆွဲ ပျံသန်းခြင်းအခမ်းအနားနှင့် ရေဖျန်းမင်္ဂလာပြုလုပ်ခြင်းအစီအစဉ်ကို ဇူလိုင် ၁၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ Terminal-1 တွင်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး HE.Mr.Mongkol Visitstump ၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေမန်နေဂျာ ဦးအောင်မြင့်သိန်းနှင့် Thai Airways International လေကြောင်း လိုင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Thai Airways International လေကြောင်းလိုင်းသည် ဘန်ကောက်-ရန်ကုန်- ဘန်ကောက် တိုက် ရိုက်လေကြောင်း ခရီးစဉ်အား TG 302(Morning Flight) ၊ TG 304(Evening Flight)တို့ဖြင့် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေ့စဉ် တစ်နေ့လျှင် နှစ်ကြိမ်ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၁၈ ခုက လေကြောင်းခရီးစဉ် ၂၂ ခုအား ပျံသန်းနေပြီး မကြာမီ နိုင်ငံတကာ လေကြောင်းလိုင်းများ ထပ်မံတိုးချဲ့ ပျံသန်းသွားရန်ရှိနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

“ခုလက်ရှိမှာတော့ ပြည်ပလေကြောင်း လိုင်း ၁၈ ခုက နိုင်ငံတကာလေကြောင်း ခရီးစဉ် ၂၂ ခုကို ပျံသန်းနေတာဖြစ်ပြီး ပြည်တွင်းလေကြောင်းလိုင်းအနေနဲ့ လေကြောင်းလိုင်းသုံးခုက ပြည်တွင်းခရီးစဉ်တွေကို ပျံသန်းနေတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ရန်ကုန်လေဆိပ်နဲ့ ချိတ်ဆက်ပြီး ပျံသန်းမယ့် နိုင်ငံတ ကာလေကြောင်းလိုင်းတွေ ထပ်မံရောက်ရှိလာဦးမှာဖြစ်ပါတယ်” ဟု ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံပိုင်အမျိုးသားလေကြောင်းလိုင်း ခရီးသည်များအနေဖြင့် MNA Mobile Application အသုံးပြုပြီး ခရီးစဉ်အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများကိုပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application ကို အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MNA application တွင် Search flights ,Book flight, Make payment,Check flight status, Manage booking, Online Check-in နှင့် E-Boarding Pass ထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၁၇ ခုက လေကြောင်းခရီးစဉ် ၂၁ ခုအား ပျံသန်းနေပြီး မကြာမီ နိုင်ငံတကာလေကြောင်းလိုင်းများ ထပ်မံတိုးချဲ့ပျံသန်းသွားရန်ရှိနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက မန္တလေး-မုံရွာ-မြစ်ကြီးနား-မုံရွာ-မန္တလေး ခရီးစဉ်သစ်အား ATR 72-600 လေယာဉ်ဖြင့် ဇူလိုင် ၁၀ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက Sole Charterer - Interconnection Travels နှင့် ပူးပေါင်း၍ လာမည့် စက်တင်ဘာမှ စတင်ကာ ရန်ကုန်-ဂယာ-ရန်ကုန် ခရီးစဉ်ကို လေယာဉ်စင်းလုံးငှားခရီးစဉ် ပျံသန်းမည် ဖြစ်ကြောင်းသတင်း ရရှိသည်။

ရန်ကုန်-ဂယာ-ရန်ကုန်ခရီးစဉ်ကို လေယာဉ်စင်းလုံးငှားခရီးစဉ်တွင် အသွား အပြန်ခရီးစဉ်လက်မှတ်အား ၄၃၅ ဒေါ်လာမှစတင်ရောင်းချမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် မိမိသွားရောက်မည့် နိုင်ငံမှ လိုအပ်သော အထောက်အထားများ၊ COVID-19 Restriction သတ်မှတ်ချက်များကို အတိအကျလိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent