ရှမ်းပြည်နယ်တောင်ပိုင်းထွက် ကုန်စိမ်းသီးနှံများ စျေးနှုန်းမြင့်တက်နေပြီး ချင်း(ဂျင်း)စျေး  စံချိန်တင် မြင့်တက်နေကြောင်းသိရ

ရှမ်းပြည်နယ်တောင်ပိုင်းထွက် ကုန်စိမ်းသီးနှံများ စျေးနှုန်းမြင့်တက်နေပြီး ချင်း(ဂျင်း)စျေး  စံချိန်တင် မြင့်တက်နေကြောင်းသိရ
Published 3 June 2023
စည်သာ

ရှမ်းပြည်နယ် တောင်ပိုင်းထွက် ကုန် စိမ်းသီးနှံများ စျေးနှုန်းမြင့်တက်နေပြီး ချင်း (ဂျင်း)စျေး စံချိန်တင် မြင့်တက်နေကြောင်း ဇွန်လ ၂  ရက်တွင်  အောင်ပန်း ကုန်စည်ရောင်း ဝယ်ရေးပွဲရုံထံမှ သိရသည်။

ရှမ်းတောင်ဒေသထွက် ချင်းအခက် စျေးနှုန်းသည် မေလ တတိယပတ်မှ စတင်၍ စတင် စျေးတက်လာခြင်းဖြစ်ပြီး မေလကုန် ပိုင်းတွင် တစ်ပိဿာ ကျပ်  ၅၀၀၀၊ ၆၀၀၀ နှုန်းမှ ဆက်တိုက်မြင့်တက်လာကာ ဇွန်လ ၂ ရက်တွင် ချင်းအခက် တစ်ပိဿာ ကျပ် ၇၃၀၀  အထိ စံချိန်တင် စျေးမြင့်တက်လာခြင်း ဖြစ် ကြောင်း သိရသည်။

ထိုသို့ ချင်းစျေးနှုန်းတက်လာရခြင်းမှာ ပစ္စည်းရှားပါးလာခြင်းနှင့် ဝယ်လိုအားမြင့်တက်ခြင်းတို့ကြောင့် စျေးနှုန်း မြင့်တက်ခြင်း ဖြစ်ကြောင်း၊ နောက်တစ်လ ဇူလိုင်လ ခန့်တွင် ချင်း ဥမထွက်ရှိချိန် စျေးနှုန်းအနည်းငယ် ကျ ဆင်းသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။         

အဆိုပါ ချင်းတစ်ပိဿာ ကျပ် ၇၃၀၀ စျေးတန်းသည် ချင်းရှားပါးသော ရာသီ ဆက် တိုက် စျေးနှုန်း မြင့်တက်နိုင်မည်ဟု ချင်း ရောင်းဝယ်ရေး ပွဲရုံများက ခန့်မှန်းထားကြ သည်။

ချင်းသည် စိုက်ပျိုးချိန်မှ လေးလတွင် စတင် တူးဖော်ရောင်းချကြပြီး ချင်းနု ဥမ ပေါ် ချိန်တွင် စျေးကျမည်ဖြစ်ကြောင်း၊ သက်တမ်း ရင့် ချင်းအခက်များသည် ထွက်နှုန်း နည်း လာသဖြင့် စျေးနှုန်း မြင့်တက်လာခြင်းဖြစ် ကြောင်း၊ ချင်းစျေးနှုန်းတစ်ပိဿာ စျေးနှုန်း ကျပ် ၇၃၀၀ အထိ ဖြစ်သော်လည်း ပစ္စည်းရှား ပါးနေသေးကြောင်း အောင်ပန်း ကုန်စည် ရောင်းဝယ်ရေးပွဲရုံထံမှ သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်းထွက် အာလူး ၊ ဂေါ်ဖီ၊ ပန်းမုန်လာ၊ လက်ဖက်ခြောက် တို့သည်လည်း စျေးနှုန်း အနည်းငယ် တက်နေ ကြောင်းသိရသည်။ ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီးသည် စျေးနှုန်း ကျဆင်းနေပြီး တောင်သူများ အမြတ်နည်းနေကြောင်း သိ ရသည်။ ကုန်ပေါ်သီး ခရမ်းချဉ်သီးစျေးနှုန်း တစ်ပိဿာ ကျပ် ၁၀၀၀ မှစျေးနှုန်း အသီးသီး ပေါက်စျေးရှိကြောင်း သိရသည်။ 



 

Most Read

Most Recent