မနှစ်ကခြေစွမ်းမျိုး မပြသနိုင်ခြင်းအပေါ် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ရှင်းလင်း

မနှစ်ကခြေစွမ်းမျိုး မပြသနိုင်ခြင်းအပေါ် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ရှင်းလင်း
Published 23 October 2018

လီဗာပူးလ်အသင်းနည်းပြဖြစ်သူ ယာ ဂန်ကလော့ပ်က ယခုရာသီတွင် မိမိတို့အသင်း မနှစ်ကလို ခြေစွမ်းမျိုး မပြသနိုင်ခြင်းမှာ စိတ် ကြိုက်အရုပ်ကိုမရသည့် ခွေးတစ်ကောင်၏ စိတ်ခံစားချက်မျိုးကြောင့်ဖြစ်ကြောင်း မီဒီယာ များကို ရှင်းလင်းပြောကြားသွားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုနှစ် ပရီး မီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ် (၉)ပွဲအပြီး (၇) ပွဲနိုင် (၂)ပွဲသရေရလဒ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးမှ မန်စီးတီးအသင်းနှင့်အတူ အမှတ် တူအနေအထားတွင် ရပ်တည်နေသော်လည်း အသင်း၏ ကစားပုံနှင့် တိုက်စစ်စွမ်းဆောင် ရည်တို့မှာ ပြီးခဲ့သည့်ရာသီကလို အနေအထားမျိုးမဟုတ်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့ သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဟတ်ဒါဖီးလ်အသင်းကို ဆာလာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပြိုင်ပွဲစုံ နောက်ဆုံး (၅)ပွဲတွင် လီဗာပူးလ်အသင်း၏ သွင်းဂိုးအရေအတွက်မှာ (၃)ဂိုးသာ ရှိခဲ့ပြီး ယင်းအခြေအနေမှာ ပြီးခဲ့သည့်ရာသီက တိုက်စစ်မျိုးနှင့် နှိုင်းယှဉ်ပါက အလွန်အားနည်း လျက်ရှိနေသည်။

လီဗာပူးလ်အသင်းသည် ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ် (၉)ပွဲအပြီး (၇) ပွဲနိုင် (၂)ပွဲသရေရလဒ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးမှ မန်စီးတီးအသင်းနှင့်အတူ အမှတ် တူအနေအထားတွင် ရပ်တည်နေသော်လည်း အသင်း၏ ကစားပုံနှင့် တိုက်စစ်စွမ်းဆောင်ရည်တို့မှာ ပြီးခဲ့သည့်ရာသီကလို အနေအထားမျိုးမဟုတ်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့ သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဟတ်ဒါဖီးလ် အသင်းကို ဆာလာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပြိုင်ပွဲစုံ နောက်ဆုံး (၅)ပွဲတွင် လီဗာပူးလ်အသင်း၏ သွင်းဂိုးအရေအတွက်မှာ (၃)ဂိုးသာ ရှိခဲ့ပြီး ယင်းအခြေအနေမှာ ပြီးခဲ့သည့်ရာသီက တိုက် စစ်မျိုးနှင့် နှိုင်းယှဉ်ပါက အလွန်အားနည်း လျက်ရှိနေသည်။

ယင်းအတွက်ကြောင့် မီဒီယာများက ယမန်နှစ်က တိုက်စစ်ပုံစံမျိုး ပြန်လည်မပြသ နိုင်ခြင်းအပေါ် သုံးသပ်ပေးရန် မေးမြန်းခဲ့ရာ ကလော့ပ်က ''ကျွန်တော့်အသင်းက တိုး တက်မှုတွေ ရှိလာပါတယ်။ (၁-၀)ဂိုးနဲ့သာ ကျွန်တော်တို့ အနိုင်ရခဲ့ပေမယ့် ခံစစ်ပိုင်း တည်ဆောက်မှုပုံစံက ပြောင်းလဲသွားခဲ့ပါ တယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အသင်း ရဲ့ အဓိကခွန်အားက ပြိုင်ဘက်အသင်း ခံစစ် ကို အဆက်မပြတ် ဖိအားပေးထားတဲ့ High Pressing ပုံစံကြောင့်ဖြစ်ပါတယ်။ သဘော တရားကတော့ ခွေးတစ်ကောင်လိုပါပဲ။ သူ့ကို သူ့စိတ်ကြိုက်အရုပ်တစ်ခု မပစ်ပေးတဲ့အခါ သူက ဒါကို လိုချင်မှာမဟုတ်ပါဘူး။ သူ့စိတ် ကြိုက်အရုပ်ကိုပဲ လိုချင်တာပါ။ လီဗာပူးလ် ကစားသမားတွေကလည်း မနှစ်က ကစားခဲ့ တဲ့ High Press ပုံစံကိုပဲ ကစားချင်နေပါ တယ်။ ဒါကြောင့် အသင်းရဲ့ကစားပုံမှာ အား နည်းချက် အနည်းငယ်ရှိနေပါတယ်။ ဒါပေမဲ့ တိုးတက်လာပါတယ်။ တစ်ဆင့်ချင်း ပြောင်း လဲလာမှာဖြစ်ပြီး ခြားနားမှုတွေကို လုပ်ပြနိုင် ပါလိမ့်မယ်။ အခုဆိုရင် ကျွန်တော်တို့အသင်း ရဲ့ကွင်းလယ်က ပြိုင်ဘက်အသင်းအပေါ် ဖိအားပေးတဲ့ပုံစံက မနှစ်ကထက် ပိုအား ကောင်းလာခဲ့ပါတယ်။ ကျွန်တော်တို့ အခု ဖြစ်နေတဲ့ပြဿနာက ကျွန်တော်တို့အသင်း ဘောလုံးကိုင်ကစားတဲ့အချိန်မှာ ကောင်း ကောင်းမကစားနိုင်တဲ့ပြဿနာဖြစ်ပြီး မကြာ ခင် ပိုကောင်းလာလိမ့်မယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်''ဟု ပြောကြားသွားခဲ့သည်။