ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၁၇ ခုက လေကြောင်းခရီးစဉ် ၂၁ ခုကို ပျံသန်းနေပြီး မကြာမီ နိုင်ငံတကာလေကြောင်းလိုင်းများ ထပ်မံတိုးချဲ့ပျံသန်းသွားရန်ရှိနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၁၇ ခုက လေကြောင်းခရီးစဉ် ၂၁ ခုကို ပျံသန်းနေပြီး မကြာမီ နိုင်ငံတကာလေကြောင်းလိုင်းများ ထပ်မံတိုးချဲ့ပျံသန်းသွားရန်ရှိနေ
Published 3 May 2023

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၁၇ ခု က လေကြောင်းခရီးစဉ် ၂၁ခုအား ပျံ သန်းနေပြီး မကြာမီ နိုင်ငံတကာ လေကြောင်းလိုင်းများ ထပ်မံတိုးချဲ့ ပျံသန်းသွားရန်ရှိနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

“ခုလက်ရှိမှာတော့ ပြည်ပလေကြောင်းလိုင်း ၁ရခုက နိုင်ငံတကာလေကြောင်း ခရီးစဉ် ၂၁ခုကို ပျံသန်းနေတာဖြစ်ပြီး၊ ပြည်တွင်း လေကြောင်းလိုင်းအနေနဲ့ လေကြောင်းလိုင်း သုံးခုက ပြည်တွင်းခရီးစဉ်တွေကို ပျံသန်းနေ တာဖြစ်ပါတယ်။ မကြာခင်မှာလည်း ရန်ကုန်လေဆိပ်နဲ့ ချိတ်ဆက်ပြီး ပျံသန်းမယ့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ထပ်မံရောက် ရှိလာဦးမှာဖြစ်ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဧပြီလ ၂၆ရက် က တရုတ်နိုင်ငံလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Xiamen Airlines လေကြောင်း လိုင်း၏ ရှာ့မန်-ရန်ကုန်တိုက်ရိုက် လေ ကြောင်းခရီးစဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့သည်။

ဧပြီ ၂၆ရက်ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃ဝမိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှာ့မန်မြိုကမှ ခရီးသည် ၁၅၂ ဦးဖြင့် ပျံသန်းဆိုက်ရောက်လာသော Xiamen Airlines ၏ လေယာဉ်အမှတ် MF 8669/70 အား ရန်ကုန်လေဆိပ်မှ ကြိုဆိုခဲ့ပြီး ဆိုက်ရောက် ခရီးသည်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Xiamen Airlines မှ ရန်ကုန်မြို့နှင့် ရှာ့မန်မြို့အကြား အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် သုံးကြိမ် တိုက်ရိုက်ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Singapore Airlines က လေယာဉ် အမျိုးအစားအသစ် အဆင့်မြှင့်တင်မှုအဖြစ် Boeing 737-8 အမျိုးအစားလေယာဉ်အသစ်အား အသုံးပြု၍ စင်ကာပူ-ရန်ကုန်-စင်ကာပူ ခရီးစဉ်အား စတင်ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၃ ခုနှစ် မတ် ၂၆ ရက်က Singpore Airlines သည် Boeing 737-8 အမျိုးအစားလေယာဉ်အသစ်အား အသုံးပြု၍ စင်ကာပူ-ရန်ကုန်-စင်ကာပူခရီးစဉ်အား ဆိုက်ရောက်ခရီးသည် ၁၀၆ ဦး၊ ထွက်ခွာခရီးသည် ၁၅၀ ဦးဖြင့် စတင်ပျံသန်းခဲ့ရာ စင်ကာပူလေကြောင်းလိုင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ ခရီးသည်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကြိုဆိုခဲ့ကြသည်။

အဆိုပါ Boeing 737-8 လေယာဉ် အမျိုးအစားအသစ်သည် စင်ကာပူလေကြောင်းလိုင်းပိုင် လေယာဉ်များ၏ တစ်စိတ် တစ်ဒေသဖြစ်လာပြီဖြစ်ပြီး၊ လေယာဉ်အမျိုးအစားအသစ် အဆင့်မြှင့်တင်မှုများဖြင့် ပိုမိုကောင်းမွန်၍ ဘေးကင်းလုံခြုံသောလေကြောင်း ခရီးသွားအတွေ့အကြုံအား ခရီးသည်များထံ ပေးအပ်နိုင်မည်ဟု သိရသည်။

စင်ကာပူ-ရန်ကုန်-စင်ကာပူ ခရီးစဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဆိုက်ရောက်ဒေသစံတော်ချိန် ၀၉-၂၀ မိနစ်၊ ထွက်ခွာဒေသစံတော်ချိန် ၁၀-၂၀ မိနစ်ဖြင့် နေ့စဉ်ပျံသန်းသွားမည်ဟု သိရသည်။

နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ကို နေ့စဉ် တစ်ကြိမ်ပျံသန်းနေရာမှ ဧပြီ ၂၃ ရက်မှစတင်ကာ တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် တစ်ရက်လျှင် နှစ်ကြိမ် ပျံသန်းသွားမည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ် ကို ၃၈၀ ဒေါ်လာ၊ ရန်ကုန်-ဘန်ကောက်ခရီး စဉ်ကို ၈၉ ဒေါ်လာနှင့် ရန်ကုန်-ချင်းမိုင် ခရီး စဉ်ကို ၁၆၀ ဒေါ်လာမှ စတင်ရောင်းချပေးနေကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA Mobile Application ဖြင့် ခရီးစဉ် အချက်အလက်များ ကြည့်ရှုနိုင်မည့်အပြင် လက်မှတ်ဝယ်ယူမှုနှင့် ငွေပေးချေမှုများကိုပါ အလွယ်တကူ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ်များအား ဝယ်ယူရန် ဘိုကင်ပြုလုပ်ထားသော ခရီးသည်များအနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် ticket number ထည့်သွင်း၍ စစ်ဆေးကြည့် ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent