၂၀၂၃ ခုနှစ် သုံးလအတွင်း  ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၁၅၈ စင်း ဝင်ရောက်ခဲ့ပြီး ဧပြီ ၂၈ ရက်အထိ ကုန်သေတ္တာတင်သင်္ဘော ၄၇ စင်း ဝင်ရောက်ထား

၂၀၂၃ ခုနှစ် သုံးလအတွင်း  ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၁၅၈ စင်း ဝင်ရောက်ခဲ့ပြီး ဧပြီ ၂၈ ရက်အထိ ကုန်သေတ္တာတင်သင်္ဘော ၄၇ စင်း ဝင်ရောက်ထား
Published 28 April 2023

၂၀၂၃ ခုနှစ် သုံးလတာအတွင်း  ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင် သင်္ဘော ၁၅၈ စင်း ဝင်ရောက်ခဲ့ပြီး ဧပြီ ၂၈ ရက်ထိ ကုန်သေတ္တာတင်သင်္ဘော ၄၇ စင်း ဝင်ရောက်ထားကြောင်း သိရသည်။

လက်ရှိဧပြီလအတွင်း ကုန်သေတ္တာတင် သင်္ဘော အစီးရေ ၅၀ ဝင်ရောက်ရန် လျာထား ခြင်းဖြစ်သည်။

 ပြီးခဲ့သည့် ၂၀၂၂ခုနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင် သင်္ဘော ၆၅၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီတွင် သင်္ဘော ၅၂ စင်း၊ ဖေဖော်ဝါရီတွင်  ၅၁ စင်းဝင်ရောက်၍ဆိပ် ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းများတွင်၂၀၂၂ နိုဝင်ဘာလအတွင်း ကုန်သေတ္တာတင်သင်္ဘော ၅၁ စင်း၊ ဒီဇင်ဘာတွင် သင်္ဘော  ၅၄ စင်း ဝင်ရောက်၍ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ကုန်သေတ္တာတင်သင်္ဘောစီးရေ ၅၀၊ စက်တင်ဘာတွင်သင်္ဘော ၅၅ စင်း၊ သြဂုတ်လတွင် ကုန်သေတ္တာတင် သင်္ဘော ၅၅ စင်း၊ ဇူလိုင်လတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၅ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်းဝင်ရောက်၍ ကုန်တင် ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌  ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း ၊ မတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၀ စင်း၊ ဧပြီလတွင် သင်္ဘောလိုင်း ၁၄ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၂ စင်း၊ မေလတွင် နိုင်ငံတကာ သင်္ဘောလိုင်း ၁၂ ခု၏ ကုန်သေတ္တာတင် သင်္ဘော ၅၄ စင်း၊ ဇွန်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်း ဝင်ရောက်ခဲ့သည်။  

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ခုနှစ် မေလမှစတင်ကာ နိုင်ငံတကာ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင်ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့သည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ၂၀၂၁ ခုနှစ်မှ စတင်ကာ Maersk Line Myanmar (Sealand Maersk) သင်္ဘောလိုင်းက ကုန်သေတ္တာတင်သင်္ဘောသစ်သုံးစင်း စတင်ပြေးဆွဲခဲ့သည်။

ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMIT) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ် မကြာမီ ဖွင့်လှစ်ပြီး တန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း  ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ သြဂုတ် ၂၇ ရက်က တွေ့ဆုံခဲ့ရာတွင် အိန္ဒိယကောင်စစ်ဝန်နှင့် KMIT ဆိပ်ကမ်းတာဝန်ရှိသူများက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာချစ်ကြည်ရေးအစီအစဉ်အရ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့် KMIT @ Kaladan Multi-Transit Transport စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသစ်သည် မကြာမီစတင်လည်ပတ်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘော များ ဆိုက်ကပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်းအသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁ဝမီတာရှိသော နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ဝင်ထွက် သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent