သံဖြူဇရပ်မြို့နယ် ၀ါခရူကျေးရွာတွင် ဧပြီ ၂၈ ရက် နံနက်ပိုင်းက အသက် ၁၈ နှစ်အ ရွယ် လူငယ်တစ်ဦး မိမိကိုယ်ကိုယ်ဆွဲကြိုးချ သတ်သေမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။မိမိကိုယ်ကိုယ်ဆွဲကြိုးချသတ်သေခဲ့သူ မှာ ၀ါခရူကျေးရွာ တောင်ပေါက်အပိုင်းတွင် နေထိုင်သူ မောင်လင်းနိုင် (၁၈ နှစ်) ဆိုသူဖြစ် ကြောင်း၊ ဧပြီ ၂၈ ရက် နံနက် ၇ နာရီခန့်တွင် ၎င်းကို အဘွားဖြစ်သူက နေအိမ်ရှေ့ လှေကား အနီး အမြင့် ခုနစ်ပေခွဲခန့်ရှိသည့် ထုပ်တန်း တွင် နိုင်လွန်ကြိုးအား လည်ပင်းတွင် ကြိုး ကွင်းစွပ်အနေအထားဖြင့် ဆွဲကြိုးချနေသည် ကို တွေ့ရ၍ ပတ်ဝန်းကျင်ကို အကူအညီ တောင်းခံရာ အိမ်နီးချင်းတစ်ဦးက လာရောက် ပြီး ကြိုးအားဖြုတ်ယူကာ ဆေးရုံပို့ဆောင်ရန် ပြင်ဆင်နေချိန်တွင် သေဆုံးသွားခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြား သည်။
၎င်းက ဆက်လက်ပြီး “မောင်လင်းနိုင် က ပန်းရံလုပ်နေတယ်လို့ သိရတယ်။ သူက သူ့မိန်းမနဲ့ ကွဲနေတာ ခြောက်လလောက်ရှိပြီ လို့ သိရတယ်”ဟု ပြောကြားသည်။
မောင်လင်းနိုင်၏ ရုပ်အလောင်းတွင် ဝဲ/ယာ မေးရိုးအောက်လည်ပင်းနေရာနှင့် လည်ပင်းတစ်ဝိုက်ညိုမဲဒဏ်ရာ၊ ယောက်ျား အင်္ဂါမှ သုက်ရည်ထွက်လျက်သေဆုံးနေသည် ကိုတွေ့ရကြောင်း သက်ဆိုင်ရာဌာနထံမှ သိ ရသည်။
မောင်လင်းနိုင်၏ ရုပ်အလောင်းကို သံဖြူ ဇရပ်မြို့မှ ပိုင်ရှင်မဲ့လူမှုကူညီကယ်ဆယ်ရေး အဖွဲ့က သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၁၇ ရက်ကလည်း မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ဒေါင်းမင်းရပ် နေ အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသမီး တစ်ဦးမှာ ၎င်းင်း၏နေအိမ်တွင် ဆွဲကြိုးချသေ ဆုံးမှုဖြစ်ပွားခဲ့ကြောင်း၊ အလားတူ မတ် ၁၆ ရက်ကလည်း မွန်ပြည်နယ် ရေးမြို့နယ် ရန် ကြီးအောင်ရပ်ကွက်မှ အမျိုးသားတစ်ဦးမှာ လည်း ၎င်းင်း၏နေအိမ်အတွင်း ဆွဲကြိုးချသေ ဆုံးမှုဖြစ်ပွားခဲ့ကြောင်းနှင့် မတ် ၂၀ ရက် နံနက်ပိုင်းကလည်း ပေါင်မြို့ နယ် မုတ္တမမြို့ မြင်းတပ်ရပ်ကွက်နေ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးမှာလည်း ဆွဲကြိုးချသေဆုံး မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ ပြောကြား ချက်များအရ သိရသည်။