CTBTO ၏ အကြိမ် (၆၀) မြောက် အစည်းအဝေးသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး တက်ရောက်

CTBTO ၏ အကြိမ် (၆၀) မြောက် အစည်းအဝေးသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး တက်ရောက်
Published 16 March 2023

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ Vienna International Centre ၌ The Comprehensive Nuclear-Test-Ban Treaty Organization (CTBTO) Preparatory Commission ၏ အကြိမ် (၆၀) မြောက် Working Group B အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မတ် ၁၃ ရက်က ကျင်းပခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ယင်းအစည်းအဝေးကို မတ် ၁၃ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများအပေါ် စောင့်ကြည့်စစ်ဆေးရေးဆိုင်ရာအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ခြင်းနှင့် ပတ်သက်သည့် အတွင်းရေးမှူးရုံး၏ အစီရင်ခံစာအပေါ် ပြန်လည်သုံးသပ်အကဲဖြတ်ခြင်း၊ ၂၀၂၄-၂၅ ခုနှစ် Programme and Budget အဆိုပြုချက် (မူကြမ်း) အပေါ် လမ်းညွှန်ချက်များ ပံ့ပိုးပေးခြင်းနှင့် ၂၀၂၂-၂၃ ခုနှစ်၊ Working Group B ၏ လုပ်ငန်းအစီအစဉ်တွင် ပါဝင်သော နည်းပညာဆိုင်ရာ အခက်အခဲများကို ဖြေရှင်းခြင်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနိုင်ညီညီအောင် (အွန်လိုင်းစနစ်ဖြင့်) နှင့် ဗီယင်နာမြို့၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ ဒုတိယအတွင်းဝန် ဒေါ်မြတ်မ ဉ္ဇူပြုံးတို့လည်း ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent