ဖားကန့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးမှူး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဖားကန့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးမှူး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 15 March 2023

ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

မတ် ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာနေ လူဝင်မှုကြီးကြပ်ရေးမှူးဖြစ်သူ ဦးမြင့်လွင် (၅၅ နှစ်) သည် ၎င်းင်း၏နေအိမ် လိုင်းခန်း၌ရှိနေစဉ် အမျိုးသားလေးဦး (စိစစ်ဆဲ) က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်လွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိ ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ် ၄ ရက် ညနေပိုင်းကလည်း မော်ဝမ်း ရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ မတ် ၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဖားကန့်မြို့ နယ် မော်ဝမ်းရပ်ကွက်၌ သေနတ်ဖြင့်ပစ်ခတ် ခံရ၍ အမျိုးသားတစ်ဦးသေဆုံးကြောင်း သ တင်းအရ တာဝန်ရှိသူများက သွားရောက်စစ် ဆေးရာ အဆိုပါရပ်ကွက်နေ ကိုအောင်နိုင် (၄၀ နှစ်) သည် တစ်ဦးတည်း လမ်း လျှောက်လာစဉ် ‘ရွှေစည်းစိမ်’လက်ဖက်ရည်ဆိုင်ရှေ့အရောက် ၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား နှစ်ဦး (စိစစ်ဆဲ) က သေနတ် ဖြင့်ပစ်ခတ်ထွက် ပြေးသဖြင့် ကိုအောင်နိုင်တွင် ဒဏ်ရာများရရှိ ကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ခြင်းဖြစ် သည်။

Most Read

Most Recent