Hellbound 2 ဇာတ်လမ်းတွဲတွင် မွန်ဂွန်ယောင်း ပါဝင်သရုပ်ဆောင်မည်

Hellbound 2 ဇာတ်လမ်းတွဲတွင် မွန်ဂွန်ယောင်း ပါဝင်သရုပ်ဆောင်မည်
Photo: Soompi
Photo: Soompi
Published 6 March 2023

Netflix မှထုတ်လွှင့်ပြသခဲ့သည့် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ Hellbound ကို  Season 2 ဆက်လက်ရိုက်ကူးမည်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်မည့်သူများထဲ မင်းသမီးမွန်ဂွန်ယောင်းလည်း ပါလာသည်။

Hellbound သည် မကောင်းမှုကျူးလွန်သူများ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်ချိန်တန်လျှင် ကြောက်မက်ဖွယ်သတ္တဝါကြီးများ လာခေါ်သွားသည့်အကြောင်း ရိုက်ကူးထားသည့်ဇာတ်လမ်းဖြစ်ပြီး Hellbound 2 တွင် မွန်ဂိုယောင်း ပါမည်ဆိုသည့်သတင်းကြောင့် ပရိသတ်များလည်း စိတ်ဝင်စားနေကြသည်။

Season 1 တွင်  အေးဆေးတည်ငြိမ်သည့် ဇာတ်ရုပ်ဖြင့် တောင်ကိုရီးယားထိပ်တန်းမင်းသား ယူအာအင်းကို မြင်ခဲ့ရပြီး လက်ရှိ ၎င်းသည် မူးယစ်ဆေးမှုဖြင့် စစ်ဆေးခံနေရသည့်အတွက် Season 2 တွင် မပါဝင်နိုင်တော့ပေ။ ၎င်းနေရာအတွက် နောက်မင်းသားတစ်ဦးကို အစားထိုးထားသည်။

ဇာတ်လမ်းတွဲပြသစဉ်က Hellbound သည် လူကြည့်အများဆုံး Netflix ဇာတ်လမ်းတွဲများထဲ ပါခဲ့သည်။

Most Read

Most Recent