အရှိန်ပိုကောင်းလာသည့် အာဆီယံ ကုန်ထုတ်လုပ်မှုနှင့်  ၁၀ လအတွင်း ပထမအကြိမ်အဖြစ် တိုးတက်လာသည့် မြန်မာ့စက်မှုကဏ္ဍ

အရှိန်ပိုကောင်းလာသည့် အာဆီယံ ကုန်ထုတ်လုပ်မှုနှင့်  ၁၀ လအတွင်း ပထမအကြိမ်အဖြစ် တိုးတက်လာသည့် မြန်မာ့စက်မှုကဏ္ဍ
Published 5 March 2023

အရှိန်ပိုကောင်းလာသည့် အာဆီယံ ကုန်ထုတ်လုပ်မှု

အာဆီယံထုတ်လုပ်ရေးကဏ္ဍက ထုတ် လုပ်မှုနှင့်အော်ဒါသစ်များ တိုးရလာမှုအရှိန် ပိုကောင်းလာသောကြောင့် ထုတ်လုပ်ရေးအခြေအနေများ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရှေ့ဆက်တိုးတက်လာကြောင်း  S&P Global PMI နောက်ဆုံးရ ဒေတာက ဖော်ပြ ထားသည်။

အားတက်စရာကောင်းသည်မှာ ပစ္စည်း ပေးသွင်းမှု ကြာမြင့်ချိန်များ ဖေဖော်ဝါရီလ တွင် တည်ငြိမ်လာခဲ့သည်။

အဓိကအကျဆုံး  S&P Global ထုတ်လုပ်မှုဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း ကိန်း (PMI) သည် ဖေဖော်ဝါရီလ၌ တိုးတက် ထုတ်လုပ်မှုနယ်ပယ်ထဲတွင်  ၁၇ လဆက်တိုက် မှတ်တမ်းတင်ခဲ့သည်။ ထို့ပြင် ကဏ္ဍတစ်ဝန်း က တိုးတက်ထုတ်လုပ်မှုအရှိန်မှာ မကြာသေး မီက ဒီဇင်ဘာလ၏ နိမ့်ကျနေရာမှာ မြင့်တက် လာခဲ့ပြီး အညွှန်းကိန်းမှာ ဇန်နဝါရီလ၏ ၅၁ ဒသမ ၀ မှ ၅၁ ဒသမ ၅ သို့ ရောက်ရှိခဲ့သည်။

ကုန်ထုတ်လုပ်ရေးတိုးတက်မှုကို အာဆီ ယံ အဖွဲ့ဝင်နိုင်ငံအားလုံးတွင် နှစ်နိုင်ငံမှအပ တွေ့ခဲ့ရပြီး ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီလ တွင် တိုးတက်ထုတ်လုပ်မှုမှာ နှစ်လဆက်တိုက် ရှေ့ဆုံးမှဦးဆောင်နေသည်။ ထိုင်းထုတ် လုပ်သူတို့၏တိုးတက်မှုမှာ မှတ်တမ်းထဲတွင် ဒုတိယအမြန်ဆုံးနှုန်း ဖြစ်လာသည်။

ဖိလစ်ပိုင်ထုတ်လုပ်သူတို့၏ကဏ္ဍသည်  ဒုတိယအကောင်းဆုံးထုတ်လုပ်မှုအခြေအ နေများကို မှတ်တမ်းတင်ခဲ့ကြသည်။ ပူးတွဲ လျက် တတိယနေရာတွင် ရှိနေကြသည့် အင် ဒိုနီးရှားနှင့် ဗီယက်နမ်နှစ်နိုင်ငံစလုံးမှ ထုတ် လုပ်မှုကဏ္ဍများက အသင့်အတင့်တိုးတက်မှု ကို မှတ်တမ်းတင်ခဲ့ကြပြီး ၎င်းတို့၏ဖေဖော်ဝါရီ PMI မှာ ၅၁ ဒသမ ၂ တွင်ရှိနေသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံ သည် လုပ်ငန်းအခြေအနေများ ကိုးလဆက် တိုက် ဆုတ်ယုတ်လာမှု၏နောက်တွင် ဖေ ဖော် ၀ါရီ၌  ၅၁ ဒသမ ၁ တိုးတက်မှုဆီ ပြန်လည် ဦးမော့နိုင်ခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြ ထားသည်။

စင်ကာပူကမူ စစ်တမ်း၏နောက်ဆုံးသုံး လအတွင်းမှာ ဒုတိယအကြိမ် အကျဘက်သို့  ရောက်သွားသည်။ ထုတ်လုပ်မှုအခြေအနေ များ ဆုတ်ယုတ်မှုမှာ အနည်းအကျဉ်းသာ (၄၉ ဒသမ ၇) ဖြစ်ခဲ့သော်လည်း နောက် ဆုံးတစ်နှစ် ခွဲအတွင်း မြင်ခဲ့ရသည့် အား ကောင်းခဲ့သော တိုးတက်မှုနှုန်းများနှင့် နှိုင်း ယှဉ်လျှင် သိသာသည့်ကျဆင်းမှုဖြစ်သည်။

နောက်ဆုံးဖြစ်သော မလေးရှားနိုင်ငံမှာ မူ အဖွဲ့ဝင်နိုင်ငံများထဲက အဆိုးရွားဆုံးစွမ်း ဆောင်ရည်ကို နှစ်လဆက်တိုက် ပြသခဲ့သည်။  စက်မှုကဏ္ဍ၏ အခြေအနေမှာ လွန်ခဲ့သော စက်တင်ဘာမှစပြီး လစဉ်ကျဆင်းလာခဲ့ ကြောင်း၊ သို့သော်လည်း ၄၈ ဒသမ ၄ တွင်ရှိ နေသည့် နောက်ဆုံး PMI က လေးလအတွင်း အားအပျော့ဆုံးကျဆင်းမှုကို ဖော်ပြနေ သည်ဟု သိရ သည်။

“အာဆီယံထုတ်လုပ်ရေးကဏ္ဍက ဖေဖော်ဝါရီလအတွင်းမှာ ထုတ်လုပ်မှုအခြေအနေတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတယ် လို့ အစီရင်ခံကြပါတယ်။ ထုတ်လုပ်မှုမှာ မှတ် တမ်းထဲက အမြန်ဆုံးနှုန်းနဲ့ တိုးလာခဲ့လို့ စက် မှုကဏ္ဍတစ်ဝန်းက တိုးတက်ထုတ်လုပ်မှုနှုန်း ဟာ လေးလအတွင်း အမြန်ဆုံးဖြစ်လာပါ တယ်။ စက်ရုံအော်ဒါများပါ ပိုမြန်တဲ့နှုန်းနဲ့ တိုးရလာခဲ့ပြီး အလုပ်နေရာများရဲ့ ပမာဏ တွေဟာ နာလန်ပြန်ထူလာနိုင်ပြီး လေးလအ တွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မသိမသာ မြင့်တက်လာခဲ့ပါတယ်”ဟု အာဆီယံကုန်   ထု တ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေး ပါရဂူဖြစ်သူ Maryam Baluch က ပြောကြားခဲ့သည်။

S&P Global အာဆီယံထုတ်လုပ်မှု PMI ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိ လစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများ မှ ထုတ်လုပ်သူ ၂၁၀၀ ခန့်ပါဝင်သည့်အဖွဲ့ များမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိ သည့်ဖြေကြားချက်များအပေါ်အခြေခံပြီး  S&P Global မှ တွက်ချက်ကြောင်း သိရ သည်။

အဓိကအကျဆုံးကိန်းဂဏာန်းမှာ ထည့် ကုန်ဝယ်ယူရေးမန်နေဂျာများ၏အညွှန်း Purchasing Manager’s Index – PMI ဖြစ် သည်။ PMI မှာ အောက်ပါအညွှန်းငါးခုတို့၏ ချိန်ဆတွက်ထားသည့်ပျမ်းမျှဂဏာန်းဖြစ် သည်။အော်ဒါသစ်များ(၃၀ ရာခိုင်နှုန်း)၊ထုတ် လု်ပမှု(၂၅ရာခိုင်နှုန်း)၊ အလုပ်နေရာ(ရာခိုင် နှုန်း ၂၀)၊ ပစ္စည်းပေးသွင်းသူတို့၏ပေးသွင်းမှု ကြာမြင့်ချိန်များ(၁၅ ရာခိုင်နှုန်း)နှင့် သိုလှော င်ထားသည့်ထည့်ကုန်များ (၁၀ ရာခိုင်နှုန်း) ဖြစ်သည်။

၁၀ လအတွင်း ပထမအကြိမ်အဖြစ် တိုးတက်လာသည့် မြန်မာ့စက်မှုကဏ္ဍ

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏  လုပ်ကိုင်မှုအခြေအနေများ ၁၀ လအတွင်း  ပထမအကြိမ်အဖြစ် တိုးတက်လာကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွက် ထုတ်ပြန်သည့် S&P Global  မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအစီရင်ခံစာတွင် ဖော်ပြ ထားသည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရ ရှိသည့်ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။

 “ဖေဖော်ဝါရီဒေတာက နှစ်ဆန်းပိုင်းမှာ  မြန်မာနိုင်ငံထုတ် ကုန်စည်များအတွက် ဝယ် လိုအား ပြန်အားကောင်းလာခဲ့မှုကို စစ်တမ်း နောက်ဆုံးလအထိ ဆွဲဆန့်ပေးလိုက်မှုကို ပြ သနေပြီး ထုတ်လုပ်မှုရော အော်ဒါအသစ်များ ပါ ပိုမြန်တဲ့နှုန်းနဲ့ တိုးလာခဲ့မှုကြောင့် ဖြစ်ခဲ့ပါ တယ်။ အဲဒါရဲ့ရလဒ်အဖြစ် အဓိကအကျဆုံး အညွှန်းကိန်းကို အရေးကြီးတဲ့အမှတ် ၅၀ ဒသမ ၀ အထက်သို့ ၁၀ လအတွင်းမှာ ပထမအကြိမ်  ပြန်ဆွဲတင်နိုင်ခဲ့ပြီး ထုတ်လုပ် ရေးကဏ္ဍအခြေအနေ အသင့်အတင့်တိုး တက်လာမှုကို အချက်ပြလိုက်ပါတယ်။အား ကောင်းလာနေ တဲ့ ဝယ်လိုအားကို ဖြည့်တင်း ပေးဖို့ ဝယ်ယူမှုများကိုလည်း တိုးလာခဲ့ကြ ချိန်မှာ အလုပ်နေရာများ လျော့နည်းလာမှုမှာ ရှစ်လကြာခဲ့တဲ့  လက်ရှိကျဆင်းမှုအစဉ်ထဲမှာ အားအပျော့ဆုံးနှုန်းဖြစ်လာပါတယ်”ဟု S&P Global Market Intelligence မှ စီးပွားရေး ပညာရှင် ဖြစ်သူ Maryam Baluch က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလတွင် စျေးဝယ်များဘက်မှ  ဝယ်လိုအားမြင့်တက်လာ၍ ထုတ်လုပ်မှုနှင့် အော်ဒါသစ်နှစ်ရပ်စလုံး အားကောင်းလာခဲ့ ခြင်းဖြင့် မြန်မာနိုင်ငံအတွင်းရှိ ထုတ်လုပ်ရေး လုပ်ငန်းများတစ်ဝန်းက လုပ်ကိုင်မှုအခြေ    အနေများမှာ ခြုံကြည့်လျှင် ၁၀ လအတွင်း ပထမအကြိမ် တိုးတက်လာခဲ့သည်။

သို့သော်လည်း ကုန်ကြမ်းရှားပါးမှုများ နှင့် ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများ ကြောင့် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများမှာ ဖေဖော်ဝါရီလတွင် တစ်ဟုန်ထိုးအရှိန်ရမြင့် တက်လာခဲ့သည်။ သို့ဖြစ်၍ ကုမ္ပဏီများသည် အမြတ်အစွန်းကို ထိန်းသိမ်းထားရန် မိမိတို့ ၏ ရောင်းစျေးများကို တိုးမြှင့်ခဲ့ကြရသည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှုအညွှန်းကိန်းPMI ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ် ထားသည့်တစ်ခုတည်းသောအညွှန်းကိန်း မှာ ဖေဖော်ဝါရီလတွင် ၅၁ ဒသမ ၁ တွင် မှတ် တမ်းတင်လိုက်ရာ ဇန်နဝါရီလ၏ ၄၉ ဒသမ  ၆ ထက် မြင့် တက်လာခဲ့သည်။ ရာသီအလိုက် ချိန်ညှိပေးထားသည့် အညွှန်းကိန်းသည် နှစ် လဆက် တိုက်မြင့်တက်လာခဲ့လျက် နောက် ဆုံး ကိန်းဂဏန်းမှာ လွန်ခဲ့သည့်ဧပြီလမှစပြီး အပြောင်းအလဲမရှိ အမှတ်၅၀ ဒသမ ၀ အထက်သို့ တက် လှမ်းလိုက်ပြီး မြန်မာနိုင်ငံ အတွင်း ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ အဘက်ဘက်မှအသင့်အတင့် တိုးတက်လာ မှုကို အချက်ပြလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။

PMI အညွှန်းကိန်းကို မြှင့်တင်ပေးခဲ့ သည်မှာ ထုတ်လုပ်မှုသာမက အော်ဒါအသစ် များပါ နှစ်လဆက်တိုက် တိုးလာခဲ့မှုများ ဖြစ် သည်။ ထို့ပြင် နောက်ဆုံးဦးမော့မှုများမှာ ဇန် နဝါရီလတွင် မှတ်တမ်းတင်ဖြစ်ခဲ့သည်ထက် ပိုမြန်လာခဲ့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ပစ္စည်းပေးသွင်းမှု ဆိုင်ရာ စိန်ခေါ်မှုများရှိနေသေးရာ ကုမ္ပဏီ များရဲ့ကုန်ထုတ်စွမ်းအားက ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာ မေးခွန်း ထုတ်စရာပါ။ ဝယ်ယူမှုများ တိုးလာခဲ့ပေမဲ့ လက်ကျန်အလုပ်များကတော့ ဖေဖော်ဝါရီလ ထဲတွင် အလျင်အမြန်တိုးလာခဲ့ပါတယ်”ဟု  S&P Global Market Intelligence မှ စီးပွားရေး ပညာရှင် ဖြစ်သူ Maryam Baluch က ပြောကြားခဲ့သည်။

ကုမ္ပဏီများက အလုပ်မှ နုတ်ထွက်မှု များ ရှိကြောင်း အစီရင်ခံမှုများရှိနေသော် လည်း  အလုပ်နေရာ ဖြတ်တောက်ခံရမှုနှုန်း မှာမူ လက်ရှိကျဆင်းမှုရှစ်လတာကာလ အတွင်း ပြင်းထန်မှုအားအနည်းဆုံးဖြစ်ခဲ့ သည်။  ဝန် ထမ်းဦးရေမှာ ဖေဖော်ဝါရီလတွင် ဒသမဂဏန်းမျှသာ ကျဆင်းလာခဲ့ပြီး အချို့ ကုမ္ပဏီများက အော်ဒါအသစ်များ တိုးရလာ မှုကို ဖြည့်ဆည်းပေးရန် ငှားရမ်းမှုများကို ပိုမိုပြုလုပ်လာခဲ့ကြသည်။

ထို့ပြင် အော်ဒါမှာယူမှုပမာဏ တိုးလာ မှုကြောင့် ဖေဖော်ဝါရီလတွင် ဝယ်ယူမှုများ ဒုတိယမြောက်လအဖြစ် မြင့်တက်လာခဲ့ ကာ တိုးတက်လာသည့်နှုန်းမှာ ယခင်လထက် ပို မြန်လာခဲ့သည်။

မြန်မာနိုင်ငံတွင်း ထုတ်လုပ်ရေးကဏ္ဍ ၏ အခြေအနေအဘက်ဘက်မှ အသင့်အ တင့် တိုးတက်လာခဲ့သည့်တိုင်အောင် ပစ္စည်း ပေး သွင်းမှုဆိုင်ရာအခက်အခဲများက တိုး တက် ထုတ်လုပ်မှုအရှိန်ကို ဆက်ပြီး နောက်ပြန် ဆွဲ နေခဲ့သည်ဟုလည်း အစီရင် ခံစာတွင် ဖော်ပြ ထားသည်။

ကုန်ကြမ်းရှားပါးမှုများ၊ လျှပ်စစ်မီးပြတ် တောက်မှုများနှင့် အလုပ်သမားဦးရေနည်း လာမှုတို့မှာ မြန်မာနိုင်ငံတွင်း ကုမ္ပဏီများထံ တွင် လက်ကျန်အလုပ်များ၏ ပမာဏတစ် ဟုန်ထိုး တိုးလာခြင်း၏အကြောင်းရင်း များဖြစ်ခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့ကြ သည်။

ထို့ပြင် မကြာသေးမီက ဝယ်လိုအား ကောင်းလာခြင်းနှင့် ပစ္စည်းပေးသွင်းသူတို့၏  စွမ်းဆောင်ရည်ဆက်လက်ဆုတ်ယုတ်လာမှု တို့က ကုန်ကျစရိတ်များကို မြင့်တက်လာစေ ခဲ့သည်။ ထည့်ကုန်စျေးနှုန်းများ၏ ငွေကြေး ဖောင်းပွမှုအရှိန်မှာ ငါးလအတွင်း အမြင့်ဆုံး သို့ မြင့်တက်သွားခဲ့ရာ ကုမ္ပဏီများသည် အ မြတ်အစွန်းများကို ထိန်းထားရန် မိမိတို့၏ ရောင်းစျေးများကို ပိုမြန်သည့်နှုန်းဖြင့် တိုး မြှင့်ခဲ့ကြရသည်။ စရိတ်စကများ နောက်ဆုံး တိုးလာမှုကို အဓိကအားဖြင့် ငွေလဲနှုန်းအခြေ မသာခြင်းနှင့် ကုန်ကြမ်းစျေးနှုန်းများ မြင့် တက်လာမှုဖြင့် ဆက်စပ်ဖော်ပြကြသည်။

ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း ထုတ်လုပ် မှု တိုးလာခဲ့သည့်တိုင် မျှော်မှန်းချက်များမှာ ကြာနေသဘောဆောင်နေပြီး လာမည့် ၁၂ လအတွင်းမှာ ထုတ်လုပ်မှုပြောင်းလဲမည် မ ဟုတ်ဟု ခန့်မှန်းကြရာ အကောင်းမြင်မှုမှာ ခု နစ်လအတွင်း အနိမ့်ဆုံးသို့ နိမ့်ကျသွားသည် ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင်  ကုန်ထုတ်လုပ်မှု တိုးတက်ရန် ကုန်ကြမ်း ရရှိ ရေးအတွက် အရေးကြီးကြောင်း၊ စက်မှု ကဏ္ဍအတွက် လျှပ်စစ်စွမ်းအားကို ဒီဇယ် ဖြင့် မောင်းနှင်နေရခြင်းသည် ကုန်ကျစ ရိတ်များများပြားသည့်အတွက် နည်းလမ်း ရှာဖွေရန် လုပ်ငန်းရှင်များက တင်ပြခဲ့ကြ ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိ ရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးနှင့် ကုန်သည်စက်မှုအသင်းချုပ် စီမံခန့် ခွဲရေးကော်မတီအဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က အသင်းချုပ်၌ တွေ့ဆုံစဉ် တင်ပြခဲ့ကြခြင်းဖြစ်သည်။

 မြန်မာနိုင်ငံသည် စားသောက်ကုန် ထုတ်လုပ်မှုပိုလျှံသည့် နိုင်ငံ ဖြစ်သည့်အတွက် ပြည်ပမှ စားသောက်ကုန် သွင်းကုန်လျှော့ချ ၍  ပြည်တွင်းစားသောက်ကုန်များကို  စျေး ကွက် များတွင် ပိုမိုဖြန့်ဖြူး ရောင်းချနိုင်ရေးကို အားပေးကူညီခြင်းဖြင့် MSMEs ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးကိုပါ တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ရန်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် တိရစ္ဆာန်အစားအစာသည်အ ခက် အခဲရှိကြောင်း၊ ဆန်ကွဲတို့ ပြောင်းတို့သည် B Grade ဖြစ်သည့်အတွက် စျေးကောင်းရ ကြောင်း၊ မွေးမြူရေးအစာဖြစ် သည့် ဆန်ကွဲ၊ ပြောင်းစသည့်ကုန်ကြမ်းများအတွက် စျေး နှုန်း တည်ငြိမ်အောင်ဆောင်ရွက်ပေးရန် တင်ပြခဲ့ကြသည်။

အလားတူ လယ်ယာကဏ္ဍတွင်လည်း စိတ်ဝင်စားသည့် ပြည်ပရင်းနှီး မြှုပ်နှံသူများ ရှိပါကြောင်း၊  ပြည်ပရင်းနှီးမြှုပ်နှံသူများ အတွက် Insurance Sector မှာ စျေးနှုန်းကြီး မြင့်နေသည့်အတွက်  နိုင်ငံတော်က ခိုင်ခိုင် မာမာ သတ်မှတ်ပေးစေလိုပါကြောင်း၊ Export Promotion လုပ်သည့်အခါ အ လားအလာရှိသည့်မွေးမြူရေးကဏ္ဍရှိ ကြောင်း၊   နိုင်ငံ၏ ဝင်ငွေရရှိစေရေးအတွက်  မွေးမြူရေးကဏ္ဍကို ပို့ကုန် ပိုမိုတင်ပို့နိုင် ရေး အတွက် အားစိုက်ဆောင်ရွက်ပေးစေလို ကြောင်းလည်း တင်ပြခဲ့ကြသည်။

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင်  ကုန်ထုတ်လုပ်မှု တိုးတက်ရန် ကုန်ကြမ်းရ ရှိရေးအတွက် အရေးကြီးပါကြောင်း၊ စက်မှု ကဏ္ဍအတွက် လျှပ်စစ်စွမ်းအားကို ဒီဇယ် ဖြင့် မောင်းနှင်နေရခြင်းသည် ကုန်ကျစရိတ် များများပြားသည့် အတွက် နည်းလမ်း ရှာဖွေ ရန်၊ Made in Myanmar Export များကို တင်ပို့မှု ဦးစားပေးစေလိုကြောင်း ၊ ယခင်က ဆေးဝါးနှင့်ဆေးပစ္စည်းကဏ္ဍအတွက် သွင်း ကုန် လိုင်စင်ရရန် ရက်အတိအကျ ခန့်မှန်း ၍ မရခဲ့သည့်အတွက် ခက်ခဲ ပါကြောင်း၊ ယ ခုအခါ လိုင်စင်ရရှိရန် အနီးစပ်ဆုံး ခန့်မှန်း ရသည့်အတွက်  ဆေးဝါးပြတ်လပ်မှု မရှိ တော့ကြောင်း၊ Exchange Rate ကြောင့် သာ စျေးနှုန်းအပြောင်းအလဲရှိကြောင်း စ သည်ဖြင့် အသီးသီးတင်ပြခဲ့ကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးက ဝန်ကြီးဌာနအနေဖြင့် လက်ရှိကာ လတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအပြင် အ သေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများကို လည်း ကုန်ထုတ်လုပ်မှု နှင့် ကုန်သွယ်မှုများတွင် အဆင်ပြေချောမွေ့ စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်သွင်းကုန်လိုင်စင်များ လျှောက်ထား ရာတွင် အွန်လိုင်းစနစ်ဖြင့် လွယ်ကူစွာ လျှောက်ထားနိုင်ရန် ဆောင်ရွက်လျက် ရှိ ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် တရားမ ဝင်ကုန်သွယ်မှုများ ပပျောက်စေရေးအ တွက်လည်း ကြိုးစား ဆောင်ရွက်လျက်ရှိပြီး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလို ကြောင်း၊ လက်ရှိအချိန်တွင် စီးပွား ရေး လုပ်ငန်းများသည် အခက်အခဲအကျပ် အတည်းများကြားမှ ကျော်လွှားလာနိုင်ခဲ့ပြီး ဖွံ့ဖြိုးရေးကိုဆောင်ရွက်ရတော့မည့် အခြေ အနေဟု ထင်မြင်မိကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဓာတ်ပုံနှင့် ပုံစာ -  (၁)  မတ်လ ၁ ရက်နေ့ထုတ် သတင်းစာ စာမျက်နှာ ၄ မှ ပုံနှင့် ပုံစာယူရန်။

ပုံစာ (၂) ပဲခူးမြို့ စက်မှုဇုန်မှ အလုပ်သမားများ ကို တွေ့ရစဉ်

         

         

 

 

 

 

 

 

         

Most Read

Most Recent