ဖက်ရှင်ပြပွဲများတက်ရောက်လာတိုင်း အားလုံး၏စိတ်ဝင်စားမှုကို ခံရလေ့ရှိသည့် Blackpink အဖွဲ့ဝင်ဂျီဆူးက ဖေဖော်ဝါရီ ၂၈ ရက်က ပဲရစ်တွင်ပြုလုပ်သည့် DIOR ဖက်ရှင်ပွဲတွင် ဟောလိဝုဒ်ထိပ်တန်းမင်းသမီး ချားလိဇ်သီရွန်နှင့် ရင်းရင်းနှီးနှီး စကားပြော ဖြစ်ခဲ့သည်။
ဂျီဆူးက မီဒီယာသမားများကို စကားပြောနေသည့်အတွက် ချားလိဇ်သီရွန်က ဂျီဆူး အနောက်တွင် ရပ်စောင့်ခဲ့ရသေးသည်။ သီရွန်က ကိုရီးယား-ပဲရစ်ခရီးစဉ်အကြောင်း ဂျီဆူးကိုမေးခဲ့ပြီး နှစ်ဦးသားဓာတ်ပုံများ အရိုက်ခံခဲ့ကာ ဂျီဆူးကို ၎င်းဝတ်ထားသည့်ဂျာကင် အကျင်္ ီနှင့်လည်း တစ်ချက်ကာပေးလိုက်သည်။
ထိုပွဲသို့ ဂျီဆူးက ဂါဝန်ခရမ်းရောင်ဝတ် ဆင်လာသည့်အကြောင်းရင်းကို ပရိသတ်များသဘောကျခဲ့ကြသည်။ မတ်လကို အဖြူ၊အစိမ်းနှင့်ခရမ်း အရောင်သုံးမျိုးက ကိုယ်စားပြုပြီး ဒီဇိုင်းပညာရှင်များအဆိုအရ ခရမ်းရောင်သည် နိုင်ငံတကာတွင် အမျိုးသမီးများနှင့် ကျားမတန်းတူညီမျှမှုရှိရေးကို ကိုယ်စားပြုသည့်အရောင် ဖြစ်သည်။









