မင်းသားရမ်ချာရန်က လာမည့်အော်စကာဆုပေးပွဲတွင် RRR ရုပ်ရှင်ဇာတ်ဝင်တေးဖြစ်သည့် Naatu Naatu သီချင်းကို ဖျော်ဖြေ ရန်ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။
ယင်းကကွက်သည် ခက်ခဲသော်လည်း ၎င်းနှင့်တွဲဖက်သရုပ်ဆောင် ရာမာရောင်ကလည်း ပရိသတ်များကို ဖျော်ဖြေရန် ဆန္ဒရှိ သည်ဟု ၎င်းကဆိုသည်။
ရမ်ချာရန်က လက်ရှိတွင် ဒါရိုက်တာ အက်စ်အက်စ်ရာဂျာမိုလီနှင့်အတူ အမေရိကန်သို့ ရောက်ရှိနေသည်။
တေလဂူသီချင်းဖြစ်သည့် Naatu Naatu သည် မတ် ၁၂ ရက်တွင်ပြုလုပ်မည့် အော်စကာဆုပေးပွဲတွင် အကောင်းဆုံးမူလသီချင်း ဆုအတွက် ဆန်ခါတင်စာရင်းဝင်ထားသည်။ ယင်းသီချင်းသည် ရီဟားနား၊ လေဒီဂါဂါနှင့် တေးရေးဆရာမ ဒိုင်းယန်ဝါရန်တို့၏သီချင်းများနှင့်အတူ အော်စကာဆုပေးပွဲတွင် ဆန်ခါတင်စာရင်းဝင်ထားခြင်းဖြစ်သည်။
ရီဟားနားက ယင်းဆုပေးပွဲတွင် ဆန်ခါတင်စာရင်းဝင်ထားသည့် Black Panther: Wakanda Forever ဇာတ်ဝင်တေး Lift Me Up ကို ဖျော်ဖြေသွားမည်ဟု ပွဲစီစဉ်သူများက မကြာသေးမီက အတည်ပြုထားသည်။
ထို့ပြင် ဆိုဖီယာကာဆန်ကလည်း ဒိုင်းယန်နှင့်အတူ Tell It Like A Woman ရုပ်ရှင်မှ အခြားဆန်ခါတင်စာရင်းဝင်ထားသည့် Applause ကို ဖျော်ဖြေသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
အော်စကာဆုပေးပွဲ CEO ဘေလ်ခရာမာကလည်း ၎င်းအနေဖြင့် တိုက်ရိုက်ထုတ်လွှင့်သည့် ဆုပေးပွဲအတွင်း အကောင်းဆုံးမူ လတေးသီချင်းဆု ဆန်ခါတင်စာရင်းဝင်သူများကို ဖျော်ဖြေခွင့်ရရှိရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ကို အသိအမှတ်ပြုတဲ့ ဘယ်နေရာမှာမဆို Naatu Naatu သီချင်းကို ဖျော်ဖြေဖို့ဆန္ဒရှိပေမဲ့ နေရာတိုင်းကတော့ ကျွန်တော်တို့ဖျော်ဖြေဖို့ အဆင်မပြေပါဘူး။ ကျွန်တော်တို့ကို အော်စကာဆုပေးပွဲမှာ ဒါမှမဟုတ် တောင်းဆိုလာတဲ့အခါ ကျွန်တော်တို့ ဘာလို့မဖျော်ဖြေနိုင်ရမှာလဲ။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို ဖျော်ဖြေရမှာ ပျော်ရွှင်မိပါလိမ့်မယ်။ ခွန်အားတွေ၊ စွမ်းအင်တွေ အားထည့်ရတဲ့အတွက် စင်ပေါ်မှာတစ်ပုဒ်လုံးကို ကပြဖို့ကတော့ အခက်အခဲရှိပါတယ်။ ဒါပေမဲ့ ဘာလို့ ကျွန်တော်တို့က မဖျော်ဖြေနိုင်ရမှာလဲ” ဟု ရမ်ချာရန်က ပြောကြားခဲ့သည်။