၁၃၂ ကေဗွီ ဘီလူးချောင်း (၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင်တစ်တိုင် ထပ်မံဖောက်ခွဲခံရပြီး လက်ရှိအထိ တာဝါတို်င်များ ဖောက်ခွဲခံရမှု စုစုပေါင်း ၂၁၈ ကြိမ်ရှိ

၁၃၂ ကေဗွီ ဘီလူးချောင်း (၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင်တစ်တိုင် ထပ်မံဖောက်ခွဲခံရပြီး လက်ရှိအထိ တာဝါတို်င်များ ဖောက်ခွဲခံရမှု စုစုပေါင်း ၂၁၈ ကြိမ်ရှိ
Published 23 January 2023

၁၃၂ ကေဗွီ ဘီလူးချောင်း(၂)- တီကျစ်နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင်တစ်တိုင် ထပ်မံဖောက်ခွဲခံရသဖြင့် လက်ရှိအချိန်ထိ တာဝါတိုင်များ ဖောက်ခွဲခံရသည့်အကြိမ်ရေစုစုပေါင်း ၂၁၈ ကြိမ်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၂ ရက်တွင် ဘီလူးချောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)- တီကျစ်နှစ်ထပ်ဓာတ်အားလိုင်း၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ တာဝါတိုင်တစ်တိုင်ကို PDF များက ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင်တစ်တိုင် ပြိုလဲပျက်စီးခဲ့ကြောင်း၊ အဆိုပါဓာတ်အားလိုင်းမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း ရှစ်ကြိမ်နှင့် တာဝါတိုင်ပေါင်း ၂၃ တိုင် ဖျက်ဆီးခံခဲ့ရသော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြင်ဆင်နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့ကြောင့် PDF များက လျှပ်စစ်ဓာတ်အား ပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း ၂၁၈ ကြိမ်ရှိပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်းကာ ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent