မလေးရှားနိုင်ငံတွင် အထောက်အထားမဲ့ နေထိုင်သူ မြန်မာလူမျိုး အပါအဝင် နိုင်ငံခြားသား ၁၀၀၀ ကျော်ခန့်ကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၊ကွာလာလန်ပူမြို့၊Jalan Imbi (ဂျာလန်အင်ဘီ ရပ်ကွက်)တွင် ဇန်နဝါရီ ၇ ရက်နေ့ ညသန်းခေါင်ယံတွင် မလေးရှားတာဝန်ရှိသူများက ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ အထောက်ထားမဲ့နေထိုင်သူ ၁၀၅၁ ဦးအားဖမ်းဆီးရမိခဲ့ကြောင်း မလေးရှားသတင်းဌာနများတွင်ဖော်ပြ ထားချက်အရသိရှိရသည်။
ဂျာလန်အင်ဘီရပ်ကွက်ရှိ လူနေတိုက်ခန်းများကို စစ်ဆင်မှုတစ်ရပ်အဖြစ် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေး ညွန်ကြားရေးမှူးချုပ် ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖမ်းဆီးခံရသူများတွင်မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊နီပေါ၊ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့်အိန္ဒိယနိုင်ငံသားများ ပါဝင်ကြောင်းသိရသည်။
ဖမ်းဆီးခံရသူများထဲမှ ၅၄၄ ဦးမှာခရီးသွား စာရွက်စာတမ်းမပါခြင်း၊ စာရွက်စာတမ်းများမှာ သက်တမ်းလွန်နေခြင်း၊ လူမှုရေးသွားလာခွင့်ကိုအလွဲသုံး စားလုပ်ထားခြင်းစသည့်ပြစ်မှုများ ကျူးလွန်နေကြောင်းမလေးရှားအာဏာပိုင်များကသတင်းထုတ်ပြန်ခဲ့ သည်။
ဖမ်းဆီးခံရသူများတွင်အသက် ၁ နှစ်အရွယ် မှ ၆၈ နှစ်အရွယ်အထိအထောက်အထားမဲ့များပါ ဝင်နေကာဘူကစ်ဂျာလီထိန်းသိမ်းရေးစခန်းတွင်ထိန်းသိမ်းထားကြောင်းသိရပြီး ၄င်းတို့ကို မလေးရှားနိုင်ငံ၊မလေးရှားလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉ / ၆၃ နှင့်လူဝင်မှု ကြီးကြပ်ရေးစည်းမျဉ်း ၁၉၆၃ အရစုံစမ်းစစ်ဆေးနေကြောင်းသိရသည်။















