ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှ အမျိုးသားနှစ်ဦး ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွား

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှ အမျိုးသားနှစ်ဦး ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွား
Published 25 December 2022
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ်၊ဖားကန့်ဒေသ၊ဆိပ်မူေကျးရွာမှ  အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးတို့ ဒီဇင်ဘာ ၂၃ ရက်က တစ်ရက်အတွင်း ဆွဲကြိုးချသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အသက် ၄၅ နှစ်အရွယ်ရှိ တရုတ်နွယ်ဖွား အမျိုးသားတစ်ဦးမှာ ဦးရော်ဘာမ်(ခ)ဦးချစ်ချမ်းယော် ဖြစ်ပြီးဆိပ်မူကျေးရွာ၊သာယာကုန်းပိုင်းမှ ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက် နံနက် ၈ နာရီခန့်တွင် ဆွဲကြိုးချ သေဆုံးခဲ့ကြောင်း သိရသည်။

ဆိပ်မူကျေးရွာ၊ရှမ်းကုန်းစျေးပိုင်းမှ အသက် ၁၈ နှစ်အရွယ်ရှိ မောင်မင်းခန့်ဆိုသူမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့်တွင် ဆွဲကြိုးချ သေဆုံးခဲ့ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူ တစ်ဦးက ဆိုပါသည်။

'' အသက် ၄၅ နှစ်အရွယ် အမျိုးသားက အကြောင်းအရင်းမသိဘူး။ အသက်ငယ်တဲ့ကလေးကသိန်းလေးဆယ်ကျော် တန်တဲ့ သုံးဘီးပျောက်သွားလို့ စိတ်ညစ်လို့ လုပ်တယ်လို့ သိရတယ် ။သူခိုးတွေကလည်း ဘာမှ ထားမရဘူးလေ ပျောက်နေတာ။ကျနော်တို့လည်း ည ၁၂ နာရီမှ သွားပြီး ကူညီ နိုင်လိုက်တာ။ နှစ်ဦးစလုံးကတော့ သုံးရက်လည်၊ ငါးရက်လည် ထားကြတော့ မသဂြို င်္ဟ်ရသေးဘူး''ဟု ဆိုသည်။



ဒီဇင်ဘာ ၈ ရက်နေ့ကလည်း မိုးညှင်းမြို့တွင် အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့သည်။



ယခုနှစ်အတွင်း ကချင်ပြည်နယ်တွင် ဆွဲကြိုးချ သေဆုံးမှုများမှာ မိုးညှင်းမြို့တွင် သုံးဦး၊ မြစ်ကြီးနားမြို့တွင် နှစ်ဦး၊နမ္မတီးမြို့တွင် တစ်ဦး တို့ ဖြစ်သည်။



မြန်မာနိုင်ငံတွင် သေကြောင်းကြံစည်မှုကြောင့် သေဆုံးမှုနှုန်း၊အဆိပ်မိခြင်းကြောင့် သေဆုံးမှုနှုန်း၊ယာဉ်ထိခိုက်မှုကြောင့် သေဆုံးမှုနှုန်း စသည့် Sustainable Development Goals အညွှန်းကိန်းတွင် ပါဝင်သော ထိခိုက်မှုဆိုင်ရာကြောင့် သေဆုံးမှုနှုန်း တဖြည်းဖြည်း မြင့်တက်လာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။


 

Most Read

Most Recent