ရှမ်းပြည်နယ် တောင်ကြီးမြို့ နားဘောင် ကျေးရွာတွင် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၃ နာ ရီဝန်းကျင်တွင် နားဘောင်ကျေးရွာ၌ မြေ ကွက်ကြည့်မည်ဟု ခေါ်ဆောင်၍ ရိုက်နှက်ပြီး မော်တော်ကားလုယူမှု ဖြစ်ပွားခဲ့ကြောင်း သိ ရသည်။
အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်က တောင်ကြီးမြို့ နား ဘောင်ကျေးရွာတွင် မြေကွက်ကြည့်မည်ဟုဆို ပြီး ချိန်းဆိုထားစဉ် မြေကွက်လိုက်လံပြသချိန်၌ ပိုင်ရှင်ဖြစ်သူကို ရိုက်နှက်ပြီး မော်တော်ကား လုယူမောင်းပြေးမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မော်တော်ကားမှာ Hi Jet အဖြူ ရောင် 5G / - - - - နံပါတ်ဖြစ်ကာ အမိုးကိုင်းတွင် အမည်းရောင် ဆေးသုတ်ထားကြောင်း၊ ရိုက် နှက်လုယူသွားသူများမှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း၊ မော်တော် ကားပိုင်ရှင်ဖြစ်သူမှာ ဆေးရုံတင်ပို့ကုသထား ရကြောင်း သိရသည်။
“အခုတော့ ဘာမှအတိအကျမသိရသေး ဘူး။ ဦးလေးကို ဆေးရုံပို့ထားရလို့ အဲဒီလောက် ပဲ သိရသေးတယ်” ဟု နီးစပ်သူတစ်ဦးက ပြော ကြားသည်။
ထို့ပြင် တောင်ကြီးမြို့တွင် မော်တော် ဆိုင်ကယ်ခိုးသူများသောင်းကျန်းနေပြီး နေအိမ် တွင်းအထိ လိုက်လံခိုးယူမှုများရှိကြောင်း၊ အ စီးရေများစွာ ပျောက်ဆုံးသော နေ့များလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။
ထို့ပြင် ရပ်နားထားသော မော်တော်ကား များ၏ တာယာဘီးများ၊ အပိုဘီးများကို လိုက် လံခိုးယူခြင်းနှင့် ဘက်ထရီအဟောင်းများ လိုက်လံဖြုတ်ယူခြင်းများလည်း ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရ သည်။
ထို့ပြင် ပြီးခဲ့သော ဒီဇင်ဘာ ၁၅ ရက်တွင် လည်း ဆီဆိုင်- တောင်ကြီးသွားလမ်း အ နောက်ကက္ကူလမ်းဘက်၊ ဆီဆိုင်မြို့နယ် ပင်စုံ ရွာအနီးတွင်လည်း ကုန်တင်ယာဉ်တစ်စီး ဓား ပြတိုက်ခံရပြီး ကျပ် ၂၂ သိန်းနှင့် လက်ကိုင် ဖုန်းနှစ်လုံး၊ မော်တော်ယာဉ်လိုင်စင်များပါ သွားကြောင်း သိရသည်။
အဆိုပါ ကက္ကူနှင့် ပင်စုံရွာကြားတွင် လူငယ်တစ်ဦးမှာလည်း ဓားပြတိုက်ခံရသဖြင့် ဆိုင်ကယ်ပါသွားဖူးကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။