မလေးရှားနိုင်ငံ၌ အလုပ်မှပြန်လာသည့် မြန်မာနိုင်ငံသားတစ်ဦးအား လူတစ်စုက ၀ိုင်းဝန်းရိုက်နှက်သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရ

မလေးရှားနိုင်ငံ၌ အလုပ်မှပြန်လာသည့် မြန်မာနိုင်ငံသားတစ်ဦးအား လူတစ်စုက ၀ိုင်းဝန်းရိုက်နှက်သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရ
Published 20 December 2022

မလေးရှားနိုင်ငံ၌ အလုပ်မှပြန်လာသည့် မြန်မာ နိုင်ငံသားတစ်ဦးအား လူတစ်စုက ၀ိုင်းဝန်းရိုက်နှက်သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရ ကြောင်း မလေးရှားအခြေစိုက်နှလုံးလှပရဟိ တလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာ လမ်ပူ)မှ သိရသည်။

မလေးရှားနိုင်ငံ ကလန်းမြို့၌ နေထိုင် အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသား တစ်ဦးမှာ ဒီဇင်ဘာ ၁၉ ရက်ညပိုင်းက အလုပ် မှပြန်လာစဉ် လူတစ်စု က ၀ိုုင်းဝန်းရိုက်နှက်ခဲ့ ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသား ကိုရာဇာမျိုးသည် ည ၁၀ နာရီခန့်က ဆိုင်ကယ်ဖြင့်အလုပ်လုပ်ကိုင် သည့်နေရာမှပြန်လာစဉ် နေအိမ်အနီးအ ရောက် အမည်မသိအမျိုးသားများ၏ ၀ိုင်းဝန်း ရိုက်နှက်ခြင်းခံခဲ့ရကြောင်း၊ ထိုသို့ ရိုက်နှက် ခံရသဖြင့် အခင်းဖြစ်နေရာ၌ မေ့လဲနေခဲ့ပြီး နေအိမ်သို့ နံနက် ၄ နာရီခန့်တွင် ဝမ်း ဗိုက်အား လက်ဖြင့်ဖိ၍ ပြန်လည်ရောက်ရှိလာခဲ့ရာ ကိုရာဇာမျိုး၏ ဇနီးဖြစ်သူမှ အကူအညီတောင်း ခံမှုများပြုလုပ်၍ ရှားအလမ်းဆေးရုံကြီးသို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

ဆေးရုံတွင် ကိုရာဇာမျိုး၏ ဝမ်းဗိုက်အား ခွဲစိတ်ကုသမှုများပြုလုပ်ပေးခဲ့ပြီးနောက် ၀ိုင်း ရိုက်ခံရသဖြင့် ထိခိုက်ဒဏ်ရာများစွာရရှိထား မှုကြောင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိခိုက်ဒဏ်ရာများအား ကုသမှုခံ ယူရာ၌ ကုန်ကျစရိတ်များအား ပေးချေရန် တတ်နိုင်ခြင်းမရှိသဖြင့် ကိုရာဇာမျိုး၏ ဇနီး ဖြစ်သူမှ နှလုံးလှပရဟိတလူငယ်များသွေးလှူ ရှင်အဖွဲ့(ကွာလာလမ်ပူ )ထံ ဆက် သွယ်အကူ အညီတောင်းခံခဲ့သည်ဟု အဆိုပါအသင်းက ထုတ်ပြန်သည်။

ယင်းကြောင့် ရှားအလမ်းဆေးရုံသို့ သွား ရောက်၍ ဆရာဝန်များနှင့်တွေ့ဆုံ၍ လိုအပ် ချက်များကိုမေးမြန်းကာ ကိုရာဇာမျိုးအား ရင်းဂစ် ၁၀၀၀ လှူဒါန်းခဲ့ကြသည်ဟု အဆိုပါ အသင်းက သတင်းထုတ်ပြန်သည်။