ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ထိန်းသိမ်း​စောင့်​ရှောက်​ရေးကိစ္စရပ်များအ​ပေါ် ဦးဝင်းမြင့်နှင့် ဒေါ်​အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့် စွဲချက်တင်ထားသည့်အမှုများအတွက် ခံပြသက်သေအဖြစ် ဒုတိယသမ္မတ​ဟောင်း ဦးဟင်နရီဗန်ထီးယူအား ဆက်လက်စစ်​ဆေး

ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ထိန်းသိမ်း​စောင့်​ရှောက်​ရေးကိစ္စရပ်များအ​ပေါ် ဦးဝင်းမြင့်နှင့် ဒေါ်​အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့် စွဲချက်တင်ထားသည့်အမှုများအတွက် ခံပြသက်သေအဖြစ် ဒုတိယသမ္မတ​ဟောင်း ဦးဟင်နရီဗန်ထီးယူအား ဆက်လက်စစ်​ဆေး
Published 19 December 2022

ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် စွဲချက်တင်ထားသည့် အမှုများအတွက် ခံပြသက်သေအဖြစ် တင်ပြထားသည့် ဒုတိယသမ္မတဟောင်း ဦးဟင်နရီဗန်ထီးယူအား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် ဒီဇင်ဘာ ၁၉ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့​​​ကြောင်း သိရသည်။

ယင်းရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ထားသည့်ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက် ရဟတ်ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့် ရှောက်ရေးဆိုင်ရာကိစ္စရပ်များအတွက် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှု အမှတ် ၄၉ နှင့် ၅၀ တို့အတွက် ဒုတိယသမ္မတဟောင်း ဦးဟင်နရီဗန်ထီးယူအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတဟောင်း ဦးဟင်နရီဗန် ထီးယူသည် NLD အစိုးရလက်ထက်က ဒုတိယသမ္မတ(၂)တာဝန်အပြင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များ နှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့အ​​ပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများဖြင့် စွဲချက်တင် ထားသည့် အမှုများအတွက် ခံပြသက်သေ ငါးဦးခန့်တင်ပြထားပြီး ဒီဇင်ဘာ ၂၀ ရက် ရုံးချိန်းတွင် စစ်ဆေးရန်ကျန်ရှိနေသည့် ခံပြ သက်သေများကို ဆက်လက်စစ်ဆေး မည် ဖြစ် ကြောင်း သိရသည်။

အထက်ပါအမှုများသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက် ရေးကိစ္စရပ်များတွင် ၎င်းင်းတို့၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင် ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာအဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သ ဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးများ နစ် နာဆုံးရှုံးခဲ့ရခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရား စွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရ သည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် သ ဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စင်းငှား ရမ်း ခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာ တွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြား ချက် အမှတ် ၁^၂၀၁၇ ကို လိုက်နာမှုမရှိခြင်း အ ပါအဝင် ငှားရမ်းသည့်ကာလအတွက် ငွေကြေး​​ပေးချေ မှုများ၊ နိုင်ငံတော်ပိုင် ရဟတ် ယာဉ်တစ်စင်း ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီး ဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူ ခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှသုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေး စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိ ခိုက်နစ်နာဆုံးရှုံးစေသည့် စွဲ ချက်ဖြင့် ဦးဝင်း မြင့်နှင့် ​​ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂ တိဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent