၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားအမျိုးအစားအလိုက် ထုတ်လုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၅၀၇၃ ကျော်ဖြင့် အများဆုံးထုတ်လုပ်ခဲ့ပြီး ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၈၃၇၀ ကျော် ထုတ်လုပ်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားအမျိုးအစားအလိုက် ထုတ်လုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၅၀၇၃ ကျော်ဖြင့် အများဆုံးထုတ်လုပ်ခဲ့ပြီး ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၈၃၇၀ ကျော် ထုတ်လုပ်
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ်
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ်
Published 19 November 2022

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားအမျိုးအစားအလိုက် ထုတ်လုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၁၅၀၇၃ ကျော်ဖြင့် အများဆုံးထုတ်လုပ်ခဲ့ပြီး ရေအားမှကီလိုဝပ်နာရီ သန်းပေါင်း ၈၃၇၀ ကျော် ထုတ်လုပ်ခဲ့ကြောင်း စီ မံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

လျှပ်စစ်ဓာတ်အားအမျိုးအစားအလိုက် ထုတ်လုပ်မှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီသန်းပေါင်း ၈၀၆၂ ဒသမ ၀၂၊ ဒီဇယ်ထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီသန်းပေါင်း ၆၁ ဒသမ ၁၂၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီသန်းပေါင်း ၉၇၄၃ ဒသမ ၈၅ ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီသန်းပေါင်း ၁၄ ဒသမ ၀၄ ထုတ်လုပ်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီသန်းပေါင်း ၁၅၀၇၃ ဒသမ ၉၇၊ ဒီဇယ်ထုတ်လုပ်မှု မှာကီလိုဝပ်နာရီသန်းပေါင်း ၁၁၉ ဒသမ ၅၆၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီသန်းပေါင်း ၈၃၇၀ ဒသမ ၂၆ သာထုတ်လုပ်နိုင်ခဲ့ပြီး နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီသန်းပေါင်း ၇၉ ဒသမ ၀၉ အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ်စစ်မှ ၃၂၂၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၂၇၇၃ မဂ္ဂါဝပ်၊ ဆိုလာစွမ်းအင်မှမဂ္ဂါဝပ် ၄၀၊ LNG မှမဂ္ဂါဝပ် ၉၀၀ နှင့်ကျောက်မီးသွေးမှမဂ္ဂါဝပ် ၁၂၀ ဖြင့် စုစုပေါင်း ၇၀၅၈ မဂ္ဂါဝပ် ထုတ်လုပ်ထားကြောင်း သိရသည်။

ရာခိုင်နှုန်းအားဖြင့် ရေအားမှစုစုပေါင်း လျှပ်စစ်ထုတ်လုပ်မှု ၄၆ ရာခိုင်နှုန်း၊သဘာဝ ဓာတ်ငွေ့မှ ၃၉ ရာခိုင်နှုန်း၊ LNG မှ ၁၃ ရာ ခိုင်နှုန်း၊ ဆိုလာမှ တစ်ရာခိုင်နှုန်းနှင့်ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်း ထုတ်လုပ်ထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရေအားမှ ၃၁၈၁ မဂ္ဂါဝပ်၊ဘသာဝဓာတ်ငွေ့မှ ၁၇၅၂ မဂ္ဂါဝပ်၊ ကျောက်မီးသွေးမှ ၁၂၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း ၅၀၅၃ မဂ္ဂါဝပ်ထုတ်လုပ်ထားသည်။ ရာခိုင်နှုန်းအားဖြင့် ရေအားမှ ၆၃ရာခိုင် နှုန်း၊သဘာဝဓာတ်ငွေ့မှ ၃၅ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်းထုတ်လုပ်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုး အစားလိုက်လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်း ပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလို ဝပ်နာရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်း ပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်း ပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

နှစ်အလိုက်လျှပ်စစ်ဓာတ်အားတိုးတက် ထုတ်လုပ်နိုင်မှုအခြေအနေမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၅၉၆၅၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၇၈၆၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၀၀၅၅၊ ၂၀၁၈- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၂၈၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၇၃၀၀ အထိတိုးတက် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent