စိုက်ပျိုးရေး သွင်းအားစုစျေးနှုန်းနှင့် စက်သုံးဆီစျေး မြင့်တက်ခဲ့ခြင်းကြောင့် တွက်ခြေမကိုက်သည့် မိုးစပါးစိုက်တောင်သူများ

စိုက်ပျိုးရေး သွင်းအားစုစျေးနှုန်းနှင့် စက်သုံးဆီစျေး မြင့်တက်ခဲ့ခြင်းကြောင့် တွက်ခြေမကိုက်သည့် မိုးစပါးစိုက်တောင်သူများ
Published 23 October 2022

မြန်မာနိုင်ငံတွင် နှစ်စဉ်စပါးစိုက်ဧက  ၁၇ ဒသမ ၈ သန်းခန့်စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တစ်နှစ်လျှင် စပါးတန်ချိန် ၂၇ သန်း ဝန်းကျင်ရှိကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် ငါးနှစ်အတွင်း တန်ချိန် ၂၇ ဒသမ ၅ သန်းကျော်ဖြင့် အများဆုံးထွက်ရှိသည့်နှစ် ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို ကိုးကားပြီးဗဟိုစာ ရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် စပါး စိုက် ဧကနှင့် စပါးအထွက်နှုန်းကို လေ့လာကြည့် ပါက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စပါး စိုက်ဧက ၁၇၇၂၂၃၅၅ (၁၇ သန်းကျော် ) စိုက် ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၆၄၂၃၃၁၉ ( ၂၆ သန်းကျော်) ထွက်ရှိသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စပါး စိုက်ဧက ၁၇၈၂၀၅၈၆  (၁၇ သန်းကျော် ) စိုက် ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၆၂၁၀၃၁၉ ( ၂၆ သန်းကျော်)ထွက်ရှိသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စပါး စိုက် ဧက ၁၇၆၉၅၅၂၅ (၁၇ သန်းကျော် ) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၅၆၇၂၈၃၃ ( ၂၅ သန်းကျော်) ထွက်ရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စပါး စိုက်ဧက ၁၇၉၃၀၂၉၄ (၁၇ သန်းကျော် ) စိုက် ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၅၆၂၄၄၉၂ ( ၂၅သန်းကျော်) ထွက်ရှိပြီး  ပြီးခဲ့သည့် လေးနှစ်အတွင်း စပါးအထွက်နှုန်း  အနည်းဆုံးနှစ်ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စပါး စိုက်ဧက ၁၇၈၆၁၀၅၅ (၁၇ သန်းကျော် ) စိုက် ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၇၅၇၃၅၈၉ ( ၂ရသန်းကျော်) ထွက်ရှိခဲ့သ ဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း စပါး အထွက်နှုန်းအများဆုံးနှစ်ဖြစ်ကြောင်း လယ် ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာန မှ သိရသည်။

မြန်မာနိုင်ငံတွင်ဆန်စပါးသည်အဓိက စိုက်ပျိုးထုတ်လုပ်သည့်သီးနှံဖြစ်ပြီး သီးနှံစိုက် ပျိုးဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်းခန့်ရှိ ကြောင်း ၊၂၀၂၀ -၂၀၂၁ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင် ခဲ့ပြီး၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက် ဧက ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက ၂ ဒသမ ၄ သန်း၊ စုစုပေါင်းစပါးစိုက်ပျိုးဧက ၁၇ ဒသမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း မြန်မာ့ ဆန်စပါးညီလာခံ - ၂၀၂၂ Myanmar Rice Conference အခမ်းအနားမှ သိရသည်။

လက်ရှိအချိန်တွင် ဒေသအချို့၌ မိုးစပါးများ စတင်ထွက်နေပြီဖြစ်ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း မိုးစပါး အများဆုံးစိုက်ပျိုးပြီး  မိုးစပါးအသစ်များမှာ သဲကုန်း၊ ပေါင်းတည်၊ ပြည်မြို့နယ် များမှာ စတင်ထွက်ပေါ်နေပြီး သဲကုန်း မြို့နယ် တွင် စပါးစျေးမှာ ၄၆ ပေါင် တင်း ၁၀၀ လျှင် ကျပ် ၉၂၀၀၀၀ ၊ ပေါက်ခေါင်းမြို့နယ်တွင် ကျပ် ၉၀၀၀၀၀၊ ပြည်မြို့နယ်တွင် ကျပ် ၁၀၀၀၀၀၀ စျေးဖြင့်ဝယ်ယူရောင်းချနေပြီး ဆန်သစ်တစ်အိတ်လျှင် ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ် ရှိနေကြောင်း၊ စိုက်ပျိုးသည့် မျိုးများမှာ ဧည့်မထအုပ်စု စပါးများဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာလ ပထမပတ်၌ ရွှေဘိုခရိုင်တွင် ဧရာမင်း စပါးစျေး အနည်းငယ်တက်နေပြီး ကျန်ခရိုင်များတွင်စပါး၊ ဆန်စျေးနှုန်းများမှာ စျေး အေးနေကြောင်း၊ အောက်တိုဘာလ ပထမ ပတ်တွင်ဖြစ်ပေါ်နေသော စပါး၊ ဆန်စျေးနှုန်း များမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၅၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ် အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ်၂၃၀၀၀၀၀၊ ပေါ် ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၈၀၀၀၀၊ ဧ ရာမင်း (စပါး) တင်း ၁၀၀ ကျပ် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်ကျပ် ၅၈၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစပါးများစတင်ရိတ် သိမ်းနေပြီး စပါးတင်း ၁၀၀ လျှင် ကျပ်ကိုးသိန်း ဝန်းကျင်အထိ ပေါက်စျေးရှိနေသော်လည်း လက်ရှိမိုးစပါးစိုက်ရာသီတွင် မိုးခေါင်ရေရှား ဖြစ်ပေါ်ခဲ့ခြင်း၊ စိုက်ပျိုးရေးသွင်းအားစုစျေးနှုန်းနှင့် စက်သုံးဆီစျေးများ မြင့်တက်ခြင်းတို့ ကြောင့် မိုးစပါးစိုက်တောင်သူများအတွက်  တွက်ခြေမကိုက်ကြောင်း မိုးစပါးစိုက်တောင် သူများ၏ ပြောကြားမှုအရ သိရသည်။

တောင်ငူခရိုင် မြို့နယ်အချို့တွင် စက်တင်ဘာလနောက်ဆုံးပတ်မှစတင်၍ သက်တမ်းတို ရက် ၉၀ ရှိ မိုးစပါးများ စတင်ရိတ်သိမ်း လျက်ရှိပြီး သက်ကြီးစပါး ရက် ၁၁၀၊ ၁၂၀ စ ပါးမျိုးနှင့် ပျိုးထောင်စိုက်ပျိုးသော မိုးစပါးများ ကိုမူ ရိတ်သိမ်းနိုင်ခြင်းမရှိသေးကြောင်း၊ မိုးစ ပါးစျေးနှုန်းမှာ နေရာဒေသအကွာအဝေး၊ သယ် ယူရွှေ့ပြောင်းရသည့် ကုန်ကျစရိတ်အပေါ်မူ တည်ပြီး စျေးအနည်းငယ်ကွာဟမှုရှိသော်လည်း လတ်တလောတွင် စပါးတင်း ၁၀၀ လျှင် ကျပ် ကိုးသိန်းနှုန်းဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း မိုးစပါးစိုက်တောင်သူများထံ မှ သိရသည်။

စပါးအထွက်နှုန်းကျဆင်းပြီး တွက်ခြေမကိုက်သည့်အခြေအနေနှင့် ပတ်သက်ပြီး ရေတာရှည်မြို့နယ်မှ မိုးစပါးစိုက်တောင်သူ ဦးတင်မောင်က “ဒီနှစ်စပါးစျေး ပေါ်ခါစက ကျပ် ၁၁ သိန်းခွဲ၊ ၁၁ သိန်းကနေပြီးတော့မှ ကျပ် ၁၀ သိန်း ငါးသောင်း၊ အဲဒီကနေပြီးတော့မှ အခု ကျပ်ကိုးသိန်းနဲ့ ရှစ်သိန်းရှစ်သောင်း ပတ်ချာလည်မှာ ဝယ်နေကြတယ်။ စပါးစျေးက အရင်တုန်းကစျေးနဲ့ အရင်တုန်းက ကုန်တာ နဲ့က အတူတူလောက်ပဲလေ။ အခုကုန်တာနဲ့ အခုစျေးနဲ့ကကျတော့ ကျပ် ၁၀ သိန်းအပေါ် မှာရမှ ကိုက်တော့မှာ။ စပါးအထွက်တွေက လျော့တာကိုး။ တချို့ဆို တစ်ဧကကို တင်း ၂၀ လောက်ပဲ ထွက်တယ်။ တချို့ဆို ၃၀ လောက် ပေါ့။ တော်တော်ကောင်းတဲ့ဟာတွေမှ တင်း ၈၀၊ တင်း ၉၀ လောက် မီတာပေါ့။ လယ်တွေ တော်တော်များများက မထွက်ကြဘူး။ တချို့ လည်း စပါးရိတ်ခက တစ်ဧက ကျပ် ၉၀၀၀၀ ဆိုတော့ စပါးရိတ်ခပေးရမှာနဲ့ သူ့ထွက်မယ့် စပါးနဲ့မကိုက်ရင် ဖျက်ပစ်ကုန်တာက အများ ကြီးပဲ။ အခုစျေးကတော့ စက်ကျအစိုစျေးပေါ့။ တောင်သူတွေသယ်ဦးဟ လှန်းဦးဟ ဘာညာ နဲ့ဆိုတော့ အလုပ်ရှုပ်တော့ စပါးမလှန်းနိုင် တော့ဘူးလေ။ နောက်ပြီး ပေးရမယ့်အကြွေး တွေကလည်း ဆီဖိုးတွေ၊ ဓာတ်မြေဆေးဖိုးတွေ၊ လုပ်အားခတွေဘာတွေက တန်းစီနေတာဆို တော့ စပါးပေါ်ပေါ်ချင်းကိုပဲ ရတဲ့စျေးတွေနဲ့ ထိုးရောင်းပြီးတော့မှ ဆပ်ရတာပဲလေ” ဟု  ပြော ကြားသည်။

မိုးစပါးစိုက်တောင်သူအများစုမှာ ကုန် ကျစရိတ်သက်သာစေသော မျိုးစေ့ကြဲပက်ခြင်း နည်းလမ်းကိုသာ အဓိကအသုံးပြုစိုက်ပျိုးကြ ပြီး စတင်ထယ်ရေးပြင်ဆင်သည့်ကာလ၌ ထွန် စက်များ ငှားရမ်း၍ ထယ်တစ်စပ်၊ ဓားစက် ထွန်တစ်စပ်သာ မောင်းနှင်၍ အခြောက်ထယ် ရေးဖြင့်လည်းကောင်း၊ မိုးရေလုံလောက်စွာ ရရှိသောဒေသများတွင် အစိုကြဲခင်းဖြင့် ကြဲ ပက်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မိုးစပါးစိုက်ရာသီတွင် စိုက် ပျိုးပြီးသည့် မိုးစပါးများ ရက်ပေါင်းတစ်လနှင့် တစ်လခွဲသားရချိန်၌ နှစ်ပေါင်း ၆၀ အတွင်း မကြုံဖူးသည့်  မိုးမရွာသွန်းမှု တစ်လခွဲနီးပါးရှိ၍ ရေပြတ်လပ်မှုကြုံတွေ့ခဲ့ရကြောင်း၊ စပါးပင်ဖြစ် ထွန်းချိန် မိုးရေပြတ်လပ်ခဲ့သဖြင့် စပါးခင်းအ များစုမှာ ပေါင်းမြက်များ ထူထပ်စွာကျရောက် သဖြင့် ပေါင်းသတ်ဆေးများဖျန်းရခြင်း၊ ရေရ ရှိရေးအတွက် စိုက်ပျိုးရေများတင်ရသည့်အား လျော်စွာ စက်သုံးဆီဝယ်ယူရခြင်းနှင့် ရေတင် ခ အလုပ်သမားစားရိတ်များ အပိုကုန်ကျမှု များစွာရှိသဖြင့် စိုက်ပျိုးပြုစုကုန်ကျစရိတ် မြင့်မားခဲ့ကြောင်း၊ ယင်းသို့ မိုးခေါင်ခြင်းကြောင့် လယ်မြေများ မြေသားအပေါ်ယံကြောများ တင်းပြီး အပင်ကြီးထွားမှု၊ အပင်ပွားနှုန်းလျော့ ကျသည့်အပြင် မြေသြဇာစျေးနှုန်းများကြီးမြင့် စွာ ဝယ်ယူသုံးစွဲရသည့်အခြေအနေကြောင့် လုံလောက်သောမြေဆီသြဇာကို ထည့်သွင်း အသုံးမပြုနိုင်ကြသောကြောင့်လည်း ယခုမိုး စပါးများရိတ်သိမ်းချိန်တွင် စပါးထွက်နှုန်းများ သိသာစွာေ လျာ့ကျသည့်အခြေအနေများကြုံ တွေ့ခဲ့ရကြောင်း မိုးစပါးစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ်မိုးစပါးစိုက်ရာသီတွင် အခက်အ ခဲများကြုံတွေ့ရသည့် အခြေအနေနှင့်ပတ် သက်ပြီး ရေတာရှည်မြို့နယ်မှ မိုးစပါးစိုက် တောင်သူတစ်ဦးက “ဒီနှစ်ကတော့ ထုံးစံအ တိုင်းပဲ။ စပါးစိုက်တဲ့ တောင်သူတိုင်းလိုလို အခက်အခဲမျိုးစုံ ကြုံတွေ့ရတာပါပဲ။ အဆိုး ဆုံးကတော့ မိုးခေါင်တာပေါ့။ အဆင်ပြေကြ တဲ့တောင်သူတချို့ကတော့ ရေတင်စရာရှိလို့ တော်သေးတယ်။ ရေတင်စရာမရှိတဲ့ တောင် သူတွေကတော့ မိုးရွာတာကို စောင့်ရတာပေါ့။ စပါးခင်းတွေက အစောပိုင်းမှာ ရွှေခရုကိုက် လို့ ပျက်လို့ နှစ်ခါပြန်စိုက်ရတယ်။ အခုကျ တော့ ရိတ်ေ>ခခက တစ်ဧက ကိုးသောင်းဆို တော့ ရမယ့်စပါးနဲ့ ရိတ်ခပေးရမှာ မကိုက်ပြန် တော့ စပါးခင်းတွေဖျက်ကြပြန်ရော။ ရေခံမြေ ခံကောင်းတဲ့နေရာတွေကတော့ အတော် ကောင်းပါတယ်။ မကောင်းတဲ့နေရာတွေမှာ တော့ တစ်ဧကမှ တင်း ၂၀၊ ၃၀ လောက်ပဲ ထွက်တော့ ကုန်ကျစရိတ်နဲ့တွက်ရင် ရှုံးတာ မျိုးပေါ့။ ပြောရရင် အခုရတဲ့စပါးစျေးက အခု ကုန်ကျတဲ့ မိုးစပါးစိုက်စရိတ်နဲ့ အထွက်ကျတဲ့ စပါးအထွက်နှုန်းနဲ့ဆိုရင် တွက်ခြေမကိုက်ပြန် ပါဘူး” ဟု ပြောကြားသည်။

တောင်ငူခရိုင်တွင် ယခုနှစ်မိုးစပါးစိုက် ရာသီ၌ မိုးစပါးစိုက်ဧက ငါးသိန်းကျော် စိုက် ပျိုးထားပြီး စိုက်ဧကများ၏ ရာခိုင်နှုန်း ၇၀ ကျော်မှာ ကြဲသားစိုက်ခင်းများဖြစ်ကာ ပျိုး ထောင်စိုက်ပျိုးသော မိုးစပါးစိုက်ခင်းများမှာ ရာခိုင်နှုန်း ၂၀ ဝန်းကျင်သာရှိကြောင်း သိရ သည်။

 

၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရေးကာလ မိုးစပါးများ ပြုစုပျိုးထောင်ချိန်တွင် မိုးခေါင် ရေရှားဖြစ်ပေါ်ခဲ့ခြင်း၊ သွင်းအားစုနှုန်းစျေး များ စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာခြင်း စသည့်ကုန်ကျစရိတ် အခက်အခဲများကြောင့် မိုးစပါးစိုက်ခင်းအများစုမှာ ထိခိုက်ပျက်စီးမှု များပြားခြင်း၊ စပါးအထွက်နှုန်းကျဆင်းခြင်း တို့ ကြုံတွေ့နေရကြောင်း သိရသည်။

“စိုက်ပျိုးစရိတ်က ငါးဆနီးပါးတက်သွား တယ်။ အထွက်နှုန်းကတော့ တချို့ဒေသတွေ အထွက်ကောင်းကြပေမဲ့ အများအားဖြင့် ပေါ့။ ဒေသအများစုက အထွက်နှုန်းကျတယ်။  ဆန် စပါးလိုအပ်ချက်အနေနဲ့ပြောရရင် ရောင်း နိုင်တဲ့အင်အားထက် လိုအပ်ချက်က ပိုများနေ တယ်။ စပါးစျေးအနေနဲ့ပြောရရင် ၁၀ သိန်း အထက်ရှိမှ လယ်သမားတွေ နောက်ရာသီကို ဆက်လုပ်နိုင်တော့မှာ။ မဟုတ်ရင် မလွယ်ဘူး ဗျ။ ၁၁ သိန်းဝန်းကျင် စျေးပေးတာတောင် လယ်သမားတွေ နွေစပါးအစိုက်လျော့မယ် ပြောတယ်။ အဓိကက တွက်ခြေမကိုက်လို့ဗျ

” ဟု ဆန်စပါးကုန်သည်တစ်ဦးက ပြောကြား ခဲ့သည်။

ထို့ပြင် မိုးစပါးရိတ်သိမ်းချိန်တွင် စပါး စျေးမှာ ပေါ်ခါစစျေးထက် တဖြည်းဖြည်း လျော့နည်းကျဆင်းနေ၍ မိုးစပါးစိုက်တောင် သူများအနေဖြင့် အကျိုးအမြတ်ရရှိရန် အခြေ အနေပိုမိုနည်းပါးလျက်ရှိကြောင်း၊ ယခုနှစ် တွင် မိုးစပါးတစ်ဧက ပျိုးထောင်စိုက်ပျိုးပါက စတင်မြေပြင်ချိန်မှ ရိတ်သိမ်းပြီးချိန်အထိ ကုန် ကျစရိတ် ကျပ် ၃၅၀၀၀၀ မှ ၄၀၀၀၀၀ ဝန်း ကျင်အထိ ကုန်ကျကြောင်း မိုးစပါးစိုက်တောင် သူများထံမှ သိရသည်။

စီးပွားရေးဖွဲ့စည်းမှုပုံစံများ ပြောင်းလဲ လာသော်လည်း စိုက်ပျိုးရေးသည် မြန်မာ့စီး ပွားရေး၊ သက်မွေးဝမ်းကျောင်းနှင့် လူမှုဘ ၀ တည်ငြိမ်မှုတို့အတွက် အရေးပါသော ကဏ္ဍ တစ်ခုအဖြစ် ဆက်လက်ဖြစ်နေဆဲဖြစ်သည်။

၂၀၂၀ ပြည့်နှစ် မတိုင်ခင်က စိုက်ပျိုးရေးသည် နိုင်ငံ၏ စုစုပေါင်းထုတ်ကုန်ပမာဏ GDP နှင့်ကုန်သွယ်ပို့ကုန်ပမာဏ၏ ရာ ခိုင်နှုန်း ၃၀ နီးပါးရှိခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍ သည် နိုင်ငံရှိလုပ်သားဦးရေ၏ ရာခိုင်နှုန်း ၅၀ ခန့်ကို အလုပ်အကိုင်ပေးထားသကဲ့သို့ ကျေး လက်လူဦးရေ၏ ရာခိုင်နှုန်း ၇၀ ခန့် မှီခိုအား ထားရာ အဓိကအလုပ်အကိုင်ကဏ္ဍကြီးဖြစ်သည်။

စိုက်ပျိုးရေး၏ရှေ့ပြေးနှင့်နောက်ခံချိတ် ဆက်မှုများကို ထည့်သွင်းလိုက်ပါက စိုက်ပျိုး စားနပ်ရိက္ခာစနစ်သည် စုစုပေါင်း GDP ၏ ၄၂ ရာခိုင်နှုန်းနှင့် စုစုပေါင်းအလုပ်အကိုင် အရေအတွက်၏ ၅၈ ရာခိုင်နှုန်း ပါဝင်နေ သည်။

အဆက်မပြတ်ရင်ဆိုင်ကြုံတွေ့လာရ သည့် အကျပ်အတည်းများကြောင့် စိုက်ပျိုး ရိက္ခာထွက်ကုန်ကဏ္ဍ အထူးသဖြင့် ကျေး လက်ဒေသနေ ပြည်သူများ ပြင်းထန်စွာထိ ခိုက်ခဲ့ကြောင်း၊ တစ်ဖက်တွင် လျော့နည်းလာ သည့် ဝင်ငွေနှင့် မြင့်တက်လာသည့်ကုန်စျေး နှုန်းများကြောင့် စားနပ်ရိက္ခာစျေးနှုန်းများနှင့် ဝယ်ယူစားသောက်နိုင်စွမ်းကို များစွာထိခိုက် စေကြောင်း၊ အခြားတစ်ဖက်တွင် မြင့်တက် လာသည့် သွင်းကုန်စျေးနှုန်းများ၊ အထူးသ ဖြင့် ဓာတ်မြေသြဇာနှင့် လောင်စာဆီစျေး နှုန်းများက စိုက်ပျိုးကုန်ထုတ်နိုင်မှုအပေါ် ထိ ခိုက်စေခြင်း၊ လယ်သမားများစွာက အရေး ကြီးသည့် သွင်းအားစုများ လျှော့ချသုံးစွဲလာ ရခြင်း၊အချို့သောအခြေအနေများတွင် စိုက် ပျိုးပမာဏလျှော့ချခြင်းတို့ တွေ့ရှိရကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ က ပြုလုပ်ခဲ့သည့် လယ်သမားများ စစ်တမ်းအ ရ ဖြေဆိုခဲ့သူလယ်သမားများ၏ ၅၃ ရာခိုင် နှုန်းခန့်က လာမည့်စိုက်ပျိုးရာသီတွင် အခက် အခဲရှိကြောင်း ဖြေကြားခဲ့ကြသည်။ ထိုသို့ဖြစ် ရသည့်အဓိကအကြောင်းရင်းများတွင် ဓာတ်မြေသြဇာစျေးနှုန်း မြင့်မားခြင်း(ဖြေဆိုသူများ ၏ ၄၇ ရာခိုင်နှုန်း)နှင့် လောင်စာဆီစျေးနှုန်း (၁၇ ရာခိုင်နှုန်း)တို့အပြင် နိုင်ငံရေးအခြေအ နေ(၁၆ရာခိုင်နှုန်း)တို့ပါဝင်ကြောင်း၊ ဓာတ်မြေ သြဇာစျေးနှုန်းမြင့်မားလာခြင်းတို့က လယ် သမားများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည် ဟု သိရသည်။

Most Read

Most Recent