ကမ္ဘာကို တရုတ်က ကယ်တင်နိုင်ပါသလား

ကမ္ဘာကို တရုတ်က ကယ်တင်နိုင်ပါသလား
Published 18 October 2022
ဇင်မျိုး

ရှီကျင်းပင်သည် ကမ္ဘာပေါ်တွင် သြဇာအကြီးဆုံးလူ ဖြစ်နိုင်သည်။ ထိုဂုဏ်ပုဒ်အတွက် ၎င်း၏အဓိကပြိုင်ဘက် ဂျိုးဘိုင်ဒင်မှာ ထိရောက်မှုရှိသော ပြည်တွင်းပြည်ပမူဝါဒချမှတ်ရာတွင် ခက်ခဲ၍ အပြိုင်အဆိုင်ဖြစ်နေသော ချွတ်ယွင်းနေသည့် နိုင်ငံရေးစနစ်ကို တာဝန်ယူထားရသည်။

ရှီသည် ထိုသို့သောပြည်တွင်းရေးဆိုင်ရာကန့်သတ်ချုပ်ချယ်မှုများကို ရင်ဆိုင်ရခြင်းမရှိပါ။ ပေကျင်းမြိ့၌ လတ်တလောကျင်းပနေသောအကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ (CCP) အမျိုးသားကွန်ဂရက်တွင် တရုတ်သမ္မတအဖြစ် မကြုံစဖူးတတိယသက်တမ်းကို ၎င်းအား အပ်နှင်းသည့်အခါ ထိုအမှန်တရားသည် ခိုင်ခိုင်မာမာအမြဲတွယ်ရန် သေချာနေပါသည်။

ဤအနေအထားနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၌ တိုက်ရိုက်ထုတ်လွှင့်အစီရင်ခံချက်သည် ရွှန်းရွှန်းဝေအောင် စိတ်အားထက်သန်နေသည်။ ယေဘုယျအားဖြင့် လက်ခံထားသောအနောက်က အမြင်များသည် စိုးရိမ်စရာမဟုတ်လျှင်ပင် အပြစ်မြင်သည့်အနေအထားဖြစ်မည်ဟု ခန့်မှန်းရသည်။

သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စုတို့လိုနေရာများတွင် များပြားလာသောတရုတ်ရန်လိုအုပ်စုများက ရှီ၏ ဆက်လက်သြဇာလွှမ်းမိုးမှုကို တရုတ်အရပ်ဘက်လူ့အဖွဲ့အစည်းအား ထပ်မံဆုတ်ယုတ်လျော့ပါးစေသော၊ တရုတ်အိမ်နီးချင်းများ၏ လုုံခြုံရေးကိုခြိမ်းခြောက်နေသော အန္တရာယ်များသည့် ဗဟိုချုပ်ကိုင်အာဏာရှင်ဆန်ဆန်ပါ၀ါအဖြစ် ရှုမြင်ကြမည်ဆိုသည်မှာ သံသယအနည်းငယ်သာရှိသည်။

မျှမျှတတပြောမည်ဆိုပါ အနောက်က ကောင်းကောင်းနားလည်ထားသည်ဟု ဆိုရပါမည်။ တရုတ်သည် ပြည်တွင်း၌ ဖိနှိပ်မှုတိုးလာကာ ပြည်ပတွင် ထင်ရာစိုင်းမှုတိုးလာသည်။ တရုတ်၏ နိုင်ငံတကာအခန်းကဏ္ဍနှင့် ပတ်သက်၍ မျှော်လင့်ချက်ကြီးကြီးမားမားထားရမည့် အချိန်အခါကောင်းမဟုတ်ဟု စဉ်းစားမိကောင်း စဉ်းစားမိကြပါမည်။

ထို့အပြင်လည်း ကမ္ဘာသည် ရာသီဥတုပြောင်းလဲမှု၊ စီးပွားရေးမတည်ငြိမ်မှု သို့မဟုတ် အကျပ်ကိုင်ခြင်းက အကျိုးရှိသည်ဟု ထင်မြင်ယူဆစေခြင်းဖြင့်အခြားနိုင်ငံများကို ယေဘုယျအားဖြင့် ဟန့်တားခြင်းကဲ့သို့ ကြီးကြီးမားမားစုပေါင်းဆောင်ရွက်ရမည့် ပြဿနာများအား ကိုင်တွယ်ဖြေရှင်းတော့မည်ဆိုပါက တရုတ်သည် ဖြစ်နိုင်ဖွယ်ရာဖြေရှင်းချက်၏ အစိတ်အပိုင်းအဖြစ် ပါဝင်ရမည်ဖြစ်သည်။

တရုတ်၏ ထိုင်ဝမ်အပေါ်ထားသော သဘောထားသည် အားတက်စရာမကောင်းဆိုသည်မှာ မှန်ကန်သည်။ အမေရိကန်ဗိုလ် ကျစိုးမိုးမှုကိုတန်ပြန်ရာတွင် အသုံးဝင်သော နည်းလမ်းတစ်ခုလို ပေကျင်းကိုအားကိုးတကြီး မျှော်လင့်ထားပုံရသော ရုရှားနှင့်တရုတ်၏ အကန့်အသတ်မရှိ ဆက်ဆံရေးမှာ ယူကရိန်းကို ဗလာဒီမာပူတင်၏ ဆိုးဆိုးရွားရွားကျူးကျော်မှုကြောင့် တာဝန်သိသိသွန်သင်ရမည့်ကိစ္စအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။

ယင်းသို့မဟုတ်ပါက ထိုင်ဝမ်ကို အင်အားသုံးပြန်လည်သိမ်းယူရန် ဖြစ်နိုင်ခြေကို ရှီ ပြန်လည်သုံးသပ်ရန် တွန်းအားပေးကောင်းပေးဖွယ်ရှိသည်။ ကမ္ဘာ့သြဇာအကြီးဆုံးလူပင် နိုင်ငံတော်အာဏာ၏ အားသာချက်များနှင့် အားနည်းချက်များကို အသိအမှတ်ပြုရမည်ဖြစ်သည်။

တရုတ်နိုင်ငံကို ပြန်လည်စည်းလုံးညီညွတ်စေသောလူအဖြစ် ရှီသည် သမိုင်းတွင် အမှတ်ရနေရမည့်သူဖြစ်မလာနိုင်ပါက ပြည်တွင်းနှင့် ပြည်ပ၌ ချီးမွမ်းစကားများနှင့် သဘောကျမှုတို့ရရှိစေရန် သူသည် ဘာလုပ်နိုင်ပါသလဲ။

 သြစတြေးလျဝန်ကြီးချုပ်ဟောင်းကီဗင်ရုဒ်ပြောသလိုပင် တရုတ်မူဝါဒဖော်ဆောင်သူများသည် အထူးသဖြင့် အမေရိကန်နှင့် နီးစပ်ရန် အလှမ်းဝေးလွန်းသော စိတ်ကြီးဝင်နေသည့် ပမွှားအိမ်နီးချင်းနိုင်ငံများထံမှ အကြောင်းမဲ့ ပြည်တွင်း၊ ပြည်ပအကြံဉာဏ်များကို လက်မခံဟုဆိုသည်။

ရှီသည် ပူတင် နားထောင်ကောင်း နားထောင်နိုင်သည် တစ်ဦးတည်းသော နိုင်ငံတကာခေါင်းဆောင် ဖြစ်နိုင်ဖွယ်ရှိသောကြောင့် တရုတ်သည် ယူကရိန်းပဋိပက္ခအပြီး သတ်စေရန် အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍမှ ပါဝင်နိုင်စွမ်းရှိနေသည်။

ပူတင်သည် ယူရေးရှား (Eurasia)ကို မတည်မငြိမ်ဖြစ်အောင်လုပ်နေသည်၊ အနောက်အင်အားကြီးနိုင်ငံများကို စည်းလုံးညီညွတ်အောင်လုပ်နေသည်၊ ကမ္ဘာစီးပွားရေးကိုစိုးရိမ်စရာဖြစ်အောင်လုပ်နေသည်၊ မည်သည့်နိုင်ငံမှ ခံနိုင်ရည်မရှိသည့် အားလုံးပျက်သုဉ်းမည့်ပဋိပက္ခကို အစပြုနေပုံရှိသည် စသည်တို့ကြောင့် တရုတ်သည် ယူကရိန်းပဋိပက္ခအဆုံးသတ်စေမည့်ရလဒ်ရရှိရန် အကြောင်းပြချက်အများအပြားရှိထားသည်ဟုဆိုရမည်။

ပူတင်အပေါ်ရှီ၏ သြဇာရှိမှုကို တိုင်းတာရန် ခက်ခဲသည်ဆိုသော်လည်း ရှီ၏စကားကအခြားသူများ၏ စကားထက်ပိုကြီးကျယ်ပါလိမ့်မည်။ ယူကရိန်းပဋိပက္ခ၏ အဓိပ္ပာယ်မဲ့မှု၊ အန္တရာယ်တို့ကို ရှီကပြောကောင်းပြောနိုင်သည်။ သိက္ခာဆယ်သည့် နည်းလမ်းပင် ပါဝင်လာနိုင်သည်။ ယူကရိန်းရှိအငြင်းပွားနယ်မြေများကို ရုရှားအားဆက်လက် ထိန်းထားခွင့်ပြုသည့်နည်းပင် ပါဝင်လာနိုင်သည်။

အဆိုပါနည်းလမ်းအလုပ်ဖြစ်ရေးအတွက် ယူကရိန်းသားများကိုလည်း နားချရမည့်အနေအထားရှိသည်။ သို့ရာတွင် တရုတ်၌ နည်းလမ်းအချို့ရှိကောင်းရှိနိုင်သည်။ တရုတ်သည် ပြည်တွင်းဖွံ့ဖြိုးမှုဆိုင်ရာပိုလွန်မှုများ၏ အကျိုးဆက်အဖြစ် တည်ဆောက်ရေးကဏ္ဍတွင် ကောင်းစွာအသုံးမပြုရသေး သောစွမ်းရည်အများအပြားကို လတ်တလောတွင် ပိုင်ဆိုင်ထားသည်။

ရုရှားကြောင့် လတ်တလော ပျက်စီးနေသော မြို့များကို ပြန်လည်တည်ဆောက်ရန် တရုတ်က ဆောက်လုပ်ရေး လုပ်သားအုပ်စုကို ယူကရိန်းထံ စေလွှတ်ပေးမည်ဟု ကမ်းလှမ်းမည်လော။ တရုတ်သည် လူနေအိမ်ရာ အများအပြားကို လျင်မြန်စွာတည်ဆောက်ရာတွင် ကျွမ်းကျင်သည်။ ယင်းအစီအစဉ်က တရုတ်၏ ပြည်တွင်း စွမ်းရည်ပိုလျှံပြဿနာများကိုလည်း ကူညီဖြေရှင်းပေးရာရောက်ပါလိမ့်မည်။

အဆိုပါကမ်းလှမ်းချက်ကို ယူကရိန်းအစိုးရက ငြင်းဆန်နိုင်ပါသလား။ မည်သူ့မှာ ပိုကောင်းသော နည်းလမ်းရှိသေးလဲဆိုသည့် အခြားပြဿနာတစ်ခုရှိလာနိုင်ပါသည်။

မဟာဗျူဟာနှင့်ပတ်သက်၍ ခေါင်းမာသူအများစုနှင့် အရှိကိုအရှိအတိုင်း လက်ခံသူအများစုက ဤနည်းလမ်းသည် စိတ်ကူးယဉ်ဆန်ဆန် ပေါက်ကရနည်းဟု ထင်မြင်ကြမည်မှာမုချပင်။ ထိုလူများ မှန်ကောင်းမှန်နိုင်သည်။ ယူကရိန်းအရေးတွင် ကြိုတင်ဆွေးနွေးထားသည့် ကျေအေးရေးကိစ္စကို တစ်ဦးတစ်ယောက်က ဦးဆောင်ခြင်းမပြုပါက ယူကရိန်းပဋိပက္ခ မည်သို့မည်ပုံအဆုံးသတ်မည်ကိုမြင်ရရန် ခက်ခဲသည်။

တရုတ်ကလည်းယခုလို နိုင်ငံတကာအခန်းကဏ္ဍတွင် ပါဝင်ရန် စဉ်းစားရခက်သည်။ ရှီကတရုတ်ပြည် သူ့သမ္မတနိုင်ငံကို သြဇာကြီးမားသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် အသိအမှတ်ပြုခံစေချင်၊ အလေးစားခံ စေလိုပါလျှင် ဆိုခဲ့ပါနည်းမှာ ယူကရိန်းအရေး၌ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးဖြစ်ပါသည်။

ကုန်ကုန်ပြောရလျှင် ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်တို့က ဥရောပပြန်လည်ထူထောင်ရေးအတွက် မာရှယ်စီမံကိန်းချ၍ ဆောင်ရွက်ပေးခဲ့သည့်အနေအထားနှင့် လုံးဝတူညီနေသည်။ အမေရိကန်ကဥရောပ ပြန်လည်ထူထောင်ရေးကိုဆောင်ရွက်ပေးခဲ့သဖြင့် အမေရိကန်သည် ဒုတိယကမ္ဘာစစ်အလွန် နှစ်၅၀ လောက်အထိ သြဇာကြီးမားခဲ့သည်။

အပြုသဘောဆောင်သော တရုတ်ခေါင်းဆောင်ပိုင်းသည် အတော်လေးအားနည်းလာသောပါ၀ါအပျော့အတွက် ထူးထူးခြားခြားကိစ္စများကို လုပ်ကောင်းလုပ်ပြလာနိုင်ပြီး တရုတ်သွင်ပြင်လက္ခဏာများနှင့် ဆိုရှယ်လစ်ဝါဒဟုအမည်ပေး၍ လုပ်ကောင်းလုပ်ဖွယ်ရှိသည်။ သြစတြေးလျနှင့် ဆက်ဆံရေးကိုလည်း ပိုကောင်းသည့်အနေအထားဖြစ်အောင် လုပ်လာနိုင်ပါသည်။ ထို့ကြောင့် ယူကရိန်းအရေးကို ဝင်ရောက်ဆောင်ရွက်ခြင်းဖြင့် တရုတ်သည် ရှုပ်ထွေးနေသော ကမ္ဘာကို ကယ်တင်နိုင်မလားဆိုသည်မှာ စိတ်ဝင်တစားစောင့်ကြည့်ရမည့် ကိစ္စဖြစ်နေပါတော့သည်။

Ref:CNA

Most Read

Most Recent