လစာငွေလျှော့မယူခဲ့သူများကို လူသိရှင်ကြား ဝေဖန်ခဲ့သည့် အသင်းဥက္ကဋ္ဌလာပေါ်တာအပေါ် ဘာစီလိုနာကစားသမားများ မကျေမနပ်ဖြစ်နေ

လစာငွေလျှော့မယူခဲ့သူများကို လူသိရှင်ကြား ဝေဖန်ခဲ့သည့် အသင်းဥက္ကဋ္ဌလာပေါ်တာအပေါ် ဘာစီလိုနာကစားသမားများ မကျေမနပ်ဖြစ်နေ
Photo: Getty Images
Photo: Getty Images
Published 12 October 2022

 

လစာငွေလျှော့မယူခဲ့သူများကို လူသိရှင်ကြား ဝေဖန်ခဲ့သည့် အသင်းဥက္ကဋ္ဌ လာပေါ်တာအပေါ် ဘာစီလိုနာကစားသမားများ မကျေမနပ်ဖြစ်နေပြီး ဒေါသထွက်နေကြောင်း သိရသည်။ 

ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်များ အချိန်မီစာရင်းသွင်းရန်အတွက် အသင်းရှိ ကစားသမားအချို့ကို လစာငွေလျှော့ချယူရန် အသင်းမှ ကမ်းလှမ်းခဲ့သော်လည်း ငြင်းဆန်ခံခဲ့ရခြင်း ဖြစ်သည်။ နောက်ခံလူသစ် ခွန်ဒဲအား စာရင်းသွင်းနိုင်ရန်အတွက် ကစားသမားအချို့သည် လစာငွေလျှော့ချရယူခြင်း မရှိသည့်အပေါ် လာပေါ်တာက စိတ်ပျက်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ 

"ကစားသမားတွေကို ကျွန်တော်တို့  ကြိုးစားခဲ့ကြပါတယ်။ အဲဒါဟာ မဖြစ်လာရုံသာမက ပေါင် ၈ သန်း အာမခံချက်ရဖို့လည်း လွဲချော်ခဲ့ပါတယ်။ ကစားသမားတချို့သာ လစာငွေလျှော့ချယူခဲ့ရင် ဒီအာမခံချက်အတွက် အခုလိုမျိုး လုပ်စရာမလိုခဲ့ပါ ဘူး။ အားကစားစိတ်ဓာတ်နဲ့အတူ ကျွန်တော်တို့ မဖြစ်မနေလက်ခံခဲ့ရပါတယ်"ဟု လာပေါ် တာက ပြောကြားခဲ့သည်။ 

လာပေါ်တာသည်   ယင်းလိုငွေအား အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Sixth Street Partners သို့ အနာဂတ် ရုပ်သံမူပိုင်ခွင့်၏ ၁၀ ရာခိုင်နှုန်းကို ပေါင် ၁၇၆ သန်းဖြင့် ရောင်းချကာ ဖြေရှင်းခဲ့ရ ကြောင်း သိရသည်။ ကစားသမားများသည် အင်တာမီလန်နှင့် ချန်ပီယံလိဂ်ပွဲ၊ ရီးယဲလ်မက်ဒရစ်နှင့် EL Clasico ပွဲ ကစားရန်ရှိသည့် အရေးကြီးသော ရက်သတ္တပတ်တွင် လာပေါ် တာ၏မှတ်ချက်စကားကြောင့် စိတ်ဆိုးဒေါသထွက်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းသည် နွေရာသီကာလတွင် ခွန်ဒဲ၊ ရာဖင်ညာ၊ လီဝန်ဒေါစကီး၊ ကက်ဆီး၊ ခရစ္စတန်ဆင်၊ ဘယ်လာရင်၊ မားကို့စ်အလွန်ဆိုစသည့် ထိပ်တန်းကစားသမားများကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ပီကေး၊ ဖရန်ကီဒီယွန်း၊ အယ်လ်ဘာစသည့် ကစားသမား များမှာ လစာငွေလျှော့ယူသည့်စာရင်းတွင် ပါဝင်ခဲ့ပြီး အသင်း၏ဘဏ္ဍာရေးအကျပ်အတည်းကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးခဲ့သည်။ လစာငွေလျှော့မယူသည့်သူများကို စပိန်သတင်းများတွင် ဖော်ပြမထားကြောင်း သိရသည်။

Most Read

Most Recent