ဒီရာသီ သူက နာပိုလီအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေတယ်။ ၀ါရင့်တိုက်စစ်မှူး မာတင်စ်အသင်းက ထွက်သွားတဲ့နောက် ရက်စ်ပါဒိုရီက သွင်းဂိုးတွေအတွက် ပခုံးပြောင်းတာဝန်ယူထားတယ်။ အိုဆင်မန်လို ကြယ်ပွင့်တိုက်စစ်မှူးရှိပေမဲ့ သူက ပွဲထွက်ခွင့်အတွက် နေရာတစ်နေရာကို အပိုင်စားရယူနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုးတွေ ဆောင်ကျဉ်းပေးနေတယ်။ သူ့အတွက် တကယ်ကို ကျေနပ်စရာရာသီသစ်အဖြစ် စတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူက ဒီရာသီပြိုင်ပွဲစုံမှာ (၄)ဂိုးသွင်းထားတယ်။ နာပိုလီနည်းပြ စပယ်လက်တီက "သူ့(ရက်စ်ပါဒိုရီ) ကို ခေါ်ယူနိုင်ခဲ့တာ တကယ်ကို ကျေနပ်စရာပါ။ သူက သွင်းဂိုးတွေအတွက် အမြဲတမ်း အစဉ်သင့်ရှိနေတတ်တယ်။ သူ့အနေနဲ့ ဒီထက်အများကြီးတိုးတက်လာဦးမယ်လို့လည်း ကျွန်တော်ထင်မြင်မိပါတယ်။ အသင်းအနေနဲ့ သူ့ကို အပြီးသတ်ခေါ်ယူနိုင်လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်"လို့ ရက်စ်ပါဒိုရီနဲ့ပတ်သက်ပြီး ဖွင့်ဟခဲ့တယ်။
နေပယ်မြို့က အီတာလျံကြယ်ပွင့်အသစ် (သို့မဟုတ်) ရက်စ်ပါဒိုရီ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















