နာပိုလီ - အေဂျက်စ် (ဗုဒ္ဓဟူးည ၁၁း၁၅ နာရီ)
နာပိုလီက အကောင်းဆုံး ပုံစံကို ပြသနေတယ်။ အေဂျက်စ် လို ဥရောပထိပ်တန်းအသင်းတစ်သင်းကို အဝေးကွင်းမှာ ဂိုးမိုး ရွာခဲ့သလို လီဗာပူးလ်လို ဥရောပရဲ့အကောင်းဆုံးစာရင်းဝင်အ သင်းတစ်သင်းကိုလည်း အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲ ယူထားပါ တယ်။ အသင်းရဲ့ ခြေစွမ်းနဲ့ ယုံကြည်မှုက အမြင့်ဆုံးအခြေအနေ ကို ရောက်ရှိနေတယ်။ အခုဒီပွဲမှာလည်း သရေဆိုရင်တောင် နာပို လီ နောက်တစ်ဆင့်တက်ပါပြီ။ အေးအေးဆေးဆေးကစားပြီး နာ ပိုလီ ဂိုးမပြတ်တဲ့ နိုင်ပွဲယူလိမ့်မယ်။
အက်သလက်တီကို - ကလပ်ဘရုဂေး (ဗုဒ္ဓဟူးည ၁၁း၁၅ နာရီ)
အက်သလက်တီကိုအသင်းက ဒီအုပ်စုမှာ အခြားပြိုင် ဘက်နှစ်သင်းနဲ့ အတူ (၃)မှတ်ပဲ ရထားပြီး ဘရုဂေးအသင်းက တော့ လွတ်လွတ်ကျွတ်ကျွတ် (၉)မှတ်ရထားတယ်။ နောက် တစ်ဆင့်တက်ဖို့လည်း အခြေအနေကောင်းနေပါပြီ။ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာတုန်းကလည်း အက်သလက်တီကိုအသင်း ကို ခြေစွမ်းပြ အနိုင်ယူခဲ့တယ်။ အခု ဒီပွဲကတော့ အက်သလက် တီကိုအတွက် အမှတ်လိုအပ်ချက်က ပိုကြီးမားနေလို့ အက်သ လက်တီကို မဖြစ်မနေအနိုင်ကစားလိမ့်မယ်။
ရိန်းဂျားစ် - လီဗာပူးလ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ရိန်းဂျားစ်က ပြည်တွင်းလိဂ်မှာ ရလဒ်တွေကောင်းနေ ပေမဲ့ သူတို့အသင်းရဲ့ ဥရောပအဆင့်ခြေစွမ်းကတော့ သိသိ သာသာကို လိုအပ်ချက် ကြီးမားနေပါတယ်။ လီဗာပူးလ်က ဒီ ပွဲမှာ မနိုင်လို့ မရဘူး။ ဒီပွဲပြီးရင် ပွဲကျပ်နှစ်ပွဲကို ကစားရမှာ ဖြစ်တယ်။ လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းမှာတုန်းက အနည်း ဆုံး ဂိုးဒါဇင်ဝက်လောက် ရသင့်တဲ့ပွဲ ဖြစ်ခဲ့တယ်။ ဒီပွဲကလည်း အဝေးကွင်းဆိုပေမဲ့ လီဗာပူးလ်နိုင်ဖို့ မခက်ပါဘူး။ လီဗာပူးလ် ကိုပဲ ကြိုက်တယ်။
လေဗာကူဆင် - ပေါ်တို (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ပေါ်တိုအသင်းက ပြီးခဲ့တဲ့ပွဲတုန်းက လေဗာကူဆင် အ သင်းကို အိမ်ကွင်းမှာ အနိုင်ရခဲ့ပြီး ဒီပွဲမှာတော့ လေဗာကူဆင် မြေမှာ နိုင်ပွဲပြန်ရှာဖို့ ကြိုးစားရမှာဖြစ်တယ်။ လေဗာကူဆင်က နည်းပြသစ်အလွန်ဆိုနဲ့ အဖွင့်ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဒီ ပွဲမှာလည်း နိုင်ပွဲရှာဖို့ အရေးကြီးနေပါတယ်။ လေဗာကူဆင် ကို ကြိုက်တယ်။
ဘာစီလိုနာ - အင်တာမီလန် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
အင်တာမီလန်အသင်းရဲ့ ဆန်ဆီရိုကွင်းမှာတုန်းက ဘာစီလိုနာအသင်းက ခြေစွမ်းပိုင်း အသာစီးရခဲ့ပေမဲ့ ရှုံးပွဲတွေ့ခဲ့တယ်။ ဒမ်ဘီလီ၊ ရာဖင်ညာတို့ အားနည်းခဲ့ပြီး လီဝန်ဒေါစကီးလည်း ရုန်းကန်ခဲ့ရတယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှားတွေလည်း ရှိခဲ့တယ်။ အခု ဒီပွဲကတော့ ဘာစီလိုနာအတွက်အမှားမခံတဲ့ ပွဲဖြစ်ပြီး သရေသာကျခဲ့ရင် ဘာစီလိုနာအတွက် နောက်တစ်ဆင့် တက်ရေးက တော်တော်လေးခက်ခဲသွားလိမ့်မယ်။ ပထမအကျော့ အဝေးကွင်းက ခြေစွမ်းအတိုင်းပဲ မြင်ရမှာဖြစ်ပြီး ဘာစီလို နာကပဲ ပွဲကို လွှမ်းမိုးထားမှာပါ။ ဘာစီလိုနာကစားသမားတွေ ပုံမှန်အောက်ရောက်ခဲ့တာကို ဒီပွဲမှာပြင်ဆင်နိုင်ရင် ဘာစီလိုနာ နိုင်ပွဲ ပြန်ယူနိုင်ပါလိမ့်မယ်။ ဘာစီလိုနာကို ကြိုက်တယ်။
ပယ်လ်ဇန် - ဘိုင်ယန်မြူးနစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ပယ်လ်ဇန်အသင်းအတွက် ဘိုင်ယန်မြူးနစ်ကို ယှဉ်ကစား ဖို့က မဖြစ်နိုင်ဘူး။ အိမ်ကွင်းမှာ ကစားရတာဖြစ်လို့ အတတ်နိုင် ဆုံး ဂိုးပြတ်မရှုံးအောင်ပဲ ကြိုးစားရလိမ့်မယ်။ ဘိုင်ယန်မြူးနစ် ခံစစ်ကို ကျော်ဖြတ်ဖို့ မလွယ်သလို ဘိုင်ယန်မြူးနစ်တိုက်စစ် ကိုလည်း ထိန်းချုပ်နိုင်ဖို့ မရှိဘူး။ ဘိုင်ယန်ပဲ ရာနှုန်းပြည့် နိုင်ပွဲ ဆက်ပါဦးမယ်။
စပါး - ဖရန့်ဖတ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ဒီအုပ်စုက ဘယ်သူတက်မလဲဆိုတာ မှန်းရခက်ပြီး အမှား မခံဘူး။ စပါးနဲ့ ဖရန့်ဖတ်ကလည်း (၄)မှတ်စီတူနေတယ်။ အခု အိမ်ကွင်းပွဲမှာသာ စပါးအနိုင်ရမရခဲ့ရင် စိုးရိမ်စရာပါ။ လက်ကျန် နှစ်ပွဲကလည်း မာဆေးလ်နဲ့ စပို့တင်းတို့ ဖြစ်လို့ စပါးခက်တယ်။ ဒီပွဲက အမှားခံလို့မရတဲ့ပွဲဖြစ်ပြီး ပထမအကျော့ကလို ဖြုန်းတီး တာတွေ မများရင် စပါးနိုင်မှာပါ။
စပို့တင်းလစ္စဘွန်း - မာဆေးလ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ပြီးခဲ့တဲ့ ပွဲတုန်းက မာဆေးလ်က စပို့တင်းလစ္စွဘွန်းကို အိမ်ကွင်းမှာ ခြေစွမ်းပြပြီး ဂိုးပြတ်အနိုင်ကစားခဲ့တယ်။ အံ့သြ စရာရလဒ်လည်းဖြစ်တယ်။ စပို့တင်းလစ္စဘွန်းက အုပ်စုကိုဦး ဆောင်နေဆဲပါ။ ဒါပေမဲ့ ပထမအကျော့ခြေအရဆိုရင် မာဆေးလ် ကို အိမ်ကွင်းမှာလည်း အနိုင်ရမယ်လို့ သေချာပေါက်ပြောလို့မ ရဘူး။ သရေကျဖို့ များတယ်။















