လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန်သုံးသန်းနီးပါး ဆီချနေပြီး စက်သုံးဆီဂါလန်ခြောက်သန်းကျော် တင်ဆောင်လာသည့် သင်္ဘောများ ထပ်မံဆိုက်ကပ်ကာ ဆီချမည်ဖြစ်သဖြင့် စက်သုံးဆီလက်ကျန်အခြေအနေအရ ဖူလုံမှုရှိကြောင်း ထုတ်ပြန်

လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန်သုံးသန်းနီးပါး ဆီချနေပြီး စက်သုံးဆီဂါလန်ခြောက်သန်းကျော် တင်ဆောင်လာသည့် သင်္ဘောများ ထပ်မံဆိုက်ကပ်ကာ ဆီချမည်ဖြစ်သဖြင့် စက်သုံးဆီလက်ကျန်အခြေအနေအရ ဖူလုံမှုရှိကြောင်း ထုတ်ပြန်
သီလဝါရှိ ဆိပ်ကမ်းတစ်ခု၌ ဆီချုလုပ်ငန်းဆောင်ရွက်နေသည့်သင်္ဘောကို တွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
သီလဝါရှိ ဆိပ်ကမ်းတစ်ခု၌ ဆီချုလုပ်ငန်းဆောင်ရွက်နေသည့်သင်္ဘောကို တွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 11 October 2022

လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန်သုံးသန်းနီးပါး ဆီချနေကာ စက်သုံးဆီဂါလန်ခြောက်သန်းကျော် တင်ဆောင်လာသည့် သင်္ဘောများ ထပ်မံဆိုက်ကပ်ပြီး ဆီချလုပ်ငန်းဆောင်ရွက်မည်ဖြစ်သဖြင့် စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီအမျိုးအစားအလိုက် ပုံမှန်စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT YU DONG သင်္ဘောမှ ဓာတ်ဆီ 92 Ron သုည ဒသမ ၀၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၈၀ ဂါလန်သန်းကိုလည်းကောင်း၊ MT Bowmore သင်္ဘောမှ ဓာတ်ဆီ 92 Ron သုည ဒသမ ၁၄ ဂါလန်သန်းကိုလည်းကောင်း၊ ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၉ ဂါလန်သန်း တင်ဆောင်လာသည့် MT Aulac Vision သင်္ဘောနှင့် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၈၆ ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Yi သင်္ဘောများသည်လည်း ထပ်မံဆိုက်ကပ်လာပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း ထုတ်ပြန်ထားသည်။

ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီစျေးနှုန်းများသည် ကမ္ဘာ့စက်သုံးဆီစျေးနှုန်း မြင့်တက်လာမှုကြောင့် အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်း စင်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီအမျိုးအစားအလိုက် ပုံမှန်စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၃ ရက်တွင် သီလဝါဆိပ်ကမ်းရှိ Terminal တွင် MT YU HAI သင်္ဘောမှ ဓာတ်ဆီ 92 Ron ဂါလံ ၁ ဒသမ ၈၇ သန်းနှင့် ပရီမီယံဒီဇယ်ဂါလံ ၃ ဒသမ ၁၈ သန်း ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ ဓာတ်ဆီနှင့်ဒီဇယ်စုစုပေါင်းဂါလံ ၅ ဒ သမ ၀၅ သန်း ထပ်မံရောက်ရှိခဲ့သဖြင့် စက်သုံးဆီလက်ကျန် အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၈ တွင် သီလဝါဆိပ်ကမ်းသို့ ဓာတ်ဆီနှင့်ဒီဇယ် စုစုပေါင်းဂါလံ ရှစ်သန်းကျော်ထပ်မံရောက်ရှိ၍ ပြည်တွင်း၌ စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်က ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၈၀၀၊ အောက်တိန်း 92 တစ်လီတာလျှင်၂၀၂၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၀၈၀ ကျပ်ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်က ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၆၀၊ အောက်တိန်း 92 တစ်လီတာလျှင်၂၀၄၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၁၁၅ ကျပ်ရှိခဲ့သည်။

စက်တင်ဘာ ၂၄ ရက်က ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၆၄၅၊ အောက်တိန်း 92 တစ်လီတာလျှင်၂၁၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၂၂၅ ကျပ်ရှိခဲ့သည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းစျေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ငွေလဲနှုန်းကို ပုံသေထား၍ စင်ကာပူနိုင်ငံမှ နေ့စဉ်ထုတ်ပြန်သော MOPS စျေးနှုန်း၊ Preminum၊ အလျော့တွက်၊ အမြတ်ရာခိုင်နှုန်း၊ သယ်ယူစရိတ် (Transport Charges) တို့ကို အခြေခံကာ တွက်ချက်ထုတ်ပြန်ပေးခြင်းဖြစ်သည်။

လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းနှင့်ပူးပေါင်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များ၏ မြို့နယ်များအလိုက် စက်သုံးဆီလိုအပ်ချက်များအတွက် စက်သုံးဆီလက်ကျန်အပေါ်မူတည်၍ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိသည်။